Episode-5

14K 1.3K 90
                                    

Zawgyi Version

"ဂျောင်ကုလေးက ဘာလို့အခုချိန်ထိမလာသေးတာပါလိမ့်....? စေ့စပ်ပွဲအချိန်ကနီးနေပြီကို...."

"စိတ်မပူပါနဲ့ မိန်းမရယ်၊ အချိန်မှီရောက်လာမှာပါ၊ ဟိုဆော့သွားခေါ်တယ်မလား....? ရောက်လာမှာပါ ....."

စေ့စပ်ပွဲမစမီ နားနေခန်းထဲပြင်ဆင်နေချိန် ဘေးကနေ အချင်းချင်းပြောနေကြတဲ့ အဖေနဲ့အမေ။
ဒီနေ့က ကိုယ်တို့နှစ်ယောက်ရဲ့စေစ့ပ်ပွဲနေ့ပင်။
စေ့စပ်ပွဲ ညနေ 6 နာရီကို အခုပဲ 5 နာရီ ခွဲပြီးလို့ 15 မိနစ်ကျော်နေပြီ....။
စေစ့ပ်ပွဲကို မိဘတွေနဲ့အတူမလာဘဲ ကိစ္စလေးရှိလို့ နောက်မှသူတစ်ယောက်တည်းလိုက်လာခဲ့ပါ့မယ်ဆိုတဲ့ ဂျွန်ကအခုထိရောက်မလာသေး။
ဖုန်းဆက်တော့လည်းမကိုင်နဲ့၊ နောက်ဆုံးတော့ ဟိုဆော့ဟျောင်းက သူ့ညီကိုရှာဖို့ ထွက်သွားလေသည်....။

အပြင်မှာရှိတဲ့ ဂျွန့်အဖေနဲ့အမေလည်း မျက်နှာပျက်စပြုလာလေပြီ....။ ဂျွန့်အဖေဆို သူ့သားကို ဒေါသတွေထွက်နေလို့ ကိုယ်တွေမနည်းဖျောင်းဖျထားရတာ....။

ဘာလို့များနောက်ကျနေပါလိမ့်....။
တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်....။
မကောင်းတဲ့အတွေးတွေ မတွေးမိအောင်နေနေပေမယ့် ဂျွန်များ မတော်တဆတစ်ခုခုဖြစ်နေတာလားဆိုတဲ့စိတ်က လွှမ်းမိုးလို့လာသည်။

ထိုစိတ်ကိုပို၍ နှိုးဆွပေးသလိုဖြစ်သွားတာက 6 နာရီ 15 မိနစ် ကျော်သွားတဲ့အထိ ဂျွန်ကော ဟိုဆော့ ဟျောင်းကော ရောက်မလာခြင်းကြောင့်ပင်။
အချိန်ကြာလာသည်နှင့်အမျှ စိုးရိမ်မှုက ဒီရေတက်သလိုမြင့်တက်လို့လာရာ ထိုင်မရ ထမရနဲ့ အခန်းထဲတွင်ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်....။

"အမေ.... ဂျွန်တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်...."

"မဟုတ်နိုင်ပါဘူး သားရယ်၊ နေ့ကောင်းနေမြတ်မှာ မကောင်းတဲ့အတွေးတွေမတွေးပါနဲ့၊ စိတ်မပူနဲ့၊ ဘာမှမဖြစ်ဘူး...."

အမေ့ရဲ့စကားကြောင့် စိုးရိမ်စိတ်ကို လျှော့ချပေမယ့် တဖြည်းဖြည်းကုန်ဆုံးလာတဲ့ အချိန်တွေကိုကြည့်ပြီး မစိုးရိမ်ပဲမနေနိုင်တော့။

Fallen For You [Completed]Where stories live. Discover now