Arc 2.1

3.8K 115 5
                                    

Chapter 2.1 – Scattering IQ to the National Male God

စုယွီ ကျိုးကျန်းခန္ဓာကိုယ်ထဲကထွက်လာပြီး
လေထဲမျောနေတယ်။

သူသေဆုံးသွားပြီးမကြာဘူး ချူချန်းရန်လဲ
လိုက်လာခဲ့တယ်။စုယွီ သက်ပြင်းချလိုက်မိတယ်

ဘောလုံးလေး စုယွီနားပျံသန်းနေကာ
သူ့hostကိုကြည့်ပြီး စိုးရိမ်နေမိတယ်။
ချူချန်းရန်က စုယွီသေပြီး တန်းလိုက်လာတာ
ကြောင့်တော့မဟုတ်ဘူး။

စုယွီက လူ့သက်တမ်းရဲ့အများဆုံးအသက်
တစ်ရာအထိနေလို့ရတယ်။စုယ်ွီသာ နေချင်
တယ်ဆို အသက်တစ်ရာအထိနေလို့ရတယ်။

စုယွီဒီကမ္ဘာကထွက်လာရတဲ့အကြောင်းအရင်းက ချူချန်းရန်ရဲ့သက်တမ်းကကုန်သွားတာမို့
ထွက်လာခြင်းဖြစ်တယ်။

ချူချန်းရန် သူ့ကိုပြောဖူးတယ် သူ့ကိုဘဝတစ်လျှောက်လုံး ရတနာလေးသဖွယ်စောင့်ရှောက်ပေးပြီး စုယွီကိုဘယ်တော့မှ မပျော်ရွှင်၊မပျင်းရိ
စေရဘူးတဲ့။

တကယ်လို့ ချူချန်းရန်သာမရှိတော့ရင် ဘယ်သူကသူ့ကို ပျော်ရွှင်အောင် မပျင်းရိအောင်
ထားနိုင်တော့မှာလဲ

စုယွီအရင်ထွက်သွားဖို့ဆုံးဖြတ်ခဲ့တယ်။
ဒါပေမယ့်လဲ ဒီဆုံးဖြတ်ချက်က သူအထီးကျန်မှာကြောက်လို့ လုပ်ခဲ့တာဘဲမဟုတ်ဘူးလား

"သခင်လေးhost အဆင်ပြေရဲ့လား?"
ဘောလုံးလေး သူ့hostကိုအကောင်းဆုံးနှစ်သိမ့်
ပေးချင်တယ်။

စုယွီ မျက်တောင်ခတ်လိုက်ပြီး သူ့မျက်နှာပေါ်က
ဝမ်းနည်းတာကို ဖျောက်ပလိုက်တယ်။
ဘောလုံးလေးကိုတည်ငြိမ်စွာကြည့်လိုက်ပြီး
"ငါ နောက်ကမ္ဘာအတွက် ငါ့characterကိုမရွေးရသေးဘူးမလား?"

"ဟုတ်တယ်"
ဘောလုံးလေး စုယွီကိုဒီအကြောင်းပြောချင်တာကြာပြီမို့ ချက်ချင်းဘဲside missionတွေကိုထုတ်ပြလိုက်တယ်။
"သခင်လေးhost ဒီside missionသုံးခုထဲက တစ်ခုကိုရွေးလို့ရပါတယ်"

အနုပညာအသိုင်းအဝိုင်းရဲ့storyထဲမှာ
Character သုံးခုက side missionသုံးခုကို
ကိုယ်စားပြုတယ်; အသက်၁၈နှစ်အရွယ် Celebrity, နာမည်ကြီးဒါရိုက်တာ, entertainment companyရဲ့ဥက္ကဌ ။

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now