Book Order Announcement and Details !

2.4K 85 4
                                    


Fallen For You လေးကိုစာအုပ်အဖြစ်အိမ်ခေါ်ချင်တဲ့သူလေးတွေအတွက် သတင်းကောင်းလေးပါ။

March လ၊ 21 ရက် (မနက်ဖြန်) ည 7 နာရီကနေစပြီး Eyes Book House Page မှာ Fallen For You စာအုပ် Order စကောက်ပါ့မယ်။
‌မေတ္တာလက်ဆောင်လေးအနေနဲ့ Special Episode လေးကိုလည်းစာအုပ်ထဲမှာထည့်ပေးထားပါတယ်။

Intro ရယ်၊ Ep 1 ကနေ 33 အထိရယ်၊ Special Episode ရယ် စုစုပေါင်း 35 ပိုင်းဖြစ်သွားတော့ စာအုပ်က စာမျက်နှာ 400 ကျော် 500 နီးပါးဖြစ်သွားတာမို့ ဈေးက 8900 ပါ။ စာအုပ်ဖတ်ရတာကြိုက်တဲ့သူတွေအတွက် စာအုပ်ထူထူနဲ့အားရပါးရဖတ်လို့ရမှာပါ။ စာရွက်သားကလည်းကောင်းပြီး Cover လေးကလည်းအလှလေးမို့ဖတ်ရတာတန်မယ်ထင်ပါတယ်။ Gift လေးတွေလည်းပါဦးမှာပါ။

စာအုပ်ထဲမှာအသေးစိတ်ဘာတွေပါမလဲဆိုတော့...

1. စာအုပ်ထဲမှာပဲဖတ်လို့ရမယ့် Special Episode လေးပါပါတယ်။ စာအုပ်ထဲမှာပဲထည့်ပေးထားတာပါနော်၊ wp မှာတင်မှာမဟုတ်ပါဘူး။ ဂျွန်ရယ်၊ ယောင်းရယ်၊ အမြွှာလေးနှစ်ယောက်တို့ရဲ့ပျော်ရွှင်စရာမိသားစုပုံရိပ်လေးကို ကြည်နူးဖွယ်တစ်ဝကြီးဖတ်ရှုရမှာပါ၊ အရှည်ကြီးကိုရေးပေးထားပါတယ်။

2. Limited Gift လေးလည်းပါပါတယ်။ ပထမဆုံး Order တင်မယ့် အယောက် 30 စာအတွက်လုပ်ပေးထားတဲ့ LG Bookmark လေးပါ။ ဂျွန်နဲ့ယောင်းလို့ပြောလိုက်ရင် ငယ်ဘဝကတည်းက ကြီးလာတဲ့အချိန်အထိ စွန်လွှတ်ကြတဲ့ပုံရိပ်လေးတွေကမပါမဖြစ်ပါပဲ။ ဒါကြောင့်မို့ ခရမ်းရောင်စွန်လေးနှစ်ခုပုံ Bookmark လေးကို LG ပေးထားပါတယ်။ LG လေးလိုချင်တယ်ဆိုရင်တော့ အယောက် 30 ထဲပါအောင်အမြန် Order တင်မှရမယ်နော်။

3. Taekook PC လေးနှစ်ခုကတော့ စာအုပ်ဝယ်ယူသူတိုင်းအတွက်ထည့်ပေးထားပါတယ်။

ဒါလေးတွေကတော့ စာအုပ်ဝယ်ရင်ပါလာမယ့် Gift လေးတွေပါ။

ပထမ Beloved လေးကိုစာအုပ်ထုတ်တုန်းက ပထမဆုံးအကြိမ်လည်းဖြစ်၊ အတွေ့အကြုံလည်းမရှိသေးတာမို့ နည်းနည်းကတိုက်ကရိုက်ဖြစ်သွားခဲ့ပါတယ်။
အခု Fallen For You လေးကိုတော့ စာအုပ်တိုက်ဘက်ကရော၊ ကိုယ့်ဘက်ကပါ အချိန်ယူပြီးအကုန်အသေးစိတ်သေချာပြင်ဆင်ပေးထားပါတယ်နော်။

Fallen For You [Completed]Where stories live. Discover now