3.6

2K 225 3
                                    

ကျောင်းဆေးခန်းအရှေ့ရောက်တော့ ချီဖန်း မျက်နှာကို ပြန်ပြင်လိုက်ကာ ထျန်းရွှိုက်လက်ထဲကနေ ရုန်းထွက်လိုက်ပြီး ခုန်ချလိုက်သည်။ ထျန်းရွှိုက်ကတော့ နားမလည်သည့်ဟန်နဲ့ ပြန်ကြည့်နေလေသည်။

“နေမကောင်းဘူးမလား”

“ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး”

“ဒါပေမဲ့ အခုနက…”

“ဖန်းလေး!”
အနောက်ကနေလိုက်လာသည့် ကျွင်းခွိုက်ရောက်လာလေသည်။ ချီဖန်းကိုမြင်တော့ သူလည်း ခဏရပ်သွားကာ အခြေနေကို နားလည်သွားဟန်နဲ့ သူတို့ဆီ လျှောက်လာလေသည်။

“သွားကြရအောင် ဒီနေ့ အတန်းလစ်မယ်”

ကျွင်းခွိုက် ထျန်းရွှိုက်ရဲ့မျက်နှာကို လှမ်းကြည့်လိုက်တော့ ကိုယ်တော်ချောမျက်နှာက တည်တံ့နေသည်။ ဒါကြောင့် သူလည်း ချီဖန်းရဲ့အပြောကို မငြင်းလိုက်တော့ပေ။
“အင်း”

“မသွားရဘူး”
ထျန်းရွှိုက်ဆီကနေ အသံထွက်လာလေသည်။ ခြေလှမ်းလှမ်းတော့မည့် ချီဖန်း လှုပ်ရှားမှုတို့ ရပ်တန့်သွားလေသည်။

“ဘာဖြစ်လို့လဲ”
ထျန်းရွှိုက်ဆီမှ မေးခွန်းတစ်ခု ထွက်လာသည်။

“ဘာကို ဘာဖြစ်လို့လဲ ဆိုတာက?”

“ကိုယ်မေးတာ ဘာဖြစ်လို့ ကျောင်းပြေးမှာလဲလို့”

“စိတ်အခြေနေမကောင်းလို့လေ။ အပြင်မှာ လျှောက်သွားချင်တာလေးပါပဲ”

“ကိုယ်နဲ့သွားမယ်”

“ဘာ!!”
ချီဖန်းထင်လိုက်တာက ထျန်းရွှိုက်က သူမကို အတန်းမလစ်ဖို့ ဖျောင်းဖျမည်ဟု။ သို့သော် သူက အတန်းလစ်ဖို့ ခေါ်သွားဦးမယ်တဲ့။ မြင်ဖူးကြလား။ အ့လိုမျိုးလူကို…

ထျန်းရွှိုက်ကတော့ သူမအံ့သြနေတာကို မမှုပဲ ပြုံးပြကာ ပြန်ပြောလာသည်။
“သခင်လေးကျွင်းလည်း အတန်းတက်ရဦးမယ်လေ။ သူ့ကို ဒုက္ခပေးလို့ မဖြစ်ဘူးမလား။ ဒီတော့ ကိုယ်နဲ့အတူတူ သွားရအောင်လို့။ First Date အနေနဲ့လေ”

ချီဖန်းနည်းနည်းတော့ အံ့သြမိသွားပေမဲ့ ပျော်သွားလေသည်။ သို့သော် စိတ်မပါချင်ယောင်ဆောင်ကာ
“ဥက္ကဋ္ဌကြီးတွေက အလုပ်တွေအရမ်းရှုပ်တယ်လို့ကြားတယ်။ ဘယ်လိုလုပ်ပြီး Date လုပ်ဖို့ အချိန်ရှိပါ့မလဲ။ ကျွန်မ မနှောင့်ယှက်ဝံ့ပါဘူး။ ကျွင်းခွိုက်နဲ့ပဲ သွားတော့မယ်.. နော် ကျွင်းခွိုက်”

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now