10.

5.3K 662 187
                                    

[ Zawgyi ]

- 9:15 -

" ကိုကို!! "

ဒါနဲ့ဆို သူ အော်ခေါ်နေတာ ဘယ်နှစ်ကြိမ်မြောက်ဖြစ်နေပြီလဲပဲ..
အိပ်ရာပေါ်က မထချင်ပါဘူးဆို ကိုကိုက ဘယ်ရောက်နေပြန်ပြီလဲမသိဘူး..
နေကောင်းချင်သေးတာမဟုတ်လို့ ဒီနေ့ အလုပ်မသွား‌သေးနဲ့ဦးလို့လည်း ညက သေသေချာချာမှာထားတာကို..

" ကိုကိုရေ! "

မထချင် ထချင်နဲ့ သူ့မှာ တစ်ခန်းဝင်လိုက်..တစ်ခါ အော်ခေါ်လိုက်..

" ကိုကို ရှိ‌နေလား "

ပြန်ထွက်သွားလိုက် .. နောက်တစ်ခန်းဝင်လိုက်နဲ့..
လမ်းကမလျှောက်ချင်တော့ လူက အိပဲ့အိပဲ့..
ကောင်းကောင်းမနိုးသေးတော့ အပျင်းတစ်‌ ‌ကောင်‌လေးမှာ ဇက်ကလေးပုလို့..

အိမ်ထဲမှာ ရှောင်းကျန့်ရှိမနေတာ သေချာတဲ့အခါ ရိပေါ်က ထမင်းစားပွဲဆီသွားတယ်..
တစ်နေရာရာသွားတယ်ဆိုရင်တောင် သူ့အတွက် မနက်စာမပြင်ဘဲ ထားခဲ့မှာမဟုတ်တာ သေချာနေတာကိုး...

သူ့ကို မပြောဘဲ ထားခဲ့တယ်ဆိုတဲ့စိတ်နဲ့ အိပ်မှုန်စုံမွှားကောင်လေးရဲ့ နှုတ်ခမ်းကြီးက ပိုပိုထော်လာလို့...
အစ်နေတဲ့မျက်ခွံဖောင်းဖောင်းတွေကလည်း ခုထိ မပွင့်တပွင့်ဖြစ်နေလို့...

ထမင်းစားပွဲဆီက အုပ်စောင်းကိုလှပ်ကြည့်တော့ ဖက်ထုပ်အိုးကပ်ကြော်နဲ့ နွားနို့ကိုတွေ့ရတယ်..
ဘေးနားမှာက sticky note နဲ့ ချန်ထားခဲ့တဲ့စာလေးရှိနေရဲ့...

/ မနက်စာထားထားခဲ့တယ်.. ပြီးတော့ ကိုယ်စိတ်ဆိုးနေတယ်.. မနက်စာစားပြီးရင် အိမ်ပြန်တော့.. ကိုယ်တို့ သုံးရက်လောက် မဆက်သွယ်ဘဲနေရအောင် /

အား.. ဘာကြီးလဲ...!

အိပ်ရာထကာစမို့ ထိုးထိုးထောင်ထောင်ဖြစ်ချင်နေတဲ့ဆံစတွေကို သူ စိတ်ရှိလက်ရှိ ဆွဲဖွလိုက်တယ်..
တောင့်တင်းနေတဲ့ ခါးကြောကိုပါဆန့်ရင်းကပေါ့..

ကောက်တော့လည်း လိုက်ချော့ရတော့မှာပဲ..
သူ့ဘာသာသူ အလည်လွန်နေရင် ဆက်သွယ်ဖို့မေ့နေတတ်ပေမဲ့ ကိုကိုက အဲ့လိုပြောထားတဲ့အသိနဲ့ဆို နည်းနည်းလေးမှ နေလို့ထိုင်လို့ကောင်းတာမဟုတ်ဘူး...

Flirting PlaylistWhere stories live. Discover now