14

4.7K 396 1
                                    

Taeတစ်ယောက်ကင်မရာတစ်လုံးကိုင်ကာဟန်မြစ်ကိုရောက်လာပြန်သည်။ကင်မရာနဲ့ပတ်ဝန်းကျင်ကိုဓာတ်ပုံရိုက်နေသည်။ရုတ်တရက်မြင်ကွင်းထဲရောက်လာတဲ့အဖြူရောင်ဝတ်စုံနဲ့ကောင်လေးကြောင့်အပြေးသွားလိုက်သည်။ထိုမြင်ကွင်းထဲကကောင်လေးကဟန်မြစ်ကကောင်လေးဆိုတာသေချာသည်။

"ကောင်လေး"

ခေါ်သံကြောင့်ထိုကောင်လေးကသူ့ကိုလှည့်ကြည့်သည်။သို့ပေမယ့်ပြေးထွက်သွားသည်။သူ့ကိုဘာကြောင့်မြင်တာနဲ့ထွက်​ပြေးသွားတာလဲစဥ်းစားလို့မရ.....ဒါပေမယ့်ဘာလို့ရင်းနှီးတယ်လို့ခံစားနေရတာပါလိမ့်.....သူလက်မလျှော့နိုင်ဒီတစ်ကြိမ်မြင်တာနောက်ဆုံးဖြစ်နိုင်တာမို့အနောက်ကဆက်လိုက်နေသည်။

"ကောင်လေး......မပြေးနဲ့လေ။ငါ့ကိုသိလို့လား"

"ကောင်လေး....နေပါဦး"

"မင်းကိုရှာနေရတာအရမ်းကြာနေပြီ....ရပ်ပါတော့"

ထိုကောင်လေးကြည့်ရတာအားကုန်သုံးကာပြေးနေသည်။နောက်တော့လမ်းထောင်းချိုးထဲဝင်သွားသည်။ထို့နောက်မျက်ခြေပျက်သွားသည်။

"ဟာကွာ...သေလိုက်ပါတော့"

Taeမကျေမနပ်ပြောရင်းဆောင့်အောင့်နေသည်။စိတ်ထဲငိုတောင်ငိုချင်လာသည်။ထိုကောင်လေးကသူ့ကိုမြင်တာနဲ့ပြေးတာဆိုတော့သူ့ကိုသိတဲ့သူပဲဖစ်နိုင်တာမို့သူငယ်ချင်းတွေများလားဟုတွေးနေမိသည်။

"📱📱📱📱"

Taeဖုန်းကိုင်လိုက်ပေမယ့်ဒေါသထွက်နေတာကြောင့်လေသံမာနေသည်။

"ဘာလဲပြော"

Taeမေးတော့တစ်ဖက်ကအသံလေးတိမ်ဝင်ကာ

"အကိုကျနော်ပါ.....ကျနော်နဲ့ဆိုင်ထိုင်ဖို့လာခဲ့ပါလား။ဒီညအတူသောက်ရအောင်"

Taeလည်းစိတ်တိုနေတာအပြင်စိတ်ညစ်နေတာကြောင့်ငြင်းလိုက်မှာတော့မဟုတ်.....

➖➖➖➖➖➖➖➖➖➖➖➖➖➖

Yoongiတစ်ယောက်အိမ်ကိုအမောတကောပြန်လာသည်။Taeကိုစချင်တာကြောင့်သာသွားခြင်းဖြစ်သည်။သူ့ဘဝမှာဒီလောက်မပြေးဖူး.....Taeကိုပြန်လာရင်အမှန်တိုင်းပြောပြဖို့လည်းတွေးမိလိုက်သည်။Taeကြည့်ရတာအရမ်းစိတ်ညစ်နေပြီလေ.....သူပြောပြလို့သူ့ကိုလိမ်လို့မုန်းသွားမှာတောင်စိုးရိမ်မိသွားသည်။ဒါပေမယ့်လည်းအမှန်တရားကတနေ့သိမှာမို့ပြောပြလိုက်ဖို့တွေးထားလိုက်သည်။

SWEET ARJISHI (Complete)Where stories live. Discover now