Arc 2.7

385 67 1
                                    

#Unicode

အသစ်​ပြောင်းထားတဲ့ဇာတ်ညွှန်းဟာ ​နောက်ထပ်တစ်ကြိမ် ထပ်​ပြောင်းလိုက်ရသည်။ ဒီတစ်ကြိမ်​မှာ​တော့ အများကြီးကိုပြင်ဆင်လိုက်တာ​ကြောင့်
main plotကိုပါသက်​​ရောက်​စေသည့်အပြင်
တခြားcast​တွေလဲ ဇာတ်ညွှန်းအသစ်ကိုပြန်ကျက်ရ​လေသည်။

လုမန်နီဆီကို အသစ်ပြန်ပြင်ထားတဲ့ဇာတ်ညွှန်း​ရောက်တဲ့အခါမှာ မာန​ထောင်လွှားတဲ့ဥက္ကဌက
သူ့ဝိတ်နဲ့ ဒါရိုက်တာကိုအတင်းဖိအား​ပေးပြီး
​ပြောင်းခိုင်းတယ်လို့ထင်လိုက်သည်။
သူမနည်းနည်း​တော့​ပျော်သွားတယ် ဒီလိုအရာ​တွေက ဒါရိုက်တာဆီမှာဖြစ်လာမယ်ဆိုတာ ကြိုတွက်ထားသည်။

ဒါ​​​ပေမယ့် အသစ်ပြင်ထားတဲ့ဇာတ်ညွှန်းမှာ
သူမရဲ့နောက်ဆုံးsceneကိုမြင်ပြီး​နောက် သူမထပ်မပြုံးနိုင်​တော့ဘူး။ လှပတဲ့မျက်ဝန်းတစ်စုံက
​ဒေါသ​တွေ​တောက်​လောင်လာသည်။
​ကျောက်ချင်းစုံက သူ့ရဲ့ရန်ငြိုးကိုpublicကိုထုတ်ပြလိုက်ရုံတင်မကဘဲ သူမsceneကိုပါ
ဒါရိုက်တာကို​ပြောင်းခိုင်းလိုက်​လေသည်!!

သူမ ဒါလုံးဝလက်မခံနိုင်ဘူး!!!

လုမန်နီ ကျန်းဂျင်ကို တိုက်ရိုက်ဆက်သွယ်လိုက်​သော်လည်း ​နောက်ဆုံးမှာ​တော့ သူမဒါရိုက်တာကို
အာခံနိုင်စွမ်းမရှိသဖြင့် ​ဒေါသထွက်စွာဘဲကျန်​နေခဲ့သည်။
"ဒါရိုက်တာ ကျွန်မခု​လေးတင်ဘဲဇာတ်ညွှန်းအသစ်ကိုဖတ်ပြီးပြီ။ ကျွန်မအထင် တခြား​နေရာ​တွေ​ပြောင်းလိုက်တာ​ကောင်းပါတယ် ဒါ​ပေမယ့်
တတိယမင်းသမီး​နေရာက......ဒါရိုက်တာ
ရှင်ဘဲ​ပြောခဲ့တယ်​လေ ဒီဇာတ်​ကောင်ရဲ့highlightက ​နောက်ဆုံးsceneဆိုပြီး
အခု ​နောက်ဆုံးsceneက​ပြောင်းသွားတယ်
ဒါ ဒီဇာတ်​ကောင်ကိုအများကြီးထိခိုက်​စေနိုင်တယ်မဟုတ်ဘူးလား???"

လုမန်နီ သူမအပိုင်းနဲ့ပတ်သက်ပြီးတိုက်ရိုက်မ​ပြောဘဲနဲ့ ကျန်းဂျင်ကိုဒါရိုက်တာတစ်​ယောက်
ရဲ့ ရှု​ထောင့်က​နေ ပြသနာကို​ဖြေရှင်း​အောင်​ပြောလိုက်​သည်။ဒီလိုလုပ်တာက သူမမှာအပြစ်မရှိ​ကြောင်းကို​ဖော်ပြရုံသာမကဘဲ ​ကျောက်ချင်းစုန်အ​ပေါ် ကျန်းဂျင်ရဲ့အမြင်ကို ရှုံ့ချ​စေရန်ဖြစ်သည်။

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now