2

5.7K 426 43
                                    

Taehyungကဓာတ်ပုံရိုက်တာဝါသနာပါတာမို့....ကင်မရာတစ်လုံးကိုင်ကာဟန်မြစ်နားလှည့်ပတ်ဓာတ်ပုံရိုက်နေသည်။အမေဖြစ်တဲ့Jhopeကိုလည်းသွားကြိုရင်းပေါ့။

"မောင်လေး...."

ခေါ်သံကြားပေမယ့်ကိုယ်ကမောင်လေးမှမဟုတ်တာလှည့်ကြည့်စရာမလိုကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေလိုက်သည်။

"မောင်လေး"

ထပ်မံခေါ်သံကြားပေမယ့်လည်းကိုယ့်အလုပ်မှမဟုတ်တာ....ကင်မရာကိုပင့်ကာဟန်မြစ်ကိုZoomဆွဲရိုက်လိုက်သည်။ဟန်မြစ်ကမ်းဘေးမှာညနေခင်းမို့အနားယူနေကြတဲ့အတွဲတွေကအများကြီး။လူကြီးလူငယ်မရွေးထိုင်ပြ၏အနားယူနေကြသည်။ကိုရီးယားရဲ့အလှပဆုံးရှုခင်းလို.....လူတစ်ချို့ကလည်းကိုယ့်ဖုန်းကိုယ်ထုတ်ကာ selfieဆွဲနေကြသည်။selcaလည်းဟုတ်တယ်ပေါ့......

"မောင်လေး"

ထပ်ခေါ်တဲ့အသံကြားတော့သည်းမခံနိုင်တေည့ပဲလှည့်ကြည့်လိုက်သည်။ကောင်မလေးတစ်ယောက်အတော်လှသည်။

"ဟိုလေ...ဓာတ်ပုံရိုက်ပေးလို့ရမလား"

"ကျနော်ကဓာတ်ပုံဆရာမဟုတ်ဘူးဗျ"

Taeကောင်းကောင်းပြောရင်းငြင်းဆန်လိုက်သည်။ကောင်မလေးကခေါင်းလေးငုံ့ကာ

"အာ...ဆောရီးပါနော်"

"ရပါတယ်....ရိုက်ချင်ရိုက်ပေးမယ်လေ..."

"ကျမကဓာတ်ပုံလိုချင်တာ"

"ကိုယ်ထုတ်ပေးမယ်လေ....တစ်ရက်ပြန်ချိန်းပြီးဓာတ်ပုံပြန်ပေးမယ်"

"အာကျေးဇူးပါ"

ကောင်မလေးကပြောရင်းဦးညွှတ်တော့Taeကမလိုကြောင်းလက်နဲ့ကာရင်းတားသည်။

ဓာတ်ပုံရိုက်ပေးတာကPortraitနဲ့ရိုက်ပေးတာမို့ကောင်မလေးရဲ့အလှကပိုပေါ်လွင်နေသည်။နမည်လေးသိလိုက်ရတယHarinတဲ့....တကယ်ချစ်ဖို့ကောင်းတယ်။

"ကျေးဇူးပါ...အမဖုန်းနံပါတ်"

ကောင်မလေးကဖုန်းနံပါတ်လေးထိုးပေးကာထွက်သွားသည်။Taeလည်းပြုံးနေမိသည်။ကောင်မလေးကသူကြိုက်တဲ့Typeမျိုးပွင့်လင်းသည်။ဖော်ရွေသည်။လှသည်။ချစ်ဖို့ကောင်းသည်။ဟန်ဆောင်မှုမရှိ...တစ်ခုပဲTaeကသူ့ထက်အသက်ကြီးတဲ့သူမကြိုက်။

SWEET ARJISHI (Complete)Where stories live. Discover now