6

4.5K 406 35
                                    

Yoongiမျက်လုံးတို့ဖြေးဖြေးချင်းပွင့်ကာနိုးလာသည်။Taeကသူ့ဘေးမှာအိပ်နေသည်။Yoongiလည်းTaeကိုတစ်ချက်စောင်းငှဲ့ကြည့်ကာ....

"ဒီလောက်ချောတာ.....မင်းကိုကြိုက်တဲ့သူတွေများမှာပဲ"

Yoongiပြောပြီးတာနဲ့ပြုံးနေမိသည်။နောက်မှတဖန်

"ငါကျတော့မချောဘူး....အသက်လည်းကြီးပြီ"

Yoongiပြောရင်းမျက်နှာလေးမှိုင်ကျသွားသည်။

"အင်း......"

အပျင်းကြောဆန့်ရင်းနိုးလာတဲ့Taeကြောင့်ချက်ချင်းကုတင်ပေါ်ကဆင်းကာရေချိုးခန်းထဲဝင်သွားသည်။

......

Taeနိုးတော့ဘေးမှာArjishiရှိမနေ....ဘယ်များသွားလဲလိုက်ရှာနေပေမယ့်မတွေ့....တစ်အိမ်လုံးပတ်ရှာပြီးမှရေချိုးခန်းထဲကရေသံကြားမှစိတ်အေးရသည်။တော်ကြာပျောက်သွားမှဖြင့်.....

"Arjishiရေချိုးနေတာလား"

"အေး"

"Arjishiဒီနေ့ဘာလုပ်ကြမလဲ"

"ငါစာဖတ်မှာ.....ဘာမှမလုပ်ဘူး"

ခပ်ပြတ်ပြတ်ပြောရင်းရေချိုးခန်းထဲကထွက်လာသည်။ထူးဆန်းစွာအဝတ်အစားတွေဝတ်လာသည်။Taeလည်းသိလိုက်ပါပြီ......ဒီလူကအရှက်ကြီးတယ်ဆိုတာ။

"ဘာလို့အကျီဝတ်လာတာလဲ"

"ဝတ်ချင်လို့ဝတ်တာ....မင်းအပူမပါဘူး"

"Arjishiအရင်ကရည်းစားရှိဖူးလား.....ကြိုက်တဲ့သူတောင်ရှိမဲ့ပုံမပေါ်ဘူး"

"ဘာ...."

မျက်စောင်းဒိုင်းခနဲရောက်လာတဲ့အပြင်သူ့ကိုစိုက်ကြည့်နေသည်။Taeထပ်သိလိုက်သည်။ဒီလူကရည်းစားတောင်မထားခဲ့ဖူးတဲ့သူဆိုတာ.....

"စတာပါ....Arjishiရယ်"

"လာမနောက်နဲ့ငါပြောစရာရှိတယ်"

"ဘာလဲပြောလေ"

"ထိုင်ပြီးပြောရအောင်"

ပြောပြီးတာနဲ့အခန်းထဲကကွန်ပျူတာရှေ့မှာသူကထိုင်လိုက်သည်။Taeကတော့ခုံတစ်လုံးထပ်ယူကာသူ့ဘေးဝင်ထိုင်သည်။

"ငါတို့ကလက်ထပ်ပြီးပြီဆိုပေမယ့်....တစ်ယောက်နဲ့တစ်ယောက်ချစ်လို့မဟုတ်ဘူး....မင်းမှာရည်းစားရှိလား....ဒါမှမဟုတ်ကြိုက်တဲ့သူ....တကယ်လို့ရှိတယ်ဆိုရင်ငါတို့အိမ်ထောင်ရေးကိုရပ်တန့်အောင်ငါကူညီမယ်။ဘာလို့လဲဆိုတော့အတင်းအကြပ်လက်ထပ်ခံရတဲ့အိမ်ထောင်ရေးကိုမင်းလဲကြိုက်မှာမဟုတ်သလိုငါလည်းမကြိုက်ဘူး....အမှန်တိုင်းဖြေကြိုက်တဲ့သူရှိလား.....ရည်းစားရှိလား"

SWEET ARJISHI (Complete)Tahanan ng mga kuwento. Tumuklas ngayon