4.4

1.1K 148 4
                                    

ဇာတ်လိုက်ကို လုယူမယ် - 4

အခန်း - ၎

မင်္ဂလာဦးညကတည်းက ဇာတ်လိုက်က သူ့လူဝမ်ကျစ်ဆိုတာကို သိသွားတော့ ရှင်းရှင်းတစ်ယောက် အိမ်ရှေ့စံကို လိုက်ပိုးပန်းတော့သည်။ တွေ့တဲ့အချိန်တိုင်း စကားသွားပြောတတ်ပြီး အထာတွေပေးတတ်ပေမဲ့ အိမ်ရှေ့စံကတော့ စကားကိုတောင် ပြန်ပြောချင်မှပြန်ပြောသည်။

ဒါပေမဲ့လည်း ရှင်းရှင်းတို့က မမှုပါ။ တော်ဝင်ဥယျာဉ်ထဲက ပန်းတွေကို ခူးပြီး အိမ်ရှေ့စံနန်းဆောင်ဆီ နေ့တိုင်း တစ်နေ့တစ်ပွင့်ပို့ကာ ချစ်ကဗျာလေးတွေလည်း ရေးပေးတတ်သည်။ ပထမကတော့ အိမ်ရှေ့စံတစ်ယောက် အချစ်ကဗျာတွေဖတ်ပြီး မျက်နှာပူမိပေမဲ့ နောက်တော့ နေသားကျသွားသည်။

အိမ်ရှေ့စံ မြှားပစ်ကွင်းမှာ မြှားပစ်လေ့ကျင်နေရင်လည်း သွားကာ အားပေးတတ်သလို ဓားရေးလေ့ကျင့်ရင်လည်း သွားကြည့်တတ်သေးသည်။

အထိန်းတော်တွေနဲ့မိန်းမစိုးတွေကတော့ သူ့ရဲ့အိမ်ရှေ့စံမင်းသမီးက အိမ်ရှေ့စံကို လိုက်ပိုးပန်းနေတဲ့နည်းတွေကြောင့် ပြုံးစိစိဖြစ်နေကြသည်။ အိမ်ရှေ့စံကြင်ယာတော်ကို မမောက်မာတတ်ပဲ သူတို့ကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်လေ။

ကြင်ယာတော်က အိမ်ရှေ့စံအတွက် မီးဖိုချောင်ဝင်ပြီး ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတတ်သလို အချိုပွဲတွေရော စိတ်အပန်းဖြေစေတဲ့အမွှေးနံ့သာပါ ကိုယ်တိုင်လုပ်ပေးသေးသည်။ ဘယ်လောက်တောင် သိတတ်လိုက်တဲ့ ဇနီးလေးလဲ? အရှင်မင်းကြီးနဲ့မိဖုရားကြီးကပါ ချွေးမတော်လေးကို စိတ်သဘောကျနေကြတော့သည်။

အခုလက်ရှိအချိန်မှာတော့ ရှင်းရှင်းတစ်ယောက် တော်ဝင်ဥယျာဉ်တော်မှာ အိမ်ရှေ့စံဆီ ပူဆာနေခြင်းဖြစ်သည်။

"မသွားရဘူး"

"အိမ်ရှေ့စံကလည်း အတူတူသွားကြမယ်လေနော်..."

ရှင်းရှင်း တစ်ယောက် လက်ဆက်ပြီးကတည်းက နန်းတွင်းမှာပဲ နေနေရပြီး လက်မဆက်ခင်က အပြင်မှာ သွားချင်သလို သွားခွင့်ရခဲ့တဲ့ အချိန်တွေကို ပြန်တွေးပြီး နန်းပြင်ထွက်ချင်နေတာပင်။ တစ်ယောက်တည်းသွားဖို့ကျ ခွင့်ပြုချက်မရမှန်း သိတာမလို့ အိမ်ရှေ့စံကိုပါ အပါခေါ်နေခြင်းပင်။

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now