9

4.1K 391 36
                                    

Yoongi.....အိမ်မှာTaeကိုစောင့်နေမိသည်။ညစာစားမို့ပေါ့.....
(သင်တို့တွေးနေတဲ့ညစာမဟုတ်ပါ🌚)

လက်ထပ်ပြီးပြီဆိုတော့....သူငယ်ချင်းတိုင်းနေတာအကောင်းဆုံးပေါ့.....ည10နာရီရှိပြီTaeကပြန်မလာသေး....သူအကြာကြီးစောင့်နေမိသည်။အမှန်တိုင်းပြောရရင်Taeကြိုက်နေတဲ့သူကသူကိုယ်တိုင်ဖြစ်နေတာသိတော့ရင်ခုန်မိသွားတာအမှန်.....ကံကြမ္မာကကြိုတင်ဖန်ဆင်းပေးထားသလိုခံစားလိုက်မိသည်။

"Arjishiဘာလုပ်နေတာလဲ"

အတွေးလွန်နေတုန်းခေါ်သံလေးကြောင့်ခေါင်းမော့ကြည့်ကာ

"မင်းကိုညစာစားဖို့စောင့်နေတာလေ....ဘယ်အချိန်ရှိပြီလဲ.....ဒီချိန်မှပြန်လာရလား"

Taeကိုဆူနေပေမယ့်Taeကပြုံးကာသူ့ဘေးဝင်ထိုင်သည်။

"Arjishiကျနော်ဒီနေ့အရမ်းပျော်တယ်...သိလား...ဟန်မြစ်ကကောင်လေးကိုတွေ့ပြီ"

"ဟမ်....တကယ်လား..."

Taeပျော်လွန်းလို့ပျော်နေပေမယ့်Yoongiမျက်နှာကပျော်မနေခဲ့ပါ။

"အင်း...အဲ့ကောင်လေးကဟိုတစ်ခါပြောပြတဲ့Harinဆိုတဲ့အမရဲ့မောင်လေးတဲ့....ကံကောင်းလိုက်တာ"

"ဟုတ်လား....အဲ့တာဆိုငါမင်းကိုကွာရှင်းပေးရမှာပေါ့"

Yoongiခေါင်းလေးငုံ့ကာပြောတော့

"နေပါဦးarjishiရယ်။အဲ့ပုံကသူဟုတ်လားမဟုတ်လားအတည်ပြုဦးမယ်။ကျနော့်ကိုအရမ်းကွာရှင်းချင်နေတာပဲ....."

Taeလည်းစနောက်သလိုပြောရင်းYoongiပါးကိုဆွဲညစ်လိုက်သည်။

"ဖယ်.....မင်းလည်းမချစ်တဲ့အိမ်ထောင်ရေးကိုရခဲ့တာပဲ....မချစ်တဲ့သူနဲ့တစ်ရက်အတူနေတာလဲနာကျင်တာပဲလေ"

Yoongiပြောတော့Taeလည်းရီကာ

"ဒါပေမယ့်arjishiနဲ့အတူနေတာမနာကျင်ပါဘူး....Arjishiကကိုယ့်ဘာသာအေးဆေးနေတဲ့သူလေ....ကျနော်သဘောကျပါတယ်"

"ထားလိုက်တော့စားရအောင်"

Yoongiပြောရင်းသူ့ရှေ့ပန်ကန်ချပေးတော့Taeကလက်ကာကာ

"ကျနော်ပြောဖို့မေ့နေလို့.....ကျနော်အပြင်မှာစားခဲ့တယ်။ဗိုက်အင့်နေပြီ"

SWEET ARJISHI (Complete)Tempat cerita menjadi hidup. Temukan sekarang