Episode-19

13.1K 1.1K 59
                                    

Zawgyi Version

3 နှစ်ခန့်ကြာသော် ~

အခန်းတံခါးကို နှစ်ချက်လောက်ဆင့်ခေါက်ကာ ဝင်သွားလေတော့ ဟိုဆော့ ထုံးစံအတိုင်းသက်ပြင်းသာချလိုက်မိတော့သည်...။
၃ နှစ်သာကြာသွားတယ်...၊ ဂျောင်ကုရဲ့အခြေအနေက အခုထိ ထူးမခြားနားပေ...။
အရက်သောက်လိုက် ဆေးရုံရောက်လိုက်၊ ဆေးရုံကဆင်းရင် အရက်ပြန်သောက်လိုက် ဆေးရုံထပ်ရောက်လိုက်နဲ့ ဒီသုံးနှစ်အတွင်း
ဂျောင်ကုဆေးရုံတက်ရတဲ့အခေါက်ပေါင်းကလည်းမနည်း...။

တကယ်တော့ ဂျောင်ကုရဲ့မိဘတွေကော ကိုယ်ကော က ထယ်လေးဆုံးပြီး လပိုင်းလောက်ကြာရင် ဂျောင်ကုရဲ့အခြေအနေက ကောင်းလာလိမ့်မယ်လို့ထင်ထားခဲ့ပေမယ့် အခုထိမကောင်းလာသေးတဲ့ ဂျောင်ကုရဲ့အခြေအနေ။
ဂျောင်ကုအမေဆိုလည်း ဟိုကအလုပ်ကိစ္စတွေကို မပစ်နိုင်တဲ့ကြားကနေ ဒီကို သုံးလတစ်ခါအမြဲလာပြီး သူ့သားကိုပြုစုပေးသည်...။
သို့သော် အသက်ရလာပြီဖြစ်ပြီး နဂိုတည်းကနှလုံးအားနည်းတဲ့အန်တီလေးက လေယာဉ်ခဏခဏစီးရတာကြောင့်ရော ရောက်လာတိုင်းတွေ့ရတဲ့ စိတ်မချမ်းမြေ့စရာ ဂျောင်ကုရဲ့ပုံစံကြောင့်ပါ အခုဆို နှလုံးရောဂါနဲ့အိပ်ရာထဲလှဲနေရပြီဖြစ်သည်...။

ဂျောင်ကုရဲ့အဖေဆိုရင်လည်း ၆လ တစ်ခါအမြဲလာပြီး သူ့သားကိုအရင်အခြေအနေပြန်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာဝန်တွေနှင့်တိုင်ပင်သည်။
ယုတ်စွအဆုံး စိတ်ရောဂါကုဆရာဝန်နဲ့ပါ တိုင်ပင်ခဲ့ပေမယ့် ဂျောင်ကုရဲ့အခြေအနေကို ပြန်ကောင်းအောင်မလုပ်နိုင်ခဲ့ပေ...။

ဒီလိုသာဆက်နေနေရင် မဖြစ်တော့သည်မို့ ဖျောင်းဖျရန်ရောက်လာခဲ့ခြင်း။
သက်ပြင်းနောက်တစ်ခါထပ်ချပြီး ရှုပ်ပွနေသော အခန်းထဲ ဝင်လာလိုက်သည်။
ဂျောင်ကုကတော့ လက်ထဲသောက်လက်စအရက်ပုလင်းကိုကိုင်ကာ ပြတင်းပေါက်ဆီငေးမြဲငေးဆဲ...။

"ဂျောင်ကု..."

ခေါ်လိုက်လေတော့ ပြတင်းပေါက်ကိုငေးနေရာမှ လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေက အသက်မပါစွာ...။
အနားသွား၍ သူထိုင်နေသောကုတင်ပေါ် ထိုင်လိုက်ကာ

"ဘယ်အချိန်ထိဒီလိုနေနေမှာလဲ ဂျောင်ကု...? သုံးနှစ်တောင်ကြာသွားပြီလေ..."

Fallen For You [Completed]Where stories live. Discover now