4.1

1.2K 144 8
                                    

ဇာတ်လိုက်ကို လုယူမယ် - 4

အခန်း - ၁

ရှင်းရှင်းပြန်နှိုးလာတဲ့အချိန်ကျတော့ systemထဲ ပြန်ရောက်နေသည်။

/hello host/

/အမ်..ရှောင်ဖေး နင်လည်း ပြန်ရောက်နေတာလား?/

/ဟုတ်တယ်. ကျွန်တော် မနေ့ညက အိပ်ရာထဲအေးအေးလေးနဲ့ အိပ်နေတာပါ။ မနက်မိုးလင်းမျက်လုံးဖွင့်လိုက်တော့ systemပြန်ဖြစ်နေတာ။ host က ဘယ်လိုပြန်ရောက်လာတာလဲ?/

/ငါ ကားအက်ဆီးဒင့်ဖြစ်တာ/

/ဟီး…ကျွန်တော်တို့က ကံဆုံလို့ဖြစ်မယ်နော်/

/ချီးကိုပဲ ကံဆုံနေလိုက်။ ငါ့ရဲ့ဝမ်ကျစ်တစ်ယောက် ဘယ်လိုနေမလဲမသိဘူး။ မစ်ရှင်လုပ်ပြီးလို့ ပြန်လာလို့ ငါ့အဖြစ်ကိုတွေ့ပြီး အမောဆို့မယ်ထင်တယ်/

/ပြောလို့မရဘူးလေ။ host ဒီကိုပြန်ရောက်လာတယ်ဆိုတော့ ဝမ်ကျစ်ကောလည်း လိုက်လာမယ်ထင်တယ်။ သူက hostကို အရမ်းချစ်တာကို/

/လွဲပါစေ ဖယ်ပါစေဟဲ့. ဖွ ဖွ။ သူက မစ်ရှင်သွားလုပ်တာလေဟယ်။ နင်ပြောလို့ မတော် တစ်ခုခုဖြစ်နေမှ ဒုက္ခပဲ. သောက်ကလေးရှောင်ဖေးရဲ့/

/ဟွန့်..ဒီက သူတို့အချစ်အကြောင်း စကားအဖြစ်ပြောတာကို/

/ရပြီ. မစ်ရှင်ကမ္ဘာသွားမယ်။ မစ်ရှင်မြန်မြန်ပြီးရင် မြန်မြန်ပြန်ရမယ်။ မတော် ငါ ကိုမာဝင်နေတုန်း ငါ့ဝမ်ကျစ်လေးကို သူများ မ သွားမှဖြင့်/

ရှင်းရှင်းစကားကို ရှောင်ဖေး မျက်စောင်းဖြင့်သာ တုံ့ပြန်လိုက်သည်။

နောက်ဝင်ရမယ့် ကမ္ဘာရဲ့ဇာတ်လမ်းက ရှေးဘုရင်ခေတ်ပါ။

အဓိကမင်းသား - လီကျုံးမင် (အိမ်ရှေ့စံမင်းသား၊ လက်ရှိစစ်သူကြီးရဲ့တူတော်)ျ
ဇာတ်လိုက်မင်းသမီး - လင်းမျန်မျန်း (အမတ်ချုပ်ကြီးရဲ့သမီးတော်)
ဗီလိန် - လီကျစ်မင် (ဒုတိယမင်းသား၊ ဒုစစ်သူကြီး)
host ဝင်ရမယ့်ကိုယ် - ဟန်ရှင်းရှင်း (ပညာရေးအမတ်ကြီးရဲ့သမီးတော်၊ လင်းမျန်မျန်းရဲ့ဝမ်းကွဲအစ်မ)

ဇာတ်လိုက်နဲ့ဇာတ်လိုက်မက ငယ်ငယ်ကတည်းက စေ့စပ်ထားတာပါ။ ဒါပေမဲ့ ဇာတ်လိုက်မက ကြီးလာတဲ့အချိန်မှာ ဒုတိယမင်းသားဖြစ်တဲ့ လီကျစ်မင်နဲ့ချစ်ကြိုးသွယ်မိသွားပြီး ကလေးမမွေးနိုင်တဲ့ရောဂါရှိတယ်လို့ လိမ်ညာပြီး စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့ပါတယ်။ *ဘုရင်ကဘာလို့ လွယ်လွယ်လက်ခံလဲဆိုတာကတော့ စာရေးသူစီစဉ်ထားလို့ပါ*

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now