Arc 2.6

424 73 7
                                    

#Unicode

မွန်းတည့်ချိန်တွင် "အတွင်းနန်းဆောင်ရဲ့ ကျန့်ကျား" ဇာတ်လမ်းတွဲဒါရိုက်တာကို စုယွီက ဖုန်းခေါ်ခဲ့သည်။ သူသည် ထင်ရာစိုင်းတတ်သောဉက္ကဌနှင့်ပြောဆိုဆက်ဆံရာတွင် အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီး အကူအညီမဲ့သည်ဟုခံစားရသော်လည်း သူ့လေသံကတော့ လေးစားသည့်အသံဖြစ်နေဆဲပင်။ "ဥက္ကဌကျောက် Ol' Hanနဲ့ ကျွန်တော့်ကို တစ်ခုခုများ ဆွေးနွေးချင်တာများ ရှိလား"

ဒါရိုက်တာရည်ညွှန်းသော "Ol' Han"သည် "အတွင်းနန်းဆောင်ရဲ့ ကျန့်ကျား"ဇာတ်လမ်းတွဲမှ ဇာတ်ညွှန်းရေးသူ ဟန်ကျီခွင်းဖြစ်သည်။

"အင်း...ဒီဒရမ်မာဇာတ်လမ်းတွဲထဲက တတိယအမျိုးသမီးဇာတ်လိုက်နဲ့ပတ်သက်ပြီး ခင်ဗျားတို့နှစ်ယောက်နဲ့ ‌ေ‌ဆွးနွေးစရာအချို့ ကျွန်တော့်မှာရှိတယ်" စုယွီရဲ့အသံက သိမ်မွေ့ပြီးဖော်ရွေပေမယ့် ဒါရိုက်တာနှင့်ဇာတ်ညွှန်ရေးသူတို့နှစ်ဦးစလုံး၏နှလုံးသားများသည် ပြင်းထန်စွာ စတင်တုန်လှုပ်လာတော့သည်။

ဒီဒရမ်မာ၏ဒါရိုက်တာကျန်းကျင်သည် အသက်လေးဆယ်တောင် မရှိသေးသော်လည်း သူသည် ဖျော်ဖြေရေးလုပ်ငန်းတွင် လူသိများပြီး သူ၏ရိုက်ကူးထုပ်လုပ်မှုအရည်အသွေးကြောင့် ချီးကျူးခြင်းခံရသူဖြစ်သည်။ သူ၏ TVဇာတ်လမ်းတွဲများမှာ ဝေဖန်ပြောဆိုသူများထံတွင်လည်း အဆင့်သက်မှတ်ချက်ကောင်းများရရှိကြသည်။

ဒါက သူသည် သရုပ်ဆောင်များကိုတင်းကြပ်စွာရွေးချယ်ခြင်းကြောင့်သာမကပဲ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ပုံနှင့် ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်များအပေါ်ကိုပါ တင်းကြပ်စွာထိန်းချုပ်ထားခြင်းအပြင် ဇာတ်ညွှန်းနှင့် ဇာတ်လမ်းကျောရိုးအပေါ် သူ၏မြင့်မားသောစံနှုန်းများကြောင့်လည်းဖြစ်သည်။

ယခင်က စုယွီ၏ခေါင်းမာမှုကြောင့် ဇာတ်ကောင်များထပ်ထည့်ပြီး ဇာတ်ညွှန်းကိုပြင်ဆင်ခဲ့ရတာနဲ့တင် သူ၏စိတ်ရှည်မှုနှင့် သည်းခံမှု အကန့်အသတ်ကိုရောက်လုနီးပါးဖြစ်နေခဲ့သည်။ အကယ်၍ စုယွီက သူ့ကို အခြားဇာတ်ကောင်ကိုပါ ပြုပြင်ခိုင်းမည်ဆိုပါက ဒါရိုက်တာသည် အလွန် လျင်မြန်စွာ နှုတ်ထွက်သွားနိုင်သည်။

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now