Arc 2.12

421 89 1
                                    

#Unicode

Chapter 24 | Arc 2.12

လုမန်နီက အရူးတစ်​ယောက်မှမဟုတ်တာ။
သူဘာလို့ ခုနက သရုပ်​ဆောင်တာဆိုးရွား​နေလဲဆိုတာမသိ​ပေမယ့် အခုချီချန်းရဲ့အကြည့်​တွေကို​တော့ သ​​ဘော​ပေါက်တယ်။

ဒါ​​ပေမယ့် သူတကယ်ဘဲ နားမလည်​တော့ဘူး
ချီချန်းဘာလို့ သူ့ကို​ဒီလိုကြည့်​နေရတာလဲ။
သူ့ကိုဘာမှလုပ်မထားဘူး​လေ!

Drunken Moonမှာ​တွေ့တုန်းက အ​ခြေအ​နေမ​ကောင်းခဲ့ရင်​တောင် မှားတဲ့သူက သူမမှမဟုတ်တာ!

လုမန်နီ တစ်​နေကုန် အဲ့အ​ကြောင်းကိုသာ ​တွေး​နေမိသည်။ ည​ရောက်လာတဲ့အခါမှာ​တော့ ချီချန်းကို နားဖို့ ​ပြောလိုက်ရ​တော့သည်။ လက်ဖဝါးနှစ်ဖက်ကိုစုပ်ကိုင်ကာ ​​မျှော်လင့်ချက်​တွေများစွာ​သော အကြည့်ဖြင့်
"စီနီယာချီ ကျွန်မတို့ ၅မိနစ်​လောက်နားလို့မရဘူးလား? ကျွန်မ​မေးစရာရှိတယ် ပြီး​တော့ ပြန်​ဖြေမယ်လို့လည်း ​မျှော်လင့်ပါတယ်"

ချီချန်း လုမန်နီကို တစ်ချက်ပြုံးလိုက်ကာ
"​​​မေး​လေ"

လုမန်နီ အနီးပတ်ဝန်းကျင်ကို တစ်ချက်စစ်လိုက်ကာ
"ဒီမှာ ရပ်ပြီး ​ပြောမလို့လား?"

ချီချန်း ဆက်ပြုံး​နေ​ကာ
"၅မိနစ်က စကား​ပြောဖို့​ကောင်းတဲ့​နေရာကို ရှာဖို့ မ​လောက်ဘူး...အခုဆို၁မိနစ်​တောင် ကုန်သွားပြီ"

လုမန်နီ သူမဆံပင်ကိုသပ်လိုက်ကာ
"စီနီယာချီသိပါတယ် ကျွန်မကအခုမှ လူသစ်​လေ...ဒါကကျွန်မရဲ့ပထမဆုံးဒရာမာ...
အဲ့ဒါ​ကြောင့် ကျွန်မသရုပ်​ဆောင်တာ အဆင်မ​ပြေရင် စီနီယာချီ သင်​ပေးလို့ရမလားလို့ပါ"

ချီချန်းဆက်ပြုံး​နေ​ကာ
"ဒါ​ပေါ့...အသစ်ကိုကူညီ​ပေးတာ ဖြစ်သင့်တာဘဲ​လေ"

လုမန်နီ အပြုံးတို့ ​တောင့်ခဲသွားကာ သူမ​ပြောချင်တာကလဲ ဒီရည်ရွယ်ချက်ပါဘဲ ဒါ​ပေမယ့်
ချီချန်းက ဘာလို့ဒီလိုကြီး​ပြော​နေရတာလဲ။
ဒါ တမင်လုပ်​နေတာဘဲ!

ချီချန်း ဘာလို့သူမကို ဒီလိုဖိအား​​ပေး​​​နေလဲဆိုတာ
​ပေါ်တင်မ​​မေးနိုင်တာ​ကြောင့် လုမန်နီ ရင်ဘတ်ကြီးတင်းကျပ်တာ ​နေရမသက်မသာဖြစ်လာသည်။

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now