3.12 (final)

3.2K 250 15
                                    

ရှင်းရှင်း နိုးလာတော့ သူမမြင်လိုက်ရတာက ဝမ်ရှင်းယီဆိုတဲ့ မိန်းမရဲ့မျက်နှာကိုပင်။ ဝမ်ရှင်းယီကလည်း သူမနိုးလာတာကို မြင်တော့ လန့်သွားသည်။ ဒါပေမဲ့ ဆေးပိုက်တွေအပြည့်နဲ့ ဘာမှမလုပ်နိုင်တဲ့ သူမကို ကြည့်ကာ ပြုံးလိုက်ကာ ရှင်းရှင်းရဲ့အောက်ဆီဂျင်ပိုက်ကို ဖြုတ်လိုက်သည်။

ဒါပေမဲ့ ရှင်းရှင်းက စီစတမ်က ပေးတဲ့အထူးအခွင့်အရေးအနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး နေပြန်ကောင်းနေပြီဖြစ်သည်။ သူမ ဒီအတိုင်းပဲ ငြိမ်နေလိုက်ကာ ဝမ်ရှင်းယီ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေလိုက်သည်။

"ယီရှင်းရှင်း အဟက် နင် တကယ်ကို အသက်ပြင်းတာပဲ. အဲဒီတုန်းကလည်း နင် မသေခဲ့ဘူး။ အခုလည်း နင်မသေသေးဘူးပဲ"

"နင် သိလား? ဘယ်သူမှ မရှိတဲ့အချိန်မှာ နင့်အခန်းထဲကို ဝင်ရဖို့အတွက် ငါ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ"

"နင့်ဘေးကနေ နင့်မိဘတွေ နင့်သူငယ်ချင်းတွေက နင်နိုးထလာဖို့အတွက် အရမ်းကို ကြိုးစားပြီးစကားတွေပြောပေးနေခဲ့ပေမဲ့ နင်က မနိုးလာခဲ့ဘူး။ အခု ငါရောက်လာတာနဲ့ နိုးလာတယ်ဆိုတော့ ခ်ခ် နင် ငါ့ကို အရမ်းကို သံယောဇဉ်ရှိနေတာပဲ"

ရှင်းရှင်း ဘာမှမပြောပဲ သူမကို စိုက်ကြည့်နေလိုက်သည်။ ဝမ်ရှင်းယီက တစ်ခုခုကို သတိထားမိသွားဟန်နဲ့ မျက်မှောင်ကျုံ့လိုက်ကာ

"နင်ဘာလို့ ဘာမှမဖြစ်တာလဲ?"

ရှင်းရှင်းလည်း သူမစကားကြောင့် ကြောင်အသွားသည်။ အာ..ဟုတ်သား. ဝမ်ရှင်းယီက သူမရဲ့အောက်ဆီဂျင်ပိုက်ကို ဖြုတ်ထားတာပဲ။ ဒါကို သူမက ဘာမှမဖြစ်သွားလို့ ဝမ်ရှင်းယီက အံ့သြနေတာ။

"နင်…"

သူမ စကားပြောဖို့ ပြင်လိုက်ပေမဲ့ ရှင်းရှင်းက ထထိုင်လိုက်ကာ လက်က ပိုက်ကို ဖြုတ်လိုက်သည်။

ဝမ်ရှင်းယီက ယီရှင်းရှင်း ပြန်ကောင်းနေတာကို မြင်တော့ လန့်သွားကာ အသင့်ယူလာတဲ့ ဓားကိုထုတ်လိုက်သည်။ ထို့နောက် ယီရှင်းရှင်းဆီကို အားအကုန်သုံးပြီး ထိုးချလိုက်သည်။

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now