4

4.7K 441 102
                                    

Yoongiတစ်ယောက်Jinခေါ်ရာတစ်ဖြည်းဖြည်းလိုက်လာခဲ့သည်။အူကြောင်ကြောင်နှင့်လက်ပါသွားမိသည်။

"ဟဲ့အမ....နေပါဦး။နင်အခုဘယ်သွားနေတာလဲ....မိတ်ကပ်ပြင်ဖို့ဆိုခဏနေဦး....ငါလက်ထပ်ရမဲ့$ခွက်ကြီးမတွေ့ရသေးဘူး.....ဘယ်သူဘယ်ဝါမှန်းမသိ....လင်ယူရတာကံစမ်းမဲနှိုက်ရတာကျနေတာပဲ"

Jinလည်းသူ့ဘက်လှည့်ကာ...

"နေပါဦး....လှလှပပပြင်ပြီးမှသွားတွေ့.....နင်လက်ထပ်ရမဲ့သူကအရမ်းချောတာနော်....နင်ကချောနေမှသူကနင့်ကိုကြိုက်မှာပေါ့"

"အရူးမို့လား....ကြိုက်တော့ဘာလုပ်ရမှာလဲ"

"ကြိုက်တော့ဘာလုပ်မလဲဆိုတာ....ကုတင်ပေါ်ရောက်ရင်သိလိုက်မယ်"

Jinရဲ့ခပ်ရွဲ့ရွဲ့အဖြေကYoongiကိုလန့်သွားစေသည်။

"မသာမ...မိန်းကလေးမို့သာပဲ....စောက်ရမ်းရိုင်းတာ"

........

"သား....ပွဲစတော့မယ်...သွားရအောင်"

Jhopeပြောတော့Taehyungမျက်နှာဆူပုတ်ကာ

"နေပါဦးလက်ထပ်ရမဲ့ကောင်ကဘယ်မှာလဲ....အခုထိမျက်နှာကိုမတွေ့ရသေးဘူး"

"ခန်းမထဲရောက်ရင်သိမှာပဲကို"

"ရုပ်ဆိုးနေဘယ်လိုလုပ်မလဲ"

"ရုပ်ချောတယ်ဆိုတာတော့အာမခံတယ်"

Taeလည်းဆက်ပြောမနေတော့ပဲJhopeနောက်အသာတကြည်လိုက်သွားသည်။စိတ်ထဲမှာတော့သူလက်ထပ်ရမဲ့သူကဘယ်လိုပုံလဲပုံဖော်ရင်းပေါ့.....

မင်္ဂလာခန်းမထဲရောက်တော့Taehyungကဖာသာရှေ့မှာစောင့်နေသည်။သူစောင့်မျှော်နေတဲ့သူရောက်လာတော့ကြည့်လိုက်မိသည်။ဖြူလွလွအသားအရေနှင့်တစ်ချက်မပြုံးသောမျက်နှာ.....နှုတ်ခမ်းသေးသေးလေး....ပါးဖောင်းဖောင်းလေးနှင့်....မျက်တောင်စိတ်စိတ်တို့လည်းရှိသည်။အကောင်ခပ်သေးသေးနှင့်ခါးသိမ်သိမ်လဲရှိသည်။သူ့ခြေထောက်ကိုခဲဆွဲထားသလိုဖာသာရှေ့လျှောက်လာသည်။သူ့ကြည့်ရတာလက်ထပ်ပွဲကိုမကြိုက်ပုံပေါ်တယ်ဟုTaeခံစားမိလိုကိသည်။ဖခင်မရှိတာကြောင့်အမကတွဲခေါ်လာသည်။သူ့အမေပြောတဲ့အတိုင်းဆိုသူမကJinဖြစ်နိုင်သည်။လမ်းလျှောက်တဲ့ပုံကိုကမော်ဒယ်လိုလိုမယ်တော်လိုလိုနဲ့.....မျက်စိကိုနောက်နေတာပဲ...ဒီကြားထဲပဲကများသေး....သူ့မောင်တိုတဲဲပီးခေါ်လာတာများမသိရင်သူကပဲသတို့သမီးလို......Taeလည်းဆက်မကြည့်ရဲတာကြောင့်အကြည့်လွှဲလိုက်သည်။သူ့အကြည့်လွှဲကာမှလက်ခုပ်လက်ဝါးတီးရင်းခုန်ခုန်ပြီးအားပေးနေတဲ့အမေဖြစ်သူကြောင့်မျက်နှာဘယ်မှာထားရမလဲမသိ......

SWEET ARJISHI (Complete)Where stories live. Discover now