Arc 2.3

343 61 0
                                    

#Unicode

ကျောက်entရဲ့ဥက္ကဌဆိုပေမယ့်လဲ လျို့ထျန်းယွမ် ခံစားမိတယ် တစ်ဖက်လူက သရုပ်ဆောင်တာနဲ့ပတ်သက်ပြီးထူးချွန်တာမရှိဘူး။
ပြီးတော့ အကြီးမားဆုံးအချက်က သူဌေးက
Professional training တွေတစ်ခုမှကိုမတက်ဘဲ လက်တန်းရိုက်ဖို့ဆုံးဖြတ်ထားတာကိုဘဲ။

မိတ်ကပ်နဲ့အဝတ်အစားတွေ ပြင်ဆင်ပြီးတဲ့အချိန်မှာ'စုအတွင်းနန်းဆောင်ရဲ့အထိန်းတော်'အဖြစ် ရိုက်ကွင်းပေါ်ရောက်လာသည်။

"မင်္ဂလာပါ၊ ဥက္ကဌကျောက်"
အဝတ်အစားအပြည့်အစုံပြင်ဆင်ပြီးတဲ့ ချီချန်း
စုယွီဆီကိုလျှောက်လာကာ ရည်မွန်ပြေပြစ်စွာနဲ့
နှုတ်ဆက်လိုက်သည်။

စုယွီ ချီချန်းကိုတစ်ချက်ကြည့်လိုက်ကာ တွေးလိုက်မိတယ် ဒီလူ IQမရှိတဲ့နောက်ထပ်ဇာတ်လိုက်ပေါ့။ သူသက်ပြင်လေးချလိုက်ကာ အေးစက်စွာဖြင့်
"စလိုက်ကြရအောင်"

မျက်နှာကြီးမည်းနေတဲ့ ဒါရိုက်တာသည် တခြားသူတွေကို readyဖြစ်အောင်လုပ်ခိုင်းလိုက်သည်။ သူ့ရဲ့ရှစ်ခေါက်ချိုးနေတဲ့မျက်နှာဖြင့်
"စမယ်!"
ပထမsceneကိုစတင်လိုက်သည်။

ချီချန်းဟာ အာရုံစုစည်းလိုက်ကာ ဧကရာဇ်အဖြစ် မှန်ကန်စွာ ပြုမူလိုက်သည်။

စုယွီရဲ့မျက်ဝန်းတွေဟာ အောက်ကိုကြည့်လိုက်ကာ ကျောကို ဖြည်းဖြည်းချင်းကုန်းလိုက်သည်။
သူအခုချိန်မှာ တကယ်ကိုအိမ်တော်ထိန်းပုံစံပေါက်နေတယ်ဆိုတာကိုတော့ လက်ခံရမယ်။

ဧကရာဇ်ဟာ တော်ဝင်စားပွဲရှေ့မှာ တစ်ယောက်ထဲထိုင်နေပြီး စာရွက်လိပ်တွေဖြင့် အလုပ်ရှုပ်နေသည်။ စုယွီ ဖွဖွလေး ငုံ့လိုက်ကာ ဘေးကိုလာရပ်သည်။ သူ့ရဲ့မျက်လုံးတွေဟာ ဧကရာဇ်ကိုရှေ့နောက်စုံစွာ ကြည့်လိုက်ပြီး ဧကရာဇ်ပင်ပန်း၍ မျက်ခုံးတွေကို နိုပ်နယ်နေတာကိုမြင်လိုက်ည်။ စုယွီ ရှေ့ကိုတစ်လှမ်းတိုးလိုက်ကာ
"ဧကရာဇ် ပင်ပန်းနေပါပြီ ဘာလို့အနားမယူသေးတာပါလဲ?"

ဧကရာဇ်ဟာ ဘာမှပြန်မပြောဘဲ ခေါင်းမော့ကာ
စုယွီကိုစူးစိုက်စွာ ကြည့်လိုက်သည်။ သူ့ရဲ့စူးရှတဲ့ မျက်ဝန်းတစ်စုံဟာ စုယွီကိုကြောက်ရွံ့စေလာသဖြင့် ခေါင်းကိုငုံ့ချကာ နောက်နှစ်လှမ်ပြန်ဆုံ့လိုက်လေသည်။

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now