18💛

1.9K 247 20
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

''မမလေး မမလေး ခေါ်ခိုင်းတဲ့သူ ရောက်ပါပြီ´´

''အင်း အခန်းထဲ ခေါ်လိုက်´´

Sana ခု အိမ်ကိုပြန်ရောက်နေတာ ၃ နာရီလောက်ရှိပါပြီ နေ့လည်က မုန့်လိုက်ပေးတာကို ဘယ်နား ဘယ်လိုပျောက်
သွားလဲ မသိတဲ့ Tzuyu ကို လိုက်ရှာရင်း ဖေဖေ နဲ့တွေ့လို့
ဖေဖေက တဘက်ခါ မနက်ပိုင်းလောက် ဘူဆန်ကို ပြောင်းမှာမို့အိမ်ပြန်နားပြီး ပစ္စည်းတွေ သိမ်းထားဖို့ရယ်။
Jisoo Unnie ဆေးရုံက ဆင်းလာရင် အဆင်ပြေအောင်လို့
jisoo Unnie အခန်းကို ရှင်းခိုင်းတဲ့ ကိစ္စရဲ့ ကြီးကြပ်ရေးမှူး
တာဝန်ရယ်ပါ ပေးပြီး အိမ်ပြန်လွှတ်လိုက်လေရဲ့။

Jisoo Unnie သက်သာတယ် ဆေးရုံဆင်းရတယ်ကြားရ
တာ ၀မ်းသာပေမယ့် တဘက်ခါ ဘူဆန်ပြောင်းရတော့မယ်
ဆိုတော့ နားရွက်ကားကားလေးနဲ့ ရေခဲတုန်းလေးကို ခွဲရမှာမို့
စိတ်ထဲမှာတော့ ၀မ်းနည်းမိနေသား။မဝေးချင်တာမို့ ဘယ်လိုလုပ်ရမလဲ ကြံစည်နေရာကနေ ပထမဆုံး အကြိမ်
ဂျပန်ဘုရင်ခံ ဗိုလ်ချုပ် Minatozaki ရဲ့ သမီးဆိုတဲ့ နာမည်
ရဲ့ အာဏကို ဒင်းလေးကို ရှာဖို့ ဒင်းလေး အတွက် သုံးရတော့
မယ်။ခုလည်း ဖေဖေတို့ ကိုရီးယားတော်လှန်ရေးသမားတွေ
ဖမ်းမိတဲ့အခါ စစ်ဆေးတဲ့ စစ်ကြောရေး ရုံမှာ သုံးတဲ့ ပုံတူ
ပန်းချီဆွဲ ဆရာကို အာဏာတွေ ပါဝါတွေသုံးပြီး 15 မိနစ် အတွင်း အရောက်လာခဲ့ခိုင်းလိုက်ရသည်။တခါတလေတော့
အာဏာရှိတာ ကောင်းသားလို့ထင်မိသား။ဒါပေမယ့် အဲ့အရာ
က လူကို ပျက်စီးစေတာမို့ မစွဲလမ်းတာ ကောင်းမယ်လို့
လူသားတယောက်အနေနဲ့ ဆင်ခြင်ရမယ်။
(ဒါက ခ ကောင်မလေးSana က လူသားတယောက်အနေနဲ့
ဆင်ခြင်တာပါနော်။ဟို အိမ်သာစောင့်အစိုးရလို့ပြောနေတဲ့ ခွေးမျိုးကတော့ အဲ့လို လူစိတ်မရှိလို့ ခွေးဇာတ်တွေ တခုပြီးတခုခင်းနေတာပေါ့နော် ဖလမသ မအလ😡🖕)

ရိုင်းသွားရင် ကန်တော့🙏🙏🙏

Painter-တွေ့ရတာ ၀မ်းသာပါတယ် မမလေး

Sa-အင်း။အကူအညီ တခုလောက် တောင်းချင်လို့။

Painter-ဟုတ်ကဲ့ မမလေး ပြောပါ။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now