Episode-33 (Final Episode)

26.1K 1.3K 181
                                    

Zawgyi Version

"သားရေ...ဂျွန်ထယ်ဝန်းလေးရေ... ဒယ်ဒီလို့ခေါ်ကြည့်ပါဦး... ဒယ်...ဒီ...၊ ခေါ်ကြည့်ပါဦး...ဒယ်ဒီလို့..."

"ပါ့..ပါ.."

"ဒယ်ဒီပါဆို ပါးပါးမဟုတ်ဘူး...၊ ဒယ်ဒီ...ခေါ်ကြည့်ပါဦး...!"

"ပါ..ပါး..."

"ဒယ်ဒီပါဆို...!"

ဧည့်ခန်းရဲ့ကြမ်းပြင်မှာ သားကိုချထားပြီးသူကလည်းသားဘေးနားအကျအနထိုင်ရင်း ဒယ်ဒီလို့ခေါ်နည်းသင်ပေးနေသော ဂျွန်...။
သို့သော် သားတောင်မောင်ကတော့ ပါးပါးဆိုတဲ့မပီကလာပီကလာ စကားလေးကိုပဲပြောနေလေတော့ ဂျွန်တို့တင်းနေပြန်ပြီလေ...။
ပါးပါးဆိုတာကိုသင်တောင်မသင်‌ပေးရဘဲ ပြောတတ်တယ်၊ဒယ်ဒီဆိုတဲ့စကားကျ အခုထိမပြောသေးလို့ဆိုပြီး သားကိုမရမကအတင်းလိုက်ပြောခိုင်းနေတာ...။
ဂျွန်ဟာလေ...ဂျစ်ကျတတ်တဲ့အကျင့်လေးက ဘယ်တော့မှပျောက်မှာမဟုတ်ဘူး....။

"မင်းက မင်းပါးပါးကိုပဲချစ်တာလား...? ငါ့ကိုမချစ်ဘူးပေါ့...ဟုတ်လား...?"

ဟော...ကြည့်နေရင်းနဲ့ ကလေးဆန်တဲ့အကျင့်လေးတွေက ပေါ်လာပြန်ပြီ...။

"ခစ်..ခစ်..."

"Ya...ငါအခု မင်းကိုစိတ်ဆိုးနေတာနော်၊ မင်းကရယ်နိုင်သေးတာလား...?"

တခစ်ခစ်ရယ်နေတဲ့သားကို ရန်တွေ့နေတဲ့ ဂျွန်...။
သားကလည်း သူ့ဒယ်ဒီစိတ်ဆိုးနေတဲ့ပုံကို ဘယ်လောက်တောင်သဘောကျနေလဲမသိ၊ ရယ်နေတာမရပ်ပေ...။
ကိုယ်နဲ့ သမီးကတော့ ဆိုဖာပေါ်မှာထိုင်ရင်း သားအဖနှစ်ယောက်ရဲ့ရန်ပွဲလေးကို ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေလိုက်တော့သည်...။

"ခစ်...ခစ်...ပါ့ပါ..."

ဖင်လေးတကြွကြွနဲ့ ပြောလာသော သားလေးရဲ့စကားသံနောက်မှာတော့ ကိုယ်မနေနိုင်စွာရယ်မိလိုက်တော့သည်...။
ထိုအခါ ချက်ချင်းပင်ဒိုင်းခနဲရောက်ရှိလာတဲ့ မျက်စောင်းတစ်ချက်...။

"ဘာ မျက်စောင်းထိုးတာလဲ...? သားကငါ့ကိုပဲချစ်တာ မင်းကိုမချစ်ဘူး...ဟား ဟား..."

"တော်ပြီ၊ ဒီသားအဖကိုမခေါ်တော့ဘူး၊ ဒယ်ဒီ့သမီးကိုပဲချစ်တော့မယ်‌၊ နော် သမီးလေးနော်..."

Fallen For You [Completed]Where stories live. Discover now