ခိုးလာတာ

4.8K 498 47
                                    

ရှင်းရှင်း ရေချိုးအဝတ်လဲပြီး ပြန်ထွက်လာတာတောင် လုချောင်ကျိုးက ရှိနေတုန်းဖြစ်သည်။ ရှောင်ဖေးက ညစာစားနေပြီဖြစ်ပြီး လုချောင်ကျိုးက ဆိုဖာမှာ ထိုင်နေတာဖြစ်သည်။

သူမ လုချောင်ကျိုးရှေ့မှာ သွားထိုင်လိုက်သည်။
“ပြောစရာရှိလို့လား”

“အင်း. မနက်ဖြန်သွားစရာရှိတယ်. မင်း လိုက်ရမယ်”

“အင်း”

“ကောင်းပြီ။ ဒါဆို ကိုယ်ပြန်လိုက်ဦးမယ်နော်”

“ကောင်းကောင်းပြန်ပါ”

လုချောင်ကျိုး ပြန်သွားတော့ ရှင်းရှင်း ဝရန်တာကနေ သူ့ကားလေးထွက်သွားတာကို ကြည့်နေမိသည်။ ပြီးတော့ သူမမျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာလေသည်။

*****

မနက်ရောက်တော့ လုချောင်ကျိုးက သူ့ကားနဲ့လာခေါ်လေသည်။ ရှင်းရှင်းလည်း သူ့ကားပေါ်တက်လိုက်သည်။ ရှောင်ဖေးကိုတော့ လုကျန်းချန်လာခေါ်သွားလေသည်။ အခုတလော ရှောင်ဖေးနဲ့ လုကျန်းချန်တို့ ပြန်အဆင်ပြေနေကြသည်။

ရှောင်ဖေးက မူလကိုယ်ရဲ့မှတ်ဥာဏ်တွေကို လက်ခံလိုက်တယ်လေ။ ရလဒ်အနေနဲ့ကတော့ နောက်တစ်ကမ္ဘာကျရင် သူမရဲ့မစ်ရှင်တွေက ပိုခက်လာမယ်ဆိုလားပဲ။ ဘာဆိုင်လို့လဲလို့ မေးလိုက်တော့ *ကျွန်တော်က မမမောင်လေးလေ. ဒါကြောင့် မမကပဲ အနစ်နာခံပေးလိုက်ပါလား* တဲ့။

တော်တော်ကို အားကိုးရတဲ့ စီစတမ်စုတ်ပါပင်…

ဒီလိုနဲ့ လမ်းတစ်လျှောက်လုံး ရှင်းရှင်း အတွေးတွေနဲ့ပဲ ပတ်ချာလည်နေပြီး ကားက ဘယ်လမ်းက သွားနေလဲဆိုတာကိုတောင် သူမသတိမထားမိပေ။ လုချောင်ကျိုးကလည်း သူမ ဘာမှမမေးသဖြင့် ဘာမှမပြောပေ။

နှစ်နာရီလောက် ကားမောင်းလာပြီးတော့ နောက်ဆုံး ကားက ခြံတစ်ခြံထဲသို့ ဝင်သွားသည်။ ပြောရရင် စံအိမ်တစ်ခု ဆိုလည်း မမှားပေ။

ရှင်းရှင်းကတော့ ကားစီးရင်း တွေးရင်းနဲ့ အိပ်ပျော်နေတာကြာပြီဖြစ်သည်။ လုချောင်ကျိုးက သူမကို မနိုးစေပဲ အသာအယာမကာ သူ့အိပ်ခန်းထဲသို့ ချီမသွားသည်။ လုချောင်ကျိုး ရှင်းရှင်းကို သူ့အိပ်ရာထဲ ချော့သိပ်ကာ အောက်ထပ်သို့  ပြန်ဆင်းလာတော့ သူ့မိဘတွေကို တွေ့လိုက်ရသည်။

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now