17

5.2K 404 42
                                    

"Arjishi"

Taeအိမ်ကိုအပြေးပြန်လာရင်းအော်နေတာကြောင့်Yoongiကုတင်ပေါ်ကခေါင်းထောင်ကာကြည့်လိုက်သည်။Taehyungကအခန်းထဲတန်းဝင်လာကာသူ့ကိုကြည့်ရင်း

"ဟန်မြစ်ကကောင်လေးကArjishiလား"

Yoongiလည်းTaehyungအမေးကြောင့်ခေါင်းလေးတဆက်ဆက်ငြိမ့်ပြကာ

"အင်း....ငါတောင်းပန်ပါတယ်လိမ်ခဲ့မိလို့"

"ရတယ်မလိုဘူး.....သိရတာပဲကျေးဇူးတင်ပါတယ််"

Taeကသူ့ကိုပြေးဖက်ကာလည်တိုင်ကိုနမ်းနေသည်။Yoongiမနေတတ်ပေမယ့်Taeကိုပြန်သိုင်းဖက်ထားသည်။

"ထူးဆန်းလိုက်တာArjishiရယ်။ဖူးစာကရှာစရာမလိုတာကျနော်နားလည်ပြီ.....အဝေးကြီးမှာမဟုတ်ပဲနီးနီးကပ်ကပ်ရှိနေတာပဲ.....ကျနော်ကအရူးပဲ....ချစ်တယ်Arjishi"

Yoongiကသူ့ကိုတွန်းဖယ်ကာ

"ဟန်မြစ်ကကောင်လေးမို့ချစ်တယ်ပြောတာမလား"

"မဟုတ်ဘူး...Arjishiပေါ်ခံစားချက်ရှိနေတာကြာပြီ...ကျနော်မသိခဲ့တာ"

Taeပြောတော့Yoongiကခေါင်းလေးခါကာ

"ငါမယုံဘူး"

Taeလည်းပြုံးပြရင်းဆူပုတ်နေတဲ့Yoongiပါးပြင်ကိုရွှတ်ခနဲနမ်းလိုက်သည်။မေးဖျားလေးကိုထပ်မံနမ်းလိုက်သည်။ရှက်နေတဲ့Yoongiကအကြည့်တို့လွှဲထားသည်။

"ဘာလုပ်တာလဲ"

"ဘယ်လောက်ချစ်လဲဆိုတာသက်သေပြတာ"

"နမ်းတာနဲ့ဘာဆိုင်လို့လဲ....ဟွန့်"

သူ့ကိုနှုတ်ခမ်းဆူကာတစ်ဖက်ကိုလှည့်သွားတဲ့Arjishiကြောင့်Taehyungပျော်ပြီလေ...Taeတစ်ယောက်မေးဖျားလေးကဆွဲကာသူ့ဘက်လှည့်စေလိုက်ပြီး

"ကျနော့်အနမ်းတွေကအချစ်သက်သေပါပဲ"

Yoongiကသူ့ကိုမျက်စောင်းထိုးရင်း....

"ငါ့ရှေ့မှာဘယ်နှစ်ယောက်ကိုပြောခဲ့လဲ"

"တစ်ယောက်"

"ဘာ"

"ဟုတ်တယ်။ဟန်မြစ်ကကောင်လေးကို.....ပြီးတော့အခုArjishiကို"

Yoongiဘာမှဆက်မပြောနိုင်။စကားတတ်လွန်းတဲ့Taeကသူ့ကိုချုပ်ကိုင်လိုက်ပြီလေ....သူလဲအစထဲကစိတ်ယိုင်နေတာမို့ဝန်မခံရဲသေးပေမယ့်.....ခေါင်းလေးတော့ငြိမ့်ပြကာအကြည့်တော့လွှဲထားသည်။Taeလည်းသူ့ကိုကြည့်ရင်းသိမယ်ဆိုတာသူနားလည်ပါတယ်။

SWEET ARJISHI (Complete)Where stories live. Discover now