12

4.4K 416 19
                                    

Taeအိမ်ပြန်လာတော့နည်းနည်းသောက်လာသည်။ယောက်ကျားလေးမို့သောက်တာမထူးဆန်းပေမယ့်.....အနည်းငယ်တော့မူးနေပြီ

"Arjishi...."

Taehyungအော်ခေါ်တော့Yoongiအိမ်ထဲကထွက်လာသည်။မူးနေတဲ့Taeကိုတွေ့တော့စိတ်တိုသွားသည်။သူကမရက်သောက်တာမကြိုက်။ဒါပေမယ့်အနည်းငယ်ယိုင်ထိုးနေတဲ့Taeကိုထိန်းကာအိမ်ထဲခေါ်လာခဲ့သည်။

"မင်းကဘာလို့သောက်ရတာလဲ.....Haliကဟန်မြစ်ကကောင်လေးမဟုတ်ဘူးလား"

Yoongiပြောရင်းTaeကိုကုတင်ပေါ်လှဲရင်းပြောတော့Taeကခေါင်းခါကာ

"သူကဟန်မြစ်ကကောင်လေးမဟုတ်ဘူး......ကောင်လေးကိုချစ်တယ်"

"ကောင်လေးတဲ့လား....ဟက်...ပေါက်ကရခေါ်တယ်။မင်းထက်အသက်ကြီးရင်ရော"

"ကြီးလဲချစ်တယ်။ကောင်လေးကိုပဲချစ်တယ်"

Taeကသူ့လက်ကိုယောင်ယမ်းကာကိုင်ရင်းပြောတဲ့Taeကြောင့်Yoongiပြုံးကာ

*ကလေးလေးကျနေတာပဲ....ငါသာလွှမ်းမိုးလို့ရရင်ချုပ်နှောင်ထားမှာ....ဒါပေမယ့်ငါကအသက်ကြီးနေပေမယ့်Ukeဖြစ်နေတယ်။မင်းကိုမလွှမ်းမိုးနိုင်ဘူး*

အတွေးတွေကပျော်စရာပေမယ့်Taeကရုတ်တရက်ထအန်သည်။

"Taeရရဲ့လား"

Yoongiတစ်ယောက်Taeကိုထိန်းကိုင်ကာရေချိုးခန်းထဲလိုက်ပို့လိုက်ရသည်။အန်နေတာလူမြင်မကောင်း......Yoongiလည်းပေကျံနေတာကြောင့်Taeရေချိုးဖို့လိုမှန်းသိလိုက်သည်။ဒါပေမယ့်သူမချိုးပေးရဲ.....သူလဲလူထဲကလူပဲ..အသွေးအသားဆိုတာရှိတယ်။ရှက်တဲ့စိတ်လည်းရှိတယ်....ဘာလုပ်ပေးရမှန်းမသိ

"Tae...ရေချိုးလိုက်"

"ဖယ်....အိပ်မှာ"

Yoongiကိုတွန်းဖယ်ကာကုတင်ပေါ်သွားဖို့လုပ်နေတာကြောင့်Yoongiအတင်းဆွဲထားရသည်။သူ့ခန္ဓာကိုယ်မှာအန်ဖက်တွေနဲ့ဘယ်လိုအိပ်ခိုင်းလို့ရမှာလဲ.....သူ့ကြည့်တော့လည်းယိုင်ထိုးနေပြီ.....Yoongiလည်းသက်ပြင်းလေးချကာရေချိုးပေးဖို့လုပ်ရသည်။

Taeကိုရေဘားအောက်ထိန်းကိုင်ကာမျက်စိမှိတ်ထားရသည်။ခန္ဓာကိုယ်ကိုပွတ်သပ်ချိုးပေးနေပေမယ့်အကြည့်တော့လွှဲထားသည်။တစ်ဖက်ကိုမျက်နှာလွှဲထားသည်။ခန္ဓာကိုယ်ကအဖုအထစ်တို့ကိုစမ်းမိတော့စိတ်ကမရိုးမရွဖြစ်လာသည်။အမြန်ဆုံးချိုးပေးကာသူ့ကိုဘေင်းဘီတိုတစ်ထည်နှင့်အကျီပါးတစ်ထည်ဝတ်ပေးလိုက်သည်။ဘောင်းဘီဝတ်ရင်းမြင်သွားပေမယ့်မမြင်ချင်ယောင်ဆောင်ကာအမြန်ဝတ်ပေးလိုက်ရသည်။အကုန်လုပ်ပေးပြီးတော့လူလဲဂျုံးဂျုံးကျရော.......သူ့ခန္ဓာကိုယ်ကိုထိန်းခဲ့ရတာအတော်ကြာတော့သူ့လက်တွေအားမရှိတော့။သူလဲပင်ပန်းစွာဘေးမှာဝင်လှဲရင်းအိပ်ဖို့လုပ်လိုက်သည်။ဒါမဲ့Taeဆီကအသံကြားနေရသည်။

SWEET ARJISHI (Complete)Where stories live. Discover now