3.3

2.3K 252 0
                                    

ချီဖန်းရဲ့ တာဝန်က ဒီကမ္ဘာရဲ့ဇာတ်လိုက်ကို လုယူဖို့ဖြစ်သည်။ ဒါကြောင့် သူမ ထျန်းရွှိုက်ရဲ့အာရုံစိုက်မှုကို ရရှိမှဖြစ်မည်။ ဇာတ်ကြောင်းအရ ထျန်းရွှိုက်က မိန်းမတွေကို လွယ်လွယ်နဲ့ စိတ်ဝင်စားတတ်သူ မဟုတ်ပေ။ ဖူလင်းလျန့်က ဘယ်လိုနည်းလမ်းနဲ့ဆွဲဆောင်ခဲ့လဲ မသိပေမဲ့ ချီဖန်းရဲ့အတွေးအရဆိုရင် ကြာပန်းဖြူဟန်ဆောင်ကာ ဆွဲဆောင်ဖမ်းစားသွားတာဖြစ်လိမ့်မည်။

ဒါကြောင့် သူမက ဖူလင်းလျန့်ရဲ့ကြာပန်းထက် ပိုဖြူပြရလိမ့်မည်။

**

ပါတီပွဲပြီးလို့ ဧည့်သည်အားလုံး ပြန်သွားကြပေမဲ့ ချီဖန်းတို့ မိသားစု ကျန်ခဲ့သည်။ ချီဖန်းမိဘတွေက မတွေ့ရတာကြာလို့ ပြောစရာရှိတယ်ဆိုပြီး ချီဖန်းကိုပါ ဆွဲခေါ်ထားတာဖြစ်သည်။ ချီဖန်းကတော့ အကြောင်းအရင်းကို သိနေတာပေါ့။

“သားနဲ့သမီးတို့ကို အဖေတို့ ပြောစရာရှိတယ်။ သားတို့ကို အဖေတို့က မိဘချင်း သဘောတူထားကြတယ်”

“ရှင်?”

ထွက်လာသော အာမေဋိတ်သံက ချီဖန်းဆီမှဖြစ်သည်။ သူမ ကြိုတင်ခန့်မှန်းထားပြီးဖြစ်ပေမဲ့ သူမ အံ့သြသွားဟန်တော့ ဆောင်ရဦးပေမည်။ ထျန်းရွှိုက်ကတော့ အံ့သြသွားဟန်မပြပဲ ချီဖန်းရဲ့ အမူအရာကို စောင့်ကြည့်နေလေသည်။

“ဟုတ်တယ်သမီး။ ဖေဖေတို့က သမီးတို့ကို သဘောတူထားခဲ့ကြတာ။ ပြီးတော့ ထျန်းရွှိုက်ကလည်း လူကောင်းလေး တစ်ယောက်ပါ။ ကောင်မလေးလည်း မရှိသေးဘူး။ ဒါကြောင့် ပါးတို့က ကောင်းမယ်ထင်လို့ စီစဉ်လိုက်တာပါ”
“ဒါပေမဲ့ သမီးထင်တာ ဒီက အစ်ကို့မှာ ကောင်မလေးရှိမယ်ထင်တယ်”
သူမ ပြောလိုက်တော့ အားလုံးရဲ့အကြည့်တို့က ထျန်းရွှိုက်ဆီကို ရောက်သွားကြသည်။ ထျန်းရွှိုက်ကလည်း သူမရဲ့စကားကို အံ့သြသွားဟန်နဲ့ ပြန်ဖြေလာသည်။

“ကိုယ့်မှာ ကောင်မလေးမရှိပါဘူး။ ကိုယ့်မှာသာ ကောင်မလေးရှိရင် ဒီပွဲကို သူမကို ဖိတ်မှာပေါ့။ ပြီးတော့ မီဒီယာတွေကလည်း ကိုယ်ကောင်မလေးရနေတဲ့ အကြောင်းကို အကျယ်တဝင့်ကို ဖော်ပြလိမ့်မယ်”

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now