Arc 2.9

491 88 3
                                    

Chapter 21 | Arc 2.9

#Unicode

ဒီထူးဆန်းတဲ့စကားများက စုယွီအား ပိုပြီးဒေါသထွက်စေခဲ့သည်။ သူက စတင်ရုန်းကန်လှုပ်ရှားလိုက်တော့ ချီချန်းက သူ့ကို ချုပ်ကိုင်ထားတာကို ရုတ်တရတ်လျှော့လိုက်ချိန်မှာ သူက နောက်သို့ဆုတ်လိုက်သည်။ သူ့(ချီချန်း)မျက်နှာအမူအရာဟာ တည်ငြိမ်သော နဂိုခြေအနေအတိုင်းသို့ ပြန်ရောက်သွားခဲ့သည်။ “ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် အရမ်းရိုင်းသလိုဖြစ်သွားတယ်။ ဥက္ကဌကျောက် ကျွန်တော့်ကို ဗွေမယူဖို့ မျှော်လင့်တယ်။”

သူ့(ချီချန်း)မျက်လုံးတွေကို ဖြည်းညင်းစွာမှိတ်၍ ပြန်ဖွင့်လိုက်ချိန်တွင် စိတ်လှုပ်ရှားမှုများဟာ တဖြည်းဖြည်းအေးဆေးတည်ငြိမ်လာခဲ့သည်။ မျက်လုံးများတွင် နက်ရှိုင်းသောအရိပ်အမြွတ်တစ်ခုရှိနေသော်လည်း ထိန်းချုပ်ထားမှု၏အပေါ်ယံဟန်ဆောင်မျက်မှာဖုံးတစ်ခု တပ်ဆင်ထားနိုင်ပြီဖြစ်သည်။

အခြားသူတစ်ဦး၏ ပစ်မှတ်ဟာ သူကိုယ်တိုင်သာ မဟုတ်ခဲ့ရင် ထိုအခြေအနေကို ပြန်လည်ပြင်ဆင်လိုက်တဲ့အမြန်နှုန်းဟာ စုယွီကို သဘောကျသွားစေခဲ့မှာဖြစ်တယ်။

သူ့ကို အတင်းအဓမ္မဆုပ်ကိုင်ထားပြီးတော့ ယခုတွင် စိတ်ရင်းမှန်ဖြင့် တောင်းပန်နေပုံရသည်။ ချီချန်းက ဘယ်သူ့ကို အရူးလို့ထင်နေတာလဲ။

စုယွီက ရုန်းမထွက်မနိုင်မီ ဘောလုံးလေး “သခင်‌လေး Host ခင်ဗျားအေးဆေးတည်ငြိမ်နေရမယ်။ အဓိကတာဝန်ရဲ့အစပဲ ရှိသေးတာကြောင့် အဓိကဇာတ်လိုက်နဲ့ ပတ်သက်တဲ့အဆက်အသွယ်တွေကို ဖျက်ဆီးပြစ်လို့မရဘူး။”

စုယွီသည် ဘောလုံးလေးကို အပြုံးတုဖြင့် တည့်တည့်ကြည့်လိုက်သည်။ “ကိစ္စမရှိဘူး။ ငါ သူ့ကို ငါ့ကုမ္ပဏီနဲ့စာချုပ်ချုပ်ပြီး ငါနဲ့ထပ်တူ အခွင့်အ‌ရေးပေးဖို့ ခွင့်ပြုလိုက်မယ်။ ဒီနည်းလမ်းနဲ့ဆို ငါတို့ရဲ့ တာဝန်ကို ပိုမိုမြန်ဆန်စွာ ပြီးစီးနိုင်တယ်။”

ဒီလိုမျိုး BDSM imprisonment ပြဇာတ်က တကယ်စိတ်လှုပ်ရှားစရာကောင်းပုံရပေမယ့် ဘောလုံးလေးကို အရမ်းကြောက်လန့်တုန်လှုပ်စွာ ငိုကြွေးမိလုနီးပါးဖြစ်သွားခဲ့ပြီး အတင်းအကျပ် ထောင်ချခံရမည့်အလား ခံစားသွားရစေခဲ့သည်။

စုယွီ၏စကားများသည် ဘောလုံးလေးကို အနည်းငယ် ခြိမ်းခြောက်ချင်ရုံမျှသာဖြစ်သည်။ တကယ်တော့ စုယွီသည် သူစကားပြောနေစဉ်မှာပဲ သူ့ဒေါသတွေကို ထိန်းချုပ်ထားပြီးပြီ။ သူက ချီချန်းကို ခံစားချက်ကင်းမဲ့သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး မည်သည့်စကားမျှမဆိုပဲ အခန်းထဲကနေ ထွက်သွားခဲ့သည်။

စုယွီထွက်ခွာသွားပြီးတဲ့နောက်မှာ ပွဲကြည့်နေသူ လုမန်နီက စကားပြောရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် တောင်းပန်ရန် စတင်ခဲ့သည်။ “စီနီယာချီ ဥက္ကဌကျောက်ရဲ့ စိတ်နေစိတ်ထားက တကယ်မကောင်းဘူး။ ဒါပေမယ့် ရှင် အဲ့အတွက် ဗွေမယူပါနဲ့။ သူက အဲ့လိုတော့မဟုတ်...”

“ထွက်သွား(၁)” ကြင်နာမှုကင်းမဲ့သော ချုပ်ထိန်းထားသောအသံနိမ့်တစ်ခုသည် လုမန်နီ၏စကားစကို ကြားဖြတ်လိုက်လေသည်။
(T/N: လုမန်နီက စုယွီရဲ့မကောင်းကြောင်းကိုပြောတော့ ချီချန်းက စိတ်တိုသွားတာကို ထိန်းချုပ်ထားပြီးပြောသည့် အံကြိတ်သံကို ဆိုလိုတာဖြစ်မည်။)

လုမန်နီကို ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။ သူမကြားရတာ အမှန်တကယ်မဟုတ်ဘူးမလား။”

အမြဲတမ်း နူးညံ့သိမ်မွေ့ပြီးယဉ်ကျေးသောသူဖြစ်သည့် ချီချန်းသည် ရိုင်းစိုင်းသည့်စကားများကို မည်သို့ပြောနိုင်မည်နည်း။ သူမက နားကြားလွဲသွားသည်ဟုထင်မှတ်မိပြီး လုမန်နီသည် စကားထပ်ပြောရန် ကြိုးစားလိုက်သည်။ “စီနီယာချီ ကျွန်မ...

သို့သော်လည်း သူမစကားများကို နောက်တဖန် ကြားဖြတ်ခံလိုက်ရပြန်သည်။ ချီချန်းသည် သူ့ခေါင်းကို တဖြည်းဖြည်းမော့လိုက်ပြီး လုမန်နီကို မျက်တောင်မခတ်စိုက်ကြည့်လိုက်ကာ “အခုချက်ချင်း ထွက်သွား... ကျေးဇူးပြု၍ မြန်မြန်ထွက်သွားလိုက်တော့”

များသောအားဖြင့် ယဉ်ကျေးဖော်‌ရွေသောချီချန်း၏မျက်လုံးများသည် ယခုအချိန်တွင် ရေခဲပြင်ထဲမှရေခဲများအထဲသို့ ကျစ်လျစ်သိပ်သည်းသွားသကဲ့သို့ ကြည့်ရှုသူတိုင်းကို ချက်ချင်းအေးခဲသွားစေတော့မလိုမျိုး ခံစားရစေကာ ဒီအချိန်၌ လုမန်နီကို လုံးဝကြက်သေသေသွားစေခဲ့သည်။

ပို၍ကြောက်စရာကောင်းသည်မှာ ထိုမျက်လုံးများသည် ရက်စက်ယုတ်မာမှုများနှင့် ပြည့်နှက်နေသည်။

လုမန်နီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မသိစိတ်၏စေ့ဆော်မှုအရ တုန်လှုပ်လျက်ရှိပြီး သူမနှလုံးခုန်နေသည့် စက္ကန့်နှင့်အမျှ ထိတ်လန့်နေခဲ့သည်။ ဒီလူရဲ့မျက်လုံးတွေက အရမ်းကြောက်စရာကောင်းတယ်။

“မစ်လု... ကျွန်တော် ဒီထပ်တူညီတဲ့စကားလုံးတွေကို တတိယအကြိမ်ထပ်ပြောရဦးမှာလား။” ချီချန်းသည် သူ့မျက်လုံးများကို ညာဖက်လက်ဖြင့်အုပ်ထားသော်လည်း သူ့နှုတ်ခမ်းထောင့်စွန်းများသည် တူညီစွာတွန့်ကွေးသွားပြီး အန္တရာယ်ရှိသည့်အပြုံးသို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။

ဒီအချိန်မှာ‌တော့ လုမန်နီဟာ သူမစိတ်အာရုံကို ပြန်လည်ရရှိလာခဲ့သည်။ သူမ၏တုန်လှုပ်နေသော စိတ်နှလုံးကို မြက်ရွှံမြင်းတစ်ထောင်နင်းချေလိုက်သလို ခံစားရသော်လည်း သူမသည် ပြန်ဖြေဖို့ကို အရမ်းကြောက်လန့်နေခဲ့သည်။ သူမအိတ်ကိုဆွဲ၍ အခန်းထဲမှ ထွက်ပြေးသွားဖို့ကိုသာ လုပ်နိုင်တော့သည်။

လုမန်နီထွက်သွားပြီးနောက် ချီချန်းသည် သူ့မျက်လုံးများကို မိနစ်အနည်းငယ်မျှ ဖုံးအုပ်ထားခဲ့သည်။ ထို့နောက် သူသည် ရုတ်တရတ် ရယ်မောလိုက်လေသည်။ ထိုရယ်မောလိုက်ခြင်းသည် ရွှင်လန်းကျေနပ်မှုနှင့် တင်းတိမ်ရောင့်ရဲမှုများ ပြည့်နှက်နေခဲ့သည်။ သို့သော် ယခုအချိန်တွင် စိတ်ပျက်ဖွယ်ကောင်းသောခံစားချက်နှင့် တွဲဖက်၍ အရူးအမူးစွဲမက်ဖွယ်ကောင်းနေခဲ့သည်။

ရယ်မောလိုက်ပြီးနောက် ချီချန်းဟာ သီးသန့်အခန်းထဲမှာ ဆက်လက်မစောင့်ဆိုင်းတော့ပဲ ထိုအစား Drunken Moonမှထွက်ခွာသွားခဲ့ပြီး သူ အချိန်ကြာမြင့်စွာ မသွားရောက်ခဲ့သောစံအိမ်သို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

ကြီးမားသောစံအိမ်သည် မြို့ဆင်ခြေဖုံးရပ်ကွက်တွင်ရှိပြီး ဘေးပတ်လည်တွင် အခြားအဆောက်အဦးများမရှိချေ။ ညအချိန်တွင်ရှိနေဆဲ ထိုအိမ်ကြီးကိုကြည့်ရသည်မှာ တကယ့်ကို ရင်တထိတ်ထိတ်ဖြစ်စေသည်။

ချီချန်း၏ကားသည် စံအိမ်ရှေ့တွင် ရပ်သွားခဲ့ပြီး သူသည် ဖြည်းညင်းစွာ ထွက်လာပြီးတော့ တံခါးဆီသို့ လျှောက်သွားခဲ့သည်။ သူသည် လေးလံသောသစ်သားတံခါးများကို တွန်းဖွင့်ကာ စံအိမ်တစ်ခုလုံးကို မီးအလင်းရောင်မ‌ရောက်သည့်နေရာမရှိထိတိုင်အောင် မီးအားလုံးကို ဖွင့်လိုက်သည်။

ထိုအချိန်တစ်ခုလုံးတွင် ချီချန်း၏လှုပ်ရှားနေမှုများသည် ရိုးရာဓလေ့တစ်ခုကို ဆောင်ရွက်နေသကဲ့သို့ အလွန်ပေါ့ပါး၊ နှေးကွေးနေပြီး တည်ငြိမ်နေသည်။

ထိုသို့ပြုလုပ်ပြီးနောက် ချီချန်းသည် ပထမထပ်ရှိဧည့်ခန်းတွင် ထိုင်နေခဲ့သည်။ သူ့နောက်ကျောဟာ ဖြောင့်တန်းနေပြီး သူ့မျက်လုံးတွေဟာ ဗလာဖြစ်နေကာ သူ့ကြည့်ရသည်မှာ ကြက်သေသေနေပုံရသည်။ သို့သော် သူ့မျက်လုံးများတွင် မျှော်လင့်ချက်အလင်းရောင်အချို့နှင့် လင်းလက်တောက်ပနေခဲ့သည်။

အချိန်ကြာမြင့်စွာထိုင်ပြီးနောက် ချီချန်းသည် နောက်ဆုံးတွင် ဖြည်းညင်းစွာထလာခဲ့သည်။ သူသည် ပထမထပ်ရဲ့ ဘယ်ဖက်အစွန်ဆုံးအခန်းထဲကို ဝင်သွားခဲ့ပြီး ထိုအခန်းမှနေ အခန်းတိုင်းကို ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဝင်သွားခဲ့လေသည်။

ပထမအခန်းတွင် ကျောက်တုံး၊ကျောက်ခဲများစွာကို အရောင်စုံ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်ရှိသည်။ သူတို့ကို စင်မြင့်များပေါ်တွင် ဂရုတစိုက်ထားရှိပြီး အလွန်အဖိုးထိုက်တန်သောစုဆောင်းမှုတစ်ခု ဖြစ်ပုံရသည်။

ဒုတိယအခန်းတွင် စာအုပ်များပြည့်နှက်နေပြီး စာကြည့်ခန်းတစ်ခုနှင့်တူသော်လည်း သေသေချာချာ လေ့လာသုံးသပ်ခြင်းသည် သာမာန်စာကြည့်ခန်းတစ်ခု မဟုတ်ကြောင်းဖော်ပြနေသည်။ အခန်းတွင်းရှိ စာအုပ်များကို သေတ္တာတစ်ခုစီတွင် ဂရုတစိုက်ထည့်သွင်းထားပြီး ပုံမှန်ဖတ်မည့်စာအုပ်များထက် စုဆောင်းသိမ်းဆည်းထားသည့်ပစ္စည်းနှင့် ပိုတူသည်။

တတိယအခန်းထဲမှာ ငှက်မွှေးအမျိုးစုံရှိလေသည်။ ရှည်ရှည်တစ်မျိုး၊ တိုတိုတစ်သွယ်၊ အနီ၊ အစိမ်း - စသည်ဖြင့် တစ်ခုချင်းစီကို ဖောက်ထွင်းမြင်နိုင်သည့်ဖန်ပုလင်းများထဲ၌ ထည့်သွင်းထားလေသည်။

အခန်းပေါင်းတစ်ဆယ့်နှစ်ခန်းရှိသည်။ ပထမအခန်းတစ်ဆယ့်တစ်ခန်းကို စနစ်တကျဖွဲ့စည်းထားပြီး တစ်ခန်းစီတွင် ကွဲပြားခြားနားသောအမျိုးအစားများကို ခင်းကျင်းထားသည်။ သို့သော် တစ်ဆယ့်နှစ်ခန်းမြောက်အခန်းတွင် ထူးခြားသော အလှထားရန်အသေးအဖွဲပစ္စည်းအမျိုးမျိုးကို တွေ့ရပြီး ပုံမှန်မြင်ရလေ့မရှိသောအမူအကျင့်မျိုး ရှိသည်။

သို့သော် ဒီအခန်းထဲတွင် ချီချန်းနေသည့်အချိန်က အကြာဆုံးပဲ။ ဧည့်ခန်းထဲမှာလိုပဲ သူက တွေဝေမိန်းမောနေခဲ့သည်။

ချီချန်းဟာ မည်သူတစ်ဦးတစ်ယောက်မျှမသိသည့် သမားရိုးကျမဟုတ်သောပစ္စည်းများကို စုဆောင်းလိုသောဝါသနာရှိသည့် စုဆောင်းသူတစ်ဦးဖြစ်သည်။

သူသည် အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ အရာအားလုံးကို စုဆောင်းရန် ကြိုက်နှစ်သက်လေသည်။

ငှက်မွှေးများ၊ ဖန်သား၊ ကျောက်တုံးများ၊ သဲ၊ ရေ... စသည်ဖြင့် ထူးဆန်းသည့်ပုံစံရှိသောအရာတော်တော်များများကို စုဆောင်းခဲ့တယ်။ သို့သော်လည်း ဒီထူးဆန်းတဲ့အရာတွေအားလုံးက သူ့ကို စိတ်ကျေနပ်မှုမပေးနိုင်သေးပေ။

စိတ်ပျက်ငြီးငွေ့ဖွယ်အခြေအနေကို ကြောက်ရွံ့သူတစ်ဦးဖြစ်သည်။

ပျင်းရိမှာကိုကြောက်ရွံ့ပြီး ထူးဆန်းသောအရာများကို ဆက်လက်စုဆောင်းနေမည့်သူ လူတစ်ယောက်...

ချီချန်းသည် သူကိုယ်တိုင်ပင် ဤအချင်းအရာကို မဖြစ်နိုင်ဟု ခံစားခဲ့ရသော်လည်း ထိုလူပုဂ္ဂိုလ်သည် သူကိုယ်တိုင်ပင် ဖြစ်သည်။ သူသည် ပျင်းရိခြင်းကို နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့ခဲ့သည်။ တစ်ယောက်ယောက်က သူ့ကို မငြီးငွေ့ရဘူးလို့ ပြောနေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူပျင်းရိလိုက်တာနဲ့ တစ်ပြိုင်နက် သူ့အတွက် အရေးကြီးတဲ့အရာ ပျောက်သွားလိမ့်မယ်။(၃)

ချီချန်းသည် သူ၏အရေးပါဆုံးအရာကိုပင် မသိခဲ့ပေမယ့် သူ့မှာ ထိုခံစားချက်က ရှိနေဆဲပင်။

ဒီခံစားချက်က သူ့ကို အသစ်အဆန်းတွေကိုအမြဲအပြတ်ရှာဖွေဖို့၊ ပစ္စည်းများကို အဆက်မပြတ်စုဆောင်းရန် ပြီး‌တော့ မကြာခဏစိတ်အလိုမကျသလို ခံစားရသည်။

သူ့လက်ထဲမှာ တစ်ခုခုကိုကိုင်ထားချိန်တိုင်း ဒီအရာဟာ သူလိုချင်သည့်အရာ မဟုတ်ဘူးဆိုတာကို ပင်ကိုယ်အသိစိတ်အရ ခံစားမိသည်။

ဒါ့ကြောင့် သူဟာ ကြောက်ရွံ့မှုတွေနဲ့ ဆက်လက်ရှင်သန်နေဖို့၊ ဆက်လက်ရှာဖွေဖို့၊ ဆက်လက်စိတ်အလိုမကျဖြစ်နေဖို့၊ ဆက်လက်အရူးအမူးဖြစ်နေခဲ့သည်။

ဒါပေမယ့် ဒီကိစ္စတွေဟာ အတိတ်ကဖြစ်ခဲ့တာတွေပါပဲ။ ဘာလို့လဲဆိုတော့ ဒီနေ့ပဲ သူ အခုလို ရှာဖွေတွေ့ရှိခဲ့သွားပြီ။ သူ့ကို မပျင်းရိစေတဲ့အပြင် သူ ပျင်းရိတာကိုကြောက်ရွံ့နေတာကိုလည်း သူက အကူအညီပေးနိုင်တယ်။

သူ အခြားသူတစ်ဦး၏လက်ကောက်ဝတ်ကို ကိုင်ထားစဉ်က သူ စစ်ဆေးမိခဲ့သည်။ ပြီးတော့ သူရှာဖွေနေသည့်အရာြဖစ်ကြောင်းကို အတိအကျကိုပင် သိလိုက်ရသည်။

သူလိုချင်သောအရာ သူလိုချင်သောအဖြေမှန်ကို သူတွေ့ရှိခဲ့သောကြောင့် အတိတ်တွင် သူစုဆောင်းခဲ့သော ဤအရာအားလုံးကို ယခုချက်ချင်း စွန့်ပစ်နိုင်သည်။

ထို့အပြင် သူသည် ဒီအဖြေမှန်ကို အသေအချာနားလည်သိရှိပြီး ထိုလူသားကို သိမ်းယူရလိမ့်မည်။

ချီချန်းသည် ဆယ့်နှစ်ခန်းမြောက်တွင် အချိန်အတော်ကြာ နေခဲ့သည်။ နောက်ဆုံး သူထွက်သွားသောအခါ တံခါးအပြင်ဖက်ကနေ ‌သော့ခတ်လိုက်သည်။ ဒီအခန်းထဲရှိအရာများသည် အခြားအခန်းများနှင့် ကွဲပြားသည်။ တစ်ချိန်က သူ့ကို စိတ်ငြိမ်စေပြီး စိတ်ကျေနပ်မှုပေးခဲ့သည်။

ယခုမူကား ချီချန်းသည် ဒီအခန်းကို သော့ခတ်ထားလိုက်ပြီ။ ထို့နောက် သူသည် အခြားအခန်းများအားလုံးကို တစ်ခန်းချင်းစီ သော့ခတ်လိုက်ပြီး နောက်ဆုံး၌ စံအိမ်အတွင်းရှိ အခန်းအားလုံးကို သော့ခတ်လိုက်သည်။

သူသည် စံအိမ်မှထွက်ခွာလာသည့်အခါ ချီချန်းသည် ရှုံးနိမ့်သွားသလိုမခံစားရရုံသာအက သူ့နှလုံးခုန်သံဟာ ဒရမ်တီးသလို အခုန်မြန်နေပြီး သူ့မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။

တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်မှ လျှို့ဝှက်စောင့်ကြည့်လေ့လာခဲ့သည့် ဘောလုံးလေးဟာ ၎င်း၏hostသည် အမှန်တကယ်ရှုပ်ထွေးနေသည့် စိုးရိမ်ပူပန်နေသောကြောင့် ဤဖြစ်ရပ်များကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာလာခဲ့သည်။ “သခင်လေးhost သခင်လေးhost ကျွန်တော့် အ‌‌ရေးကြီးတဲ့သတင်းအချက်အလက်တွေရလာတယ်။”

အိပ်ရာပေါ်မှာထိုင်ပြီး ဆံပင်အခြောက်ခံနေသည့် စုယွီသည် အေးစက်သောအကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။ “ဘာအကြောင်းလဲ”

ဒီလိုအေးစက်တဲ့တုံ့ပြန်မှုနှင့်အတူ ဘောလုံးလေးသည် အစောပိုင်းက ရှိနေခဲ့သော စိတ်လှုပ်ရှားမှုအားလုံး ပျောက်ကွယ်သွားလေသည်။ ဘောလုံးလေးသည် စကားမပြောချင်တော့ပေမယ့် စုယွီကို သူ မြင်တွေ့ခဲ့ရသောမြင်ကွင်းများကို ပြသရန် ရွေးချယ်ခဲ့သည်။

စုယွီသည် အမှန်တကယ် စိတ်ဝင်စားမှုမရှိပဲ တစ်ချက်မျှ ကြည့်လိုက်သည်။ သို့သော် ဖန်သားပြင်ပေါ်မှ ပုံရိပ်များ ပြောင်းလဲလာသည်နှင့်အမျှ သူသည် ပို၍အာရုံစူးစိုက်လာခဲ့ကာ သူ့လက်လှုပ်ရှားနေမှုများကိုပင် ရပ်တန့်လိုက်သည်။

“သခင်လေး Host ကျွန်တော် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တာမဟုတ်ဘူးလား” ဘောလုံးလေးသည် မျက်နှာချိုသွေးကာ မေးလိုက်လေသည်။

သို့သော် စုယွီသည် ဘောလုံးလေးကို စိုက်ကြည့်ပြီး အမိန့်ပေးလိုက်သည်။ “မင်း ပါးစပ်ပိတ်ထားလိုက်”

ကောင်းသော အရာတစ်ခုကိုပြုလုပ်ခဲ့သည်ဟုထင်ပြီး hostဖြစ်သူ၏ချစ်ခင်တွယ်တာမှုကို မြှင့်တင်လိုသော သနားစရာဘောလုံးလေးသည် ဝမ်းနည်းစွာဖြင့် ထောင့်စွန်းသို့ လွင့်မျောသွားကာ စက်ဝိုင်းပုံဆွဲခြင်းကိုသာ ပြုလုပ်နိုင်တော့သည်။

စုယွီသည် သူ့မျက်စိရှေ့ရှိပုံရိပ်များကို စိုက်ကြည့်နေပြီး သူတောင် သတိမထားမိပဲ သူ့အကြည့်တွေဟာ နူးညံ့လာခဲ့သည်။ နှလုံးသားပုံသဏ္ဍာန်ကျောက်တုံး၊ နီနီရဲရဲမေပယ်ရွက်များ၊ ထိပ်တန်းအဆင့်သဲဖြူများ၊ ‌ရေပြာ၊ ရောင်စုံသန္တာကျောက်၊ အစိမ်းရောင်ငှက်မွှင်ငှက်မွှေးတောင်များ... နှင့် အံ့သြဖွယ်ကောင်းသောအရာမှာ ချားရဟတ်မှထုတ်ယူထားသော မှတ်စုပါသည့် ဝက်အူတစ်ခုပင်ရှိလေသည်။

အမှတ်တရအမျိုးမျိုးနှင့် ဆက်စပ်နေသည့် အရာအာလုံးကို တစ်နေရာတည်းမှာ အတူတူပင် တွေ့ရှိလိုက်ပြီးတော့ ထိုအရာဝတ္ထုများ၏အလယ်မှာ ချီချန်းရဲ့ပုံရိပ်ရှိလေသည်။
(T/N: နိုနိုလေးထင်တာကတော့ Arc-1မှာ taskပြီးသွားတဲ့အခါ သူတို့နှစ်ဦးအတူရှိကြတော့ စုယွီမပျင်းအောင် ချူချင်းရန်က နေရာစုံကို အတူခရီးထွက်ကြပြီး သွားခဲ့ဖူးတဲ့နေရာတွေက အမှတ်တရပစ္စည်းမျိုးတွေဖြစ်မယ်ထင်တယ်။ ဒါလေးကတော့ နိုနိုအထင်ပါနော်။ နိုနိုလည်း ရေးရင်းနဲ့ဖတ်တာမို့ ကြိုမသိပါဘူးရှင်)

စုယွီရဲ့မျက်လုံးများသည် မျက်တောင်တဖျတ်ဖျတ်ခတ်ပြီးတော့ နှုတ်ခမ်းထောင့်စွန်းများဟာ တွန့်ကွေးသွားကာ အပြုံးတစ်ပွင့်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အေးစက်သည့် မက်မွန်ပန်းပွင့်လိုမျက်လုံးများသည် ပျော်ရွှင်မှုကြောင့် လင်းလက်တောက်ပနေခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအကြည့်များကို မိုးသောက်ချိန်မှာ ထွက်ပေါ်လာတဲ့မြူလွှာလိုမျိုး မြူလွှာတစ်ခုဖြစ်ပေါ်လာခဲ့ပြီး စိတ်ထဲကခံစားချက်များ၏အဓိပ္ပာယ်ကို မှန်းဆမရအောင် ပြုလုပ်ထားလေသည်။

ထောင့်စွန်းမှာ ပုန်းအောင်းနေတဲ့ ဘောလုံးလေးတောင်မှ အလှတရားနှင့်အတူ စုယွီရဲ့မျက်နှာအမူအရာမှာ တွေ့ရတဲ့လေးနက်သောခံစားချက်များတွေကြောင့် အံ့အားသင့်သွားခဲ့ပြီး စက်ဝိုင်းထဲ ထပ်ကာထပ်ကာလှည့်ပတ်နေတော့သည်။

“ဒီကို လာခဲ့” စုယွီသည် ဘောလုံးလေးကို လက်ယပ်ခေါ်လိုက်သည်။

ဘောလုံးလေးသည် သူစိတ်ကြီးဝင်နေသည့် အခြေအနေကနေ ချက်ချင်းနိုးထလာပြီးတော့ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ “ သခင်လေး Host မင်းလိုအပ်သည့်အရာတစ်ခုခုများရှိလားဟင်”

စုယွီသည် သူ့ခေါင်းလေးကို စောင်းပြီး အလွန်အပြစ်ကင်းစင်သည့်အသွင်ဖြင့် “ငါ့ပုံစံက ကြောက်စရာကောင်းနေလို့လား”ဟုမေးခဲ့သည်။

ဘောလုံးလေးသည် သူ့နှလုံးသားထဲ၌ ငိုချလိုက်သည်။ သခင်လေး Host သင်က အပြင်ပန်းက ကြောက်စရာမကောင်းပေမယ့် သင့်ရဲ့အတွင်းစိတ်က အရိုးထိတိုင် ဆိုးတယ်။ ဟုတ်ပြီလား။

သို့သော် ဤအချက်ကို အသံကျယ်ကျယ်ဖြင့် ထုတ်မပြောရဲပါ။ ဘောလုံးလေးသည် စိတ်အတွင်းထဲ၌ တစ်ဝက်မျှသာ ငိုကြွေးနိုင်ပြီး တစ်ဝက်ကျော်သည်လည်း ချီတုံချတုံဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အနီးကပ်ချည်းကပ်ရဲခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ချီးကျူးစရာကောင်းသောအရာတစ်ခုကို ပြုလုပ်ထားသကဲ့သို့ ခံစားမိသော်လည်း နိမိတ်မကောင်းသည့်ခံစားချက်အချို့ကိုပါ အလိုလိုသိစိတ်အရ ကြိုတင်သိနေခဲ့သည်။

စုယွီသည် ဘောလုံးလေး၏တုန်လှုပ်ခြောက်ခြားနေသည့်ပုံကိုကြည့်ပြီး လက်ညှိုးထိုးကာ “အနားကိုလာခဲ့”

ဘောလုံးလေးသည် ၎င်းတွင်မရှိသော တံတွေးကိုမျိုချလိုက်ပြီး စုယွီနှင့် အနည်းငယ်နီးကပ်သည့်နေရာကို ပျံသန်းမလာမီ တုန်တုန်ယင်ယင် ဖြစ်နေခဲ့သည်။ နောက်အချိန်ခဏလေးအတွင်းမှာပဲ ဘောလုံးလေးသည် စက်ဆုပ်ဖွယ်ကောင်းတဲ့hostဖြစ်သူလက်ထဲ ဖမ်းဆီးခြင်းခံလိုက်ရသည်။

“…&*#¥%*!” ဘောလုံးလေးသည် အရမ်းကြောက်ရွံ့နေခဲ့ပြီး တိုးတိုးတိတ်တိတ်ပွပွစိစိကျိန်ဆဲခြင်းများ စတင်ရေရွတ်လာတော့သည်။

စုယွီသည် ဘောလုံးလေး၏ကြောက်ရွံ့ထိတ်လန့်နေမှုကို သတိမထားမိပဲ ပူပင်ကြောင့်ကြမဲ့စွာ ဘောလုံးလေးကို အနည်းငယ်ဖြစ်ညှစ်ကာ စိတ်ထဲရှိသည့်အတိုင်း မပြောမီ “Mm မဆိုးပါဘူး”

ထိုသို့ဆိုလိုက်တာကို ကြားလိုက်ရတော့ ဘောလုံးလေးသည် ဖျော့တော့နေပြီး ခေတ္တမျှသတိမေ့သွားတော့မလိုဖြစ်သွားလေသည်။

သို့သော်လည်း ဘောလုံးလေးAIစနစ်အရ သေဟန်ဆောင်ခွင့်မရှိပေ။ ဘောလုံးလေးသည် ငိုပြီး အနူးအညွှတ်တောင်းပန်ဖို့ကိုသာ ပြုလုပ်နိုင်သည်။ “သခင်လေး Host ဘာပဲဖြစ်ဖြစ် ကျွန်တော်အမှားလုပ်မိတယ်ဆိုရင် ကျွန်တော်ပြုပြင်ပြောင်းလဲပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ညှစ်နေတာ ရပ်ပေးပါလား။ ကျွန်တော် မင်းကို တောင်းပန်ပါတယ်။ Ying ying ying…”

စုယွီ၏မျက်လုံးများသည် ဂနာမငြိမ်ဖြစ်နေခဲ့သည်။ သူသည် ပြုံး၍ မေးလိုက်သည်။ “ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ မင်း ငါ့ကို မှန်မှန်ကန်ကန်ဖြေပေးမယ်လို့ မျှော်လင့်တယ်။”

“သခင်လေး Host ကျေးဇူးပြု၍ မြန်မြန်သာမေးလိုက်ပါတော့ ╥ _ ╥!” ဘောလုံး‌လေးသည် သေဆုံးသွားတော့မလို ခံစားနေရပုံရသည်။

“ချီချန်းနဲ့ ချူချန်းရန်တို့ကြားမှာ ဘယ်လိုဆက်နွယ်မှုရှိလဲ” စုယွီက အပြုံးတုဖြင့် မေးလိုက်သည်။

(၁) – 滚, “Roll” – လူများကို ထွက်သွားရန်ပြောသည့် အလွန်မရိုင်းသည့်စကားဖြစ်သည်။ အခြေခံအားဖြင့် “မင်း ဒီကနေ ထွက်သွားတော့”ဟု အမိန့်ပေးသည့် အဓိပ္ပာယ်သက်‌ရောက်သောစာစုတစ်ခု။

(၂) – 草泥马, “Grass mud horse” – ah, ဒီတစ်ခုက ကျွန်ုပ်အကြိုက်ဆုံး တရုတ်ဆဲဆိုသည့်စကားတစ်ခုဖြစ်သည်။ မြက်ရွှံမြင်း - ကုလားအုတ်မျိုးနွယ်ဝင် နက်မှောင်သော အမွှေးထူရှိ တောင်အမေရိက တိရိစ္ဆာန်တစ်မျိုး(alpaca)ဖြစ်နိုင်သည်။ 肏你妈အလွန်ဆင်တူသောအသံထွက်ရှိသည့် စကားလုံးပေါ်တွင် ကစားထားတာဖြစ်ပြီး ထိုစကားသုံးလုံး၏လုံးစေ့ပတ်စေ့ အဓိပ္ပာယ်မှာ‘f*ck your mother’ဟု ဆိုလိုသည်။

(၃) ဤစာသားများကို အကျွမ်းတဝင်ရှိတယ်လို့ ထင်ကြရဲ့လား။ chapter 12 [1.12]မှ ကောက်နုတ်ချက်

“နောက်ဆုံးမေးခွန်း။ ကျွန်တော့်ဘဝမှာ ကျွန်တော်အမုန်းဆုံးက ပျင်းရိတာပဲ။ တကယ်လို့ ကျွန်တော် ခင်ဗျားနဲ့နေရင်း တစ်နေ့မှာပျင်းလာခဲ့ရင် ကျွန်တော်ထွက်သွားမှာနော်။ ခင်ဗျား အဲ့တာကို လက်ခံနိုင်လား။” စုယွီ၏အမူအရာက ဂရုမစိုက်စွာပြောနေပေမယ့် သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေကတော့ အပေါ်ကိုကွေးတက်နေခဲ့သည်။

ပထမကတော့ ချူချန်းရန်ဟာ အလိုအလျောက် ခေါင်းညိမ့်မိတော့မလိုပဲ။ စုယွီရဲ့စကားတွေကြားတော့ သူစိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး‌ စုယွီရဲ့မျက်လုံးတွေကို လေးလေးနက်နက်စိုက်ကြည့်ကာ “မင်း ယုံကြည်စိတ်ချထားလို့ရတယ်။ ကိုယ် မင်းကို ဘယ်တော့မှ ပျင်းရိခွင့်ပေးမှာ မဟုတ်ဘူး။”

(T/N: ဒီအပိုင်းမှာ နိုနို ရေးတာ သိပ်အဆင်မပြေဘူးလို့ ခံစားရတယ်။ တစ်ချို့အပိုင်းတွေမှာ သိပ်နားမလည်ပေမယ့် တတ်နိုင်သမျှ အဆင်ပြေအောင်လို့တော့ ပြန်ထားပါတယ်။ စာဖတ်သူလေးများ ‌ကျေးဇူးပြု၍ နားလည်ပေးကြပါရှင့်။)

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now