4.2

1.1K 143 7
                                    

ဇာတ်လိုက်ကို လုယူမယ် - 4

အခန်း - ၂

ရှင်းရှင်း မျက်လုံးဖွင့်လိုက်တော့ သစ်ပင်တွေကိုတွေ့လိုက်ရသည်။ သူမက သစ်ပင်တစ်ပင်အောက်မှာ ပင်စည်ကိုမှီရင်းထိုင်နေသည်။ လက်ထဲမှာလည်း မုန့်ချိုတွေနဲ့။ ရှင်းရှင်းမုန့်ချိုတစ်ခုကို ပါးစပ်ထဲ ပစ်ထည့်လိုက်ကာ

/ရှောင်ဖေး ငါ ဘယ်အချိန်ကို ကူးပြောင်းလာတာလဲ?/

/ဇာတ်လိုက်မနဲ့ဇာတ်လိုက်တို့ စေ့စပ်ပွဲဖျက်သိမ်းပြီးအချိန်မှာ။ အခုလက်ရှိအချိန်က ဇာတ်လိုက်မနဲ့ဗီလိန်တို့ ချိန်းတွေ့တာကို hostက အဖော်လိုက်လာတဲ့အချိန်ပါ/

"အဟွတ်…ဟွတ်..ဟွတ်"

ရှေးခေတ်မှာလည်း ရည်းစားချိန်းရင် အဖော်လိုက်ရသေးတာလား? ပြီးတော့ ဒီဟန်ရှင်းရှင်းက ကိုယ်ကြိုက်နေတဲ့ crushနဲ့ ကိုယ့်ဝမ်းကွဲညီမ ချိန်းတာကို အဖော်လိုက်တယ်တဲ့။ စိတ်ထားပဲကောင်းလွန်းတာလား။ ရူးပဲရူးနေတာလား။

ရှင်းရှင်း ဘေးနားဝန်းကျင်ကို လိုက်ကြည့်တော့ ဘယ်သူ့ကိုမှလည်း မတွေ့ရပေ။

/ရှောင်ဖေး နင်ပြောတော့ ငါက ရည်းစားချိန်းတွေ့တာကို လိုက်လာတာဆို။ အခု ဒီမှာ ငါကလွဲပြီး ဘယ်သူမှမရှိသလိုပဲနော်/

/host သူတို့က သစ်ပင်ပေါ်မှာ ချိန်းနေတာ/

ရှောင်ဖေးစကားကြောင့် ရှင်းရှင်းမျက်လုံးပြူးသွားကာ အပေါ်ကိုမော့ကြည့်တော့ ဟော…တွေ့ပါပြီ။ အခု သူမထိုင်နေတဲ့ သစ်ပင်ကနေ ရေတွက်ရင် 5 ပင်မြောက်သစ်ပင်က အကိုင်းကြီးကြီးမှာ ဘေးချင်းယှဉ်ထိုင်ပြီး ဖက်နေကြတဲ့အတွဲ။

ရှေးခေတ်လို့သာဆိုတယ်နော်။ ရည်းစားချိန်းတာတောင် သစ်ပင်ပေါ်မှာ။ ခေတ်ကျော်ချက်ပဲ။

*ပြီးတော့ ဒီဟန်ရှင်းရှင်းက လီကျစ်မင်ကို တကယ်ရောကြိုက်ရဲ့လား? ကိုယ့်crushရည်းစားချိန်းတာကို အဖော်လိုက်လာတဲ့အပြင် ကြိတ်မငိုပဲ မုန့်အချိုတွေတောင် စားနေလိုက်သေးတယ်။*

ရှင်းရှင်းတွေးရင်းနဲ့ မုန့်တစ်ခုကို ပါးစပ်ထဲ ပစ်သွင်းလိုက်ပြန်သည်။

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now