Zawgyi Version
"ဂျောင်ကု မသောက်နဲ့တော့! မင်းများနေပြီ..."
ဘားမှာထိုင်ရင်း တစ်ခွက်ပြီးတစ်ခွက်သောက်နေသော ဂျောင်ကုကိုဟိုဆော့တားလိုက်ပေမယ့် နားမထောင်ဘဲ အရက်ကိုထပ်ထည့်နေတဲ့ ဂျောင်ကု...။
"ဂျောင်ကု! တော်တော့လို့...!"
တားမရတဲ့အဆုံးတော့ သူ့ရှေ့က အရက်ခွက်ကိုဟိုဆော့ကောက်ယူလိုက်ရတော့သည်။
"ဟျောင်းရာ...! ကျွန်တော်သောက်နေတယ်လေဗျာ....!"
"တော်တော့! ကြာရင်မင်းလူမှန်းသူမှန်းတောင်သိတော့မှာမဟုတ်ဘူး...!"
"လူမှန်းသူမှန်းမသိတော့လည်း ကောင်းတာပေါ့၊ စိတ်ညစ်စရာအတွေးတွေ တွေးစရာမလိုတော့ဘူး...."
ခုံပေါ်ကိုခေါင်းမှောက်ရင်း စိတ်ပျက်လက်ပျက်ပြောလာသော ဂျောင်ကုကိုကြည့်ပြီး ဟိုဆော့သက်ပြင်းသာချလိုက်မိသည်။
ထယ်လေးက သူ့ကိုစကားမပြောဘဲရှောင်နေတာ တစ်ပတ်ရှိနေပြီဆိုပြီး ဖြစ်ပျက်နေတာ.....။
ဒါကို အခုထိ သူ့ကိုယ်သူ ထယ်လေးကိုချစ်နေပြီဆိုတာ မသိသေးဘူး....။
ဒီကောင်လည်း ရည်းစားသာများတာ တစ်စက်ကလေးမှကိုအသုံးမကျဘူး....။"မင်းအပြစ်လုပ်ပြီးနေမှတော့ သူကျေနပ်တဲ့အထိတောင်းပန်လိုက်ပေါ့ ဂျောင်ကုရာ...."
"ဒီတစ်ခါ သူကျွန်တော့်ကိုတော်တော်စိတ်ဆိုးသွားတာ ဟျောင်းရ...! ဘယ်လိုတောင်းပန်ရမှန်းတောင်မသိတော့ဘူး...."
"ငါသာဆို ကိုယ့်မွေးနေ့ကိုမမေ့စဖူးမေ့တဲ့ ယောက်ျားကို ထယ်လေးလောက်တောင်သဘောထားကြီးပေးနိုင်မှာမဟုတ်ဘူး....! အိမ်ပေါ်ကနေတစ်ခါတည်းကန်ချပစ်မှာ...! မင်း ငါ့ယောက်ျားမဖြစ်ပဲ ထယ်လေးယောက်ျားဖြစ်တာ ကံကောင်းတယ်မှတ်...."
"ဟျောင်းကဗျာ...! စိတ်ညစ်နေပါတယ်ဆိုမှ...!"
"ဟင်း...! ဂျောင်ကု! မင်းအခုထိမင်းစိတ်ကိုမင်းမသိသေးဘူးလား....?"
"ဘာကိုလဲ...?"
"မင်း ထယ်လေးကိုချစ်နေတယ်ဆိုတာ...."
"ဟာ...! မဖြစ်...မဖြစ်နိုင်တာ..."
"ကဲ! အဲဒါဆို ငါ့ကိုပြော! အခု ထယ်ယောင်းမင်းကိုစိတ်ဆိုးနေတာကို ဘာလို့မင်းက ကမ္ဘာပျက်မတက် စိတ်ညစ်နေရတာလဲ...? ထယ်ယောင်းမျက်နှာညှိုးရင် ဘာလို့ပျာယာခတ်သွားတတ်တာလဲ...? ထယ်ယောင်းနဲ့စကားမပြောရရင် ဘာလို့နေမထိထိုင်မသာဖြစ်နေရတာလဲ...? မင်းတွဲခဲ့ဖူးတဲ့ရည်းစားတွေထက် ဘာလို့ထယ်ယောင်းကိုပိုပြီးဂရုစိုက်နေတာလဲ...?"
YOU ARE READING
Fallen For You [Completed]
FanfictionTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !