Arc 2.13

801 93 5
                                    

#Unicode

Chapter 25 | Arc 2.13

အခုဖြစ်​နေတာ​တွေက လုမန်နီကို အဓိကစိတ်ညစ်​စေတာ​တွေမဟုတ်​သေးဘူး။
ချီချန်းရဲ့weiboက သူမကိုပါးရိုက်လိုက်သလိုခံစားရ​ပေမယ့်  သူမမသိသလို အရှက်မရှိဟန်​ဆောင်လို့ရ​သေးသည်။

ပြီး​တော့လည်း သူတင်ခဲ့တဲ့postက ချီချန်းကို တိုက်ရိုက်ရည်ညွှန်း​နေတာမှမဟုတ်တာ-​သေချာကြည့်ရင် သူမက personal statementသာတင်ထားပြီး သူနဲ့သူမကြားဆက်ဆံ​ရေးကို ဝင်စွက်ဖက်​နေ​​သော စာမဟုတ်​ပေ။

သူမကိုအဓိက​ခေါင်းကိုက်​စေတဲ့အရာက ချီချန်း
ပို့စ်တင်ပြီး၁၀မိနစ်အကြာတွင် ​နောက်ထပ်ပို့စ်အရှည်ကြီးတစ်ခု အင်တာနက်​ပေါ် ထပ်ထွက်လာ​လေသည်၊

ထိုပို့စ်ဟာ ချီချန်းနဲ့သူမအကြား ​ကောလဟာလ​တွေကို စစ်​ဆေးထားပြီး trendingဖြစ်​အောင်လုပ်​နေတဲ့ water army acc​တွေကိုပါlistနဲ့ချပြထားသည်။

ဒီပို့စ်ထွက်လာတာနဲ့တစ်ပြိုင်နက် ငြိမ်သက်​နေပြီ​ဖြစ်တဲ့ ကွန်ယက်ကြီးတစ်ခုလုံး ပြန်လည် အုံကြွလာ​လေပြန်သည်။ချီချန်းနဲ့လုမန်နီရဲ့အချစ်ကို​ထောက်ခံ​နေတဲ့ water army​ acc​တွေနဲ့ဖြတ်​လျှောက်acc​တွေအများအပြားကို'​ဖောင်း ​ဖောင်း ​​ဖောင်း'ဆိုပြီး ပါးချလိုက်သလိုပင်။

လုမန်နီ ထိုပို့စ်ကိုမြင်လိုက်တဲ့အချိန် သူမတစ်ကိုယ်လုံးတုန်ယီလာ​လေသည်။
ဒီသတင်း​တွေက သူမကိုလာမဆက်နွယ်မှန်း အတည်ပြုပြီးမှသာ သူမစိတ်အနည်းငယ် သက်သာသွား​ပေမယ့် ရင်ထဲမှာ​တော့ ​ဒေါသ​တွေနဲ့ပြည့်နှက်​နေသည်။

သူမဒီ​လောက် အကုန်လုံးကိုပြင်ဆင်ထားရက်နဲ့ ဘာလို့စီစဥ်ထားသလိုမဖြစ်ရတာလဲ?!

လုမန်နီ တုန်ယင်​နေ​သော လက်တစ်စုံ
ဖြင့်weiboကိုပိတ်လိုက်ကာ saveမလုပ်ထား​သော ph no.ကို​ခေါ်လိုက်သည်။သုံးကြိမ်​လောက်​ခေါ်ပြီးမှသာ တစ်ဖက်ကဖု​န်းကိုကိုင်​လေသည်။ လုမန်နီ ​ဒေါသတစ်ကြီးမတုံ့ပြန်ရ​သေးခင်မှာဘဲ တစ်ဖက်က အသံခပ်နိမ့်နိမ့်ဖြင့်

"ငါ့ကို​နောက်တစ်ခါထပ်မဆက်နဲ့"

လုမန်နီ ​ခဏ​လောက်​ကြောင်သွားကာ သူမရဲ့ရိုးသားကြင်နာတဲ့ပုံစံကို​မေ့သွားကာ စတင်​အော်ဟစ်လိုက်တယ်။
"လီဟန် ရှင်ဘာ​တွေ​ပြော​နေတာလဲ?! ​စောနကဘဲ ကျွန်မတို့ အဆင်​ပြေ​နေ​သေးတယ်​လေ အခု ဒီကိစ္စ​တွေ ဒီလိုဖြစ်လာ​တော့မှ ထပ်မဆက်သွယ်နဲ့လို့​ပြောတယ်​ပေါ့​လေ?!ရှင်လိုအပ်တုန်းက ကျွန်မ​ပေးခဲ့တဲ့အကူအညီကို ဒီလို​​ပေးဆပ်လိုက်တယ်​ပေါ့​လေ?!!"
.
တစ်ဖက်ကလူက ခဏ​လောက်တိတ်ဆိတ်သွားပြီး
လုမန်နီ သူ့ကိုထပ်ပြီး ​အော်ဟစ်မ​ပြောခင်မှာဘဲ သူအကျယ်ကြီး ထ​အော်ရယ်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jul 09, 2021 ⏰

Add this story to your Library to get notified about new parts!

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now