စိတ်ဝင်စားစရာပဲ

6.2K 597 13
                                    

ဒီနေ့ရုံးပိတ်ရက်မို့ ရှင်းရှင်းနဲ့ရှောင်ဖေးနှစ်ယောက် ရှော့ပင်းထွက်လာခဲ့သည်။ ရှင်းရှင်းက ရှောင်ဖေးအတွက် ရုံးမှာအလုပ်လျှောက်ထားပေးသည်။ သူမက အဖွဲ့မှူးအဖြစ်သို့ရာထူးတိုးသွားသဖြင့် ရှောင်ဖေးကို သူမဆီသို့ အလုပ်သင်အနေနဲ့ သူမကိုယ်တိုင်သွင်းပေးထား လိုက်သည်။

ရှယ်ယာရှင်ဆိုတော့ လုပ်ပိုင်ခွင့်လေးနည်းနည်း ရှိသည်လေ။
ဒါကြောင့် ရှောင်ဖေးအတွက် အဝတ်ဝယ်ပေးဖို့ရော နေ့တိုင်း ဆိုင်ကနေပဲထမင်းဝယ်မစားနိုင်တော့တာကြောင့် ကိုယ်ဘာသာကိုယ်ချက်စားဖို့ရော လိုအပ်တာတွေ သွားဝယ်မလို့လေ။ သူတို့နှစ်ယောက် အဝတ်အစားလဲကာ ထွက်လာလိုက်သည်။

ရှင်းရှင်းက မိတ်ကပ်ရောင် ပေါင်ဖုံးရုံ ကိုယ်ကျပ်အင်္ကျီနဲ့ ဇာလက်ပွကို ဝတ်ထားပြီး ရှောင်ဖေးကတော့ မူလရှင်းရှင်းက သူတို့နှစ်ပတ်လည်နေ့မှာ ကျင်းဇီယွမ်ကို လက်ဆောင်ပေးဖို့အတွက် ဝယ်ထားသော အင်္ကျီကို ဝတ်ထားလေသည်။

မူလရှင်းရှင်းက အလှအပကို ဂရုစိုက်သူဖြစ်သဖြင့် နှစ်ဆယ့်ခြောက်နှစ်ဟုပင် ထင်ရက်စရာမရှိပဲ ဆယ်ကျော်သက်ကလေးလိုပင် နုဖပ်လှလေသည်။ ရှောင်ဖေးကလည်း ချစ်စရာကောင်းတာရော ချောတာရော နှစ်ခုစလုံးပေါင်းထားသဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေသော မျက်လုံးများက မရေမတွက်နိုင်ပေ။

ရှောင်ဖေးအတွက် အင်္ကျီဝယ်ပေးပြီးသည်နဲ့ လိုအပ်သော ပစ္စည်းတွေကို အရင်ဝယ်လိုက်သည်။ ပြီးတာနဲ့ ရှောင်ဖေးကို ပစ္စည်းတွေကို ကားထဲမှာ အရင်သွားထားခိုင်းပြီး ရှင်းရှင်း အမျိုးသမီးအတွင်းခံဆိုင်ထဲဝင်ကာ ဝယ်နေလိုက်သည်။

သူမပြန်ထွက်လာသည်နဲ့ တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့သြသွားလေသည်။
system ကောင်လေး ရှောင်ဖေးနားမှာ ကောင်မလေးတွေ ဝိုင်းအုံနေလေသည်။

မင်းသားလည်းမဟုတ်ပါပဲနဲ့ ဘယ်လိုလုပ်ပြီး ဝိုင်းအုံနေရတာလဲ။ တစ်ခုခုဖြစ်တာလား။ ရှင်းရှင်း စိတ်ထဲကနေပဲ ရှောင်ဖေးကို မေးလိုက်သည်။

*ရှောင်ဖေး ဘာဖြစ်တာလဲ။ တစ်ခုခုဖြစ်နေတာလား*

*ဟုတ်တယ် မမရေ. ကွိုင်အကြီးကြီးတက်နေတာ အီး...မမ ကျွန်တော့်ကို ကယ်ပါဦး*

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now