9.

4.4K 622 213
                                    

[ Zawgyi ]

- 9:00 -

သုံးကွက်ပဲ..။
သုံးကွက်ပဲလို့ ရိပေါ်ပြောခဲ့ပါတယ်...။

ဆုံးရှုံးရပြီလားဆိုတဲ့စိတ်ထည့်ပေးတယ်..
ဆုံးရှုံးဖို့အတွက် အသင့်ပြင်ထားတဲ့အချိန်မှ အခြေအနေကိုပြောင်းပြန်လှန်တယ်..
နောက်ထပ်အဆုံးရှုံးမခံနိုင်မှုကို သေချာစေတယ်..
ကွက်တိ သုံးကွက်ပဲ....။

သူ့လက်ဖဝါးပေါ်ကို ယုန်ညိုလုံးလေးတစ်ကောင် ခုန်တက်လာခဲ့တော့တာပါပဲ...။

ကျပျောက်ပြီထင်တဲ့ဟန်းဖုန်းလေး...
မမျှော်လင့်ဘဲ ပြန်လည်ပိုင်ဆိုင်ရတဲ့အခါ ဘာဆက်ဖြစ်မလဲ...
အဲ့ဒီသဘောတရားကို ဝမ်ရိပေါ်က ကိုကိုလူရိုး‌‌လေးဆီ ပါးပါးလေးပစ်ပေးခဲ့ရုံပါ...။

ပဲရစ်စ်မြို့တော်ရဲ့ အပြန်လမ်းခရီးမှာ ချစ်ခြင်းတွေနဲ့ ယုန်ညိုလေးကို သူ့ ရင်ခွင်ထဲတင်းတင်းကျပ်ကျပ်ထွေးပိုက်ခဲ့လို့....။

-

-

-

- 9:05 -

အမြဲတမ်းမင်းဘက်မှာ ရှိနေပေးမယ် ဆိုတဲ့ ကတိလေးတည်လာတာ အခုဆို နှစ်ပေါက်လာတဲ့အထိဖြစ်ခဲ့ပြီပဲ..
ရိပေါ်နဲ့အတူတူ သူ ရှိလာခဲ့တာ သုံးနှစ်ဆိုတဲ့သက်တမ်းကာလထဲကိုဝင်နေခဲ့ပြီ။

မေတ္တာငတ်နေတဲ့ ကလေးလေးဖြစ်မယ်ဆိုတဲ့ ကရုဏာသက်မှုက စတည်လိုက်ခြင်းပါပဲ..
ဘဝနှစ်ခုနီးကပ်လာကြတဲ့အခါ ရုန်းမထွက်နိုင်တော့တာက ရှောင်းကျန့်ကိုယ်တိုင်ပဲဖြစ်လာခဲ့တယ်။

ဒီကောင်လေး မျက်နှာများတာကို သူနားလည်ပေးနိုင်တာမဟုတ်ဘူး..
ပွေလှရှုပ်လှချည်ရဲ့ဆိုပြီး ငြိုငြင်မိမှ သူ့ကိုထားသွားမှာ စိုးတဲ့စိတ်က ပိုအားကောင်းနေခဲ့တာ..

အထပ်ထပ်အခါခါသေချာခြင်းတွေကို ဘယ်လို‌ကြောင့်မှပုံအပျက်မခံနိုင်တော့တာ သူ့အတ္တလေးဖြစ်လာခဲ့တယ်..
နိုင်ငံရပ်ခြားမှာရှိနေကြတဲ့ မိဘတွေဆီအထိ ကလေးလေးတစ်ယောက်ကောက်ရထားတဲ့အကြောင်း အသိပေးထားပြီးတဲ့ သူ့ဘက်ကသေချာခြင်းတွေပေါ့..

သူ ယုံကြည်ထားပါတယ်..။
ဝမ်းနည်းမှုမှာ gender မရှိ..၊ ခံစားချက်က အသက်ရွယ်မကန့်သတ်ထားဘူးဆိုတဲ့အခြင်းအရာတွေ..။

Flirting PlaylistOnde histórias criam vida. Descubra agora