Episode-23

13K 1K 106
                                    

Zawgyi Version

ဒီနေ့လည်း အရင်နေ့တွေနဲ့ထူးမခြားနား အသက်မပါသောခြေလှမ်းတွေနှင့် လျှောက်လာခဲ့ပြန်တဲ့ အိမ်ပြန်လမ်း....။
အာ...အခုတော့ထူးခြားလာပြီလို့ပြောရမလား၊ ဒီနေ့ ဂျွန့်ဆီကချစ်တယ်ဆိုတဲ့စကား ကြားလာရတယ်လေ...။
ကင်ထယ်ယောင်းကိုပြောတာမဟုတ်ဘဲ V ကိုပြောတာဆိုတဲ့အမှန်တရားက စိတ်မကောင်းစရာဆိုပေမယ့်ပေါ့...။

အခုထိမပြောင်းနိုင်သေးတဲ့ Password နံပါတ်ကိုနှိပ်လိုက်ရင်း အိမ်ထဲဝင်လာခဲ့လိုက်သည်။
လက်ထဲကအိတ်ကိုချပြီးတာနဲ့ တန်းဝင်သွားမိသည်က ရေချိုးခန်းထဲသို့...။
ဖြာကျနေသောရေစက်တွေအောက် ရေချိုးခန်းကြမ်းပြင်ပေါ်ထိုင်ချရင်း မျက်လုံးများကို မှိတ်ထားမိသည်...။

ခေါင်းပေါ်ကနေတစ်ဆင့် ခန္ဓာကိုယ်ဆီ တစ်စက်ချင်းကျလာတဲ့ရေစက်တွေကြောင့် ဝတ်ထားသောအဝတ်အစားတွေရွှဲရွှဲစိုသွားသည့်တိုင် မျက်လုံးများကိုပြန်မဖွင့်မိသေး...။
မလှုပ်မယှက်သာထိုနေရာမှာထိုင်မြဲထိုင်နေမိဆဲ...။
ဒီရေစက်တွေနဲ့အတူ ကိုယ့်ရင်ထဲကပူလောင်မှုတွေပါ မျောပါသွားရင် သိပ်ကောင်းမှာပဲ...။
ပူလောင်ရလွန်းလို့ ပေါက်ကွဲထွက်သွားမလားတောင်ထင်ရတယ်...။

ကိုယ့်ကိုကိုယ်လည်းနားမလည်နိုင်တော့ဘူး...။
တကယ်ဆိုပျော်ရမှာမလား...၊ ဂျွန်က ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ချစ်တယ်လို့ပြောလိုက်ပြီလေ...။
ကင်ထယ်ယောင်းဆိုတဲ့ကိုယ် တစ်ခါမှနားမထောင်ဖူးခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို V အဖြစ်နဲ့ နားထောင်လိုက်ရပြီလေ...။
ကိုယ်လိုချင်တာ ဒါမလား....။
ဒါကို ဘာလို့ နှလုံးသားက တဆစ်ဆစ်နဲ့နာကျင်နေရတာလဲ...။

အဟက်....ဒီလောက်လေးတောင် ခံနိုင်ရည်မရှိဘဲနဲ့များ မင်းက အသံကောင်းဟစ်နေသေးတယ်ကင်ထယ်ယောင်းရယ်...။
ဂျွန်နဲ့ပက်သက်လာရင် ဘယ်တုန်းကများ ခံနိုင်ရည်ရှိဖူးလို့လဲ။
ကိုယ့်အဖြစ်ကိုယ်တစ်ချက်ရယ်လိုက်ရင်း ကျရောက်လာတဲ့ ရေစက်တွေကိုမျက်နှာမော့ကာခံယူလိုက်သည်။

အတိတ်တုန်းက မင်းကိုချစ်ရလို့ ငါအရမ်းပင်ပန်းနာကျင်ခဲ့ရတယ်....ဂျွန်...။
အခု...မင်းကိုမုန်းဖို့ကြိုးစားတာက ပိုပြီးပင်ပန်းလို့နေတယ်....။
မင်းနာကျင်တာကိုမြင်ချင်လို့ စခဲ့တဲ့ပွဲဆိုပေမယ့် ငါကပဲ အလဲလဲအပြိုပြိုဖြစ်နေတာ အခါခါ....။
ဒီလိုအခြေအနေတွေထိ ဖြစ်သွားခဲ့တဲ့ ငါတို့နှစ်ယောက်ရဲ့ကြား ဘယ်အရာတွေကများ မှားယွင်းနေတာလဲ....သိချင်မိတယ်...။

Fallen For You [Completed]Where stories live. Discover now