Episode-11

13.1K 1.2K 143
                                    

Zawgyi Version

"ဂျွန်....၊ ပြန်မလာသေးဘူးလား....? ညနေ ၆ နာရီပဲထိုးနေပြီ ....၊ Company ဆင်းနေပြီမဟုတ်ဘူးလား....?"

"ဟင်...အင်း... Company က ဆင်းပြီဆိုပေမယ့် အရေးကြီးအလုပ်ကိစ္စနဲ့တွေ့စရာဧည့်သည်တွေရှိလို့...! ညဉ့်မနက်စေရပါဘူး ယောင်း၊ ကိုယ် စောစောပြန်လာခဲ့ပါ့မယ်..."

"အင်း...အဲဒါဆိုစောစောပြန်လာခဲ့နော် ငါစောင့်နေမယ်...."

"ဟုတ်ပြီ ယောင်း...."

ဖုန်းချသွားတဲ့ ဂျွန်ကြောင့် မျက်စိရှေ့ကစားပွဲခုံပေါ်တင်ထားတဲ့ မွေးနေ့ကိတ်လေးကိုကြည့်ရင်း ထယ်ယောင်းသက်ပြင်းတစ်ချက်သာအသာချလိုက်တော့သည်...။
ဒီနေ့က ဘာနေ့လဲဆိုတာ ဂျွန်အလုပ်တွေများပြီးမေ့များမေ့နေတာလား....။
အခု လက်ထပ်ပြီးတာ ၁လ ပြည့်ခါနီးမှာ ဂျွန်က မိသားစုပိုင် Company ကိုဦးစီးနေရပြီဖြစ်လို့ အလုပ်များမှာပေါ့လေ။
မနက်ကတည်းက သူ့နှုတ်လေးကနေ 'ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ယောင်း' ဆိုတဲ့စကားလေးကို မျှော်လင့်ခဲ့တာ။

တွေးရင်းနဲ့ဆူထွက်လာတဲ့ ကိုယ့်ရဲ့နှုတ်ခမ်းလေး။
ဒီကတော့ သူနဲ့အတူ မွေးနေ့ပွဲသေးသေးလေးလုပ်ဖို့ကိတ်မုန့်တောင်ဝယ်ထားတဲ့ဟာကို.....

တစ်ခုတော့ရှိသည်...၊ နှစ်တိုင်းနှစ်တိုင်း ဂျွန်ကဒီလိုပဲမေ့ချင်ယောင်ဆောင်ပြီး surprise လေးတွေတော့လုပ်ပေးလေ့ရှိသည်။ ‌
သေချာတယ် မွေးနေ့ကိုတမင်သက်သက်မေ့ချင်ယောင်ဆောင်ပြီး လူကိုစနေတာနေမှာ....။

ဒီလိုလေးတွေးမိပြန်တော့လည်း မျက်နှာလေးကချက်ချင်းပြုံးသွားမိပြန်ရော....။
လာပါစေဦး...! လူကိုစတဲ့အတွက် စိတ်ကောက်ပြဦးမယ်...!

"ထယ်လေးရေ...ဒေါ်ကြီးသွားပြီနော်၊ မနက်စောစောလာခဲ့မယ်..."

"အာ...ဟုတ်ကဲ့ ဒေါ်ကြီး...! ကောင်းကောင်းသွားပါနော်..."

"Happy birthday နော်ထယ်လေး..."

"ကျေးဇူးတင်ပါတယ် ဒေါ်ကြီး..."

ဒေါ်ကြီးက ကိုယ်တို့ရဲ့အိမ်တော်ထိန်း။
ယောက်ျားလေးနှစ်ယောက်ဖြစ်တာကြောင့် အနေအစားခက်ခဲမှာစိုးလို့ဆိုပြီး မိဘတွေက ခေါ်ပေးထားခြင်းဖြစ်သည်။
ဒေါ်ကြီးက သဘောလည်းကောင်းသလို၊ ပေါ်လည်းသားအရင်းသဖွယ်စောင့်ရှောက်ပေးပါသည်။
မိဘတွေနဲ့ဝေးကွာနေချိန် ကိုယ့်ဘေးနားဒေါ်ကြီးရှိနေတာက တကယ့်အားပင်။

Fallen For You [Completed]Where stories live. Discover now