13

4.4K 416 62
                                    

Taeအိပ်ယာနိုးတော့ဘေးမှာအိပ်နေသူကြောင့်အကြည့်ကသူ့ဆီရောက်သွားသည်။လှသည်။ယောက်ကျားဆိုတာထက်ပိုသည်။မိန်းမတစ်ယောက်လို.....လှသည်။Taeသတိလက်လွတ်ဖြစ်သွားကာYoongiပါးဖောင်းဖောင်းတို့ကိုလက်နဲ့တို့ထိလိုက်သည်။နူးညံတဲ့အထိအတွေ့ကြောင့်နမ်းချင်စရာ.....ဆန္ဒနဲ့အညီYoongiပါးပြင်အားနွေးထွေးစေလိုက်သည်။နို့သင်းနံခပ်သင်းသင်းရသည်။Arjishiကကလေးပဲရှိသေးတယ်ဟုတောင်တွေးမိလိုက်သည်။နှုတ်ခမ်းဖူးဖူးကြောင့်အသိစိတ်မဲ့စွာထပ်မံနမ်းရှိုက်လိုက်သည်။

"အင်း....ယောင်းငယ်"

Taeလန့်သွားသည်။သေချာကြည့်တော့Yoongiကမျက်လုံးမဖွင့်ပဲယောင်နေခြင်းဖြစ်သည်။Taeရီမိလိုက်သည်။ဒီလူကအရမ်းချစ်ဖို့ကောင်းသည်။

"ပြွတ်"

Taeနှုတ်ခမ်းကိုအသံမြည်အောင်စုပ်ယူလိုက်တော့လှုပ်လာသည်။

"အား....ဘာလုပ်တာလဲ"

သူ့ကိုတွန်းဖယ်ကာပြောတဲ့Yoongiကြောင့်Taeလည်းရှက်ပြုံးလေးရီကာ

"နှုတ်ခမ်းလေးအရမ်းလှလို့"

"မသာကောင်"

သူ့ကိုဆဲရင်းရဲနေတဲ့ပါးနှစ်ဖက်ကရှက်နေတာကိုသက်သေပြနေပြန်သည်။

"ကဲပါ.....မစတော့ပါဘူး"

Taeပြောပြီးကုတင်ပေါ်ကဆင်းသွားသည်။Taeမရှိတော့မှသူ့နှုတ်ခမ်းကိုအုပ်ကိုင်ကာ

*ဟွန့်.....ငါအိပ်နေတုန်းလူဆိုးကြီး*

➖➖➖➖➖➖➖➖➖➖➖➖➖➖

"ကိုကို့ကိုချစ်တယ်အရမ်း"

"သဲကိုလဲချစ်ပြီးသား"

Jinနဲ့Jhopeတို့ဆိုင်ထိုင်နေရင်းမျက်စိဆံပင်မွှေးဆူးနေကြသည်။normal coupleကိုသူတို့ခံစားလို့မရ.....

"အစစ်မကလည်းအတင်းဖက်တွယ်နေတာတောက်တဲ့လိုပဲ"

Jinကမဲ့ရွဲ့ပြောတော့jhopeကပါထောက်ခံသလိုရီကာ

"ဟုတ်ပါ့ဟယ်....အစစ်မမျက်ခွက်ကလည်းukeတွေရဲ့ခြေထောက်လောက်တောင်မလှဘူး....."

"ဒီကောင်လေးကနှမြောစရာပဲ.....semeဖြစ်နိုင်တဲ့ရုပ်ကို...စိန်နဲ့ငံပြာရည်ထပ်တော့ဘယ်မြတ်မလဲ...စိန်စိန်ချင်းထပ်မှမြတ်မှာပေါ့"

SWEET ARJISHI (Complete)Where stories live. Discover now