1💛

13.7K 468 18
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

''ဒေါက်🚪....ဒေါက်🚪''

T.O.P-၀င်ခဲ့ပါ

V-ဗိုလ်ချုပ် ကျွန်တော့်ကိုခေါ်တယ်ဆို

T.O.P-ဟုတ်တယ် ဗိုလ်ကြီး ကျွန်တော်တို့ လက်နက်နဲ့ခဲယမ်း
အသစ်တွေကို တော်လှန်ရေး တပ်ရင်း ၃ ကိုပို့ပေးပါနော်။ အထူးလျှို့ဝှက်ပို့ဆောင်ရပါမယ်နော်။စကားဝှက်က
'' ပတ္တမြားရဲ့ ချစ်ရသူ ဘယ်မှာလဲ'' ပါ။

V-ဟုတ်ကဲ့ ဗိုလ်ချုပ်။ဗိုလ်ချုပ် တခုလောက်မေးခွင့်ပြုပါ

T.O.P-မေးပါ ဗိုလ်ကြီး

V-တပ်ရင်း ၃ ဆိုတာ ဗိုလ်မှူး Manoban ရဲ့တပ်ပါလား။

T.O.P-ဟုတ်တယ် ဗိုလ်ကြီး။ဗိုလ်ကြီးက ပြောင်းလာတာ သိပ်
မကြာသေးတော့ ဗိုလ်မှူး Manoban ကို နာမည်နဲ့ စခန်းပဲ
သိတာကိုး နောက်၂ပတ်လောက်နေရင် Manoban
အကြောင်း ကောင်းကောင်းကြီး သိရလိမ့်မယ်။

V-ဟုတ် ဗိုလ်ချုပ် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး။လေးစားပါ
တယ် ဗိုလ်ချုပ်။

T.O.P-အေး လေးစားပါတယ်ကွာ။

~~~~~~~~~~~~~~~~~~

V-ဟေ့ ကိုယ့်လူတို့ ကုန်ပစ္စည်းမှာထားတာရှိတယ် သွားကြ
မယ် ဘူဆန်မြို့လည်က ရွှေဝါမြေ အိမ်တော်ကိုသွားမယ်ဟေ့

*ပထဆုံးပြောရရင် ကျွန်တော့ နာမည်ကတော့ Kim Tae Hyunပါ။ကိုရီးယားတော်လှန်ရေး တပ်မတော် တိုင်းအမှတ်၂ ဆိုးလ်မြို့ အခြေဆိုက် ဌာနချုပ်က ဗိုလ်ကြီးတယောက်ပါ။
ဂျပန်တွေ တောင်ကိုရီးယားကို ဖက်ဆစ်စနစ်နဲ့ကျူးကျော်
သိမ်းပိုက်ပြီးစော်ကားတာကိုမခံနိုင်တာရယ် လယ်ကွင်းထဲက
ကျွန်တော့အဖေ နဲ့ ညီမလေး တို့ရဲ့ သွေးကြွေးကို ဆပ်ဖို့
ကျွန်တော် တပ်မတော်ထဲဝင်ခဲ့တာပါ။ကျွန်တော့ရဲ့ လျို့ဝှက်
နာမည်ကတော့ V ပါ။တစ်နည်းပြောရရင် တပ်အတွင်းမှာ သုံးတာပေါ့။

ကျွန်တော်အခု တာဝန်က လက်နက်နဲ့ခဲယမ်းကို ဘူဆန်က
တပ်ရင်း ၃ ကို သွားပို့ရမှာ။တာဝန်ကတော့မသေးဘူးဗျ။
ဘူဆန်မှာ အဲ့တပ်ရင်းက လျှို့ဝှက်တပ်ရင်းဗျ။ကျွန်တော်သိချင်
တာကလေ တပ်ရင်းကြီးတခုလုံးကို ဘယ်လိုလျှို့ဝှက်ထား
တယ်ဆိုတာ ကိုပါပဲ။ခုတော့ ကျွန်တော်သိရတော့မယ်လေ။အဲ့
က ရာထူးအကြီးဆုံး ဗိုလ်မှူး Manoban က တော်တော်
အစွမ်းထက် လက်သံပြောင်ဆိုပဲဗျ။ *

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now