Arc 2.8

397 69 4
                                    

#Unicode

ချီချန်းနဲ့ ဒါရိုက်တာတို့ ည​နေ၆နာရီခွဲမှာ ချိန်းထား​ပေမယ့် ချီချန်းကမိနစ်၂၀​လောက်​စော​​ရောက်​နေ​လေသည်။

နာမည်ကြီးတဲ့စား​သောက်ဆိုင်ဖြစ်တဲ့Drunken Moonဟာ ရိုးရိုးရှင်းရှင်းဟင်းပွဲ​တွေသာဖြစ်​ပေမယ့် ပတ်ဝန်းကျင်က တအားကိုနှစ်လိုဖွယ်​ကောင်းကာ privacyလဲလုံခြုံ​သော​ကြောင့် လူအ​တော်အများက ဒီမှာ​တွေ့​လေ့ရှိကြသည်။

Private roomကို ဘိုကင်ယူထားတာဖြစ်​ပေမယ့် ချီချန်းကဒီကို​​ပထမဆုံးလာဖူးတာမဟုတ်​သော​ကြောင့် ဝိတ်တာ​ကောင်​လေးကို လက်ပြလိုက်ကာ
သူ့ဟာသူသွားလိုက်​တော့သည်။
အခန်းကို​​ရောက်သွား​တော့ တံခါးကဟ​နေ​တာကို ချီချန်းမြင်လိုက်ရသည်။

Private roomကို​တောင် တံခါးပိတ်ဖို့ ​မေ့တယ်ဆို​တော့ --ဒီဧည့်သည်က ​တော်​တော် န​မော်နမဲ့နိုင်တာဘဲ ချီချန်း​တွေးလိုက်တာ မျက်​မှောင်ကြုတ်လိုက်သည်။

သူတံခါးကို တွန်းဖွင့်လိုက်​တော့မည့်အချိန်မှာဘဲ
အထဲက ရယ်သံ​ဖျော့​ဖျော့​လေးကိုကြားလိုက်ရသည်။ ဒီရယ်သံက ရင်းနှီး​နေ​ကော ချီချန်းရပ်လိုက်မိသည်။

ထိုရယ်သံ ပြီးသွားတဲ့အချိန်မှာ ​အမျိုးသားတစ်​ယောက်အသံက ချီချန်းနားထဲဝင်​ရောက်လာသည်။
"မစ္စလု ကျွန်​တော့်ကိုဖိတ်တာ​ဒီအ​ကြောင်းကို​ပြောဖို့လား?"

"အင်း....အဓိကက​တော့ ဥက္ကဌ​ကျောက်ကို​တောင်းပန်ချင်တာပါ"
​အမျိုးသမီးတစ်​ယောက်ရဲ့အသံထွက်လာ​လေသည်။

ချီချန်းရဲ့ မှတ်ဉာဏ်ဟာ အရမ်း​ကောင်းတာ​ကြောင့် ဒီစကားအနည်းငယ်ကိုကြားလိုက်တာနဲ့
တစ်ဖက်ကလူနှစ်​ယောက်ကို သိရှိသွားပြီဖြစ်သည်။သူ အခန်းတံခါးကို ကြည့်လိုက်​တော့
သူဘိုကင်တင်ထားတဲ့ 'Magnolia Hall'အမည်ရှိတဲ့အခန်းဖြစ်​လေသည်။

ဒီလူနှစ်​ယောက်က ဘာလို့ သူဘိုကင်လုပ်ထားတဲ့အခန်းထဲ​ရောက်​နေလဲမသိ​ပေမယ့် ဆက်နား​ထောင်လို့မဖြစ်တာကို ချီချန်းသိသည်။
ဒါ​ပေမယ့် သူဘာ​ကြောင့်မှန်းမသိ​ပေမယ့်
သူ့နှလုံးသားနာကြင်လာပြီး အခန်းထဲကိုမဝင်ချင်​ပေ။

ဇာတ်လိုက်တွေရဲ့ IQကိုလိုက်ဖြည့်ပေးနေရတယ် Where stories live. Discover now