- Epilogue . U -

7.7K 585 146
                                    

ရှင်းအာကြောင့် ရန်ဖြစ်ခဲ့တဲ့နေ့ကို ကိုကိုမှတ်မိသေးလား .. ရှင်းအာက အဲ့ကောင်တွေနောက် ပါမှာလဲမဟုတ်ဘဲနဲ့လို့ပြောခဲ့တဲ့စကားထဲမှာ ရှင်းအာကို ကျွန်တော်လိုချင်တဲ့စိတ်မပါဘူးနော်. လုံးဝ လုံးဝပဲ.. ကျွန်တော် အဲ့ကောင်တွေကိုနိုင်တယ်လို့ ဂုဏ်ယူချင်ရုံသက်သက်ပဲ ကိုကိုရာ.. ကိုကိုလဲသိတယ်မလား ကျွန်တော့်အကြောင်းကို.. တကယ်မလိုချင်လို့လဲ နောက်နေ့ကျတော့ အဆက်သွယ်ဖြတ်ဖို့ ကျွန်တော်စာတန်းပို့ခဲ့တာ အဲ့ဒီတစ်ယောက်ဆီကို.. ကိုကို ယုံပေးဗျာ.. နော် --

သူ .. ရိပေါ်ကို ပြန်တွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးထင်တယ်..
သူ အဲ့ဒီကောင်လေးကို အားနာလွန်းလို့..၊ မျက်နှာပူလွန်းလို့...၊ မတွေ့နိုင်လောက်ဘူးထင်တယ်..

ဒီလောက်ထိ ထွက်ဖို့လွယ်တဲ့ စကားလံုးတွေအသံကို လွန်ခဲ့တဲ့တစ်နှစ်‌အဲ့ဒီနေ့အဲ့ဒီ‌ရက်တွေတုန်းက ဘာလို့ အဲ့သည်လောက် ခက်ခဲခဲ့ရတာလဲလို့ မကျေနပ်စိတ်တွေနဲ့ ရှောင်းကျန့်မှာ သူ့ကိုယ်သူသာ အပြစ်တင်ရတယ်..

ဆေးရုံမှာတုန်းက မျက်နှာငယ်လေးနဲ့ သူ့ကိုလိုက်ကြည့်နေခဲ့တဲ့ကောင်လေးကို မင်းအမှားမဟုတ်ပါဘူးလို့ ဆံပင်တွေကိုပွတ်သပ်ပေးရင်း ပြောပြချင်မိခဲ့တဲ့စကားလံုးတွေ..
စိတ်ကစေနေပေမဲ့ ဘယ်လိုမှ တိုးထွက်လို့ကိုမရခဲ့တဲ့ စကားအသံတွေ...

ကိုယ့်ကိုယ်ကိုယ် အလိုမကျစိတ်တွေပြင်းထန်ရင်း..
ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့ ဝမ်းနည်းစိတ်တွေ ကြီးစိုးရင်း...
သူ.. ရိပေါ်ကို လွှတ်ချမိခဲ့တဲ့ နေ့ရက်တွေ....

ဒါတွေကို ပြန်တွေးမိတိုင်း ရှောင်းကျန့်မှာ အဲ့ဒီကောင်လေးကို ပုန်းရှောင်ချင်လာရတယ်...။

-

-

-

နောက်နေ့ကျ ကိုကို့ကို လာကြိုမယ်ပြောပြီးမှ ရှင်းအာနဲ့ပါသွားတာလေ .. အဲ့ဒီနေ့က ကျွန်တော် အဆက်သွယ်မလုပ်ဖို့ စာပို့ပြီးနောက်မှာပဲ သူ့ကို နောက်ဆုံးလာတွေ့ပေးပါလို့ ရှင်းအာက ပြောခဲ့တာ .. ကိစ္စတစ်ခုမြန်မြန်ပြီးပြတ်အောင်ဆိုပြီး သွားခဲ့လိုက်မိတာပါ သိလား ..

Flirting PlaylistWhere stories live. Discover now