4💛

2.7K 258 53
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

Lisa တို့တပ်ဖွဲ့လည်း မြင်းတွေကို တောစပ်နားက အိမ်အို
ကြီးထဲသေချာဖွက်ကာ မြင်းများကို အသံမထွက်ဖို့သေချာမှာ
ထားသည်။မြင်းတွေဟာလည်း မြင်းလိမ္မာတြွေဖစ်သည့်
အလျောက် သခင်ရဲ့စကားကိုနားလည်စွာ ငြိမ်သက်နေလေ
သည်။

Lisa တို့လည်း တပ်ဖွဲ့ကို ၂ ဖွဲ့ခွဲကာ ဆာဂျင်Suho ကို သူရဲ့
တပ်စိတ်မှာ ဦးဆောင်ခိုင်းပြီး ပစ်ကွင်းကောင်းတဲ့ တောင်ကုန်း
ပေါ်ကို တက်ခိုင်းလိုက်သည်။မြေပြင်ပေါ်မှာတော့ ကျန်တဲ့
တပ်စိတ်၂စိတ် သူတို့ခေါင်းဆောင်တွေနဲ့ Lisa တို့က ချုံနွယ်
တွေ သစ်ပင်တွေကို အကာအကွယ်ယူကာ အသင့်အနေ
အထားနဲ့စောင့်နေလေသည်။

Lisa တို့ တစ်ဖွဲ့လုံးဟာ အနက်ရောင် ၀မ်းဆက်တွေဝတ်ထား
ပြီး အနက်ရောင် အ၀တ်စဖြင့် နှာခေါင်း ပါးစပ် နဲ့ခေါင်းကို အုပ်
ထားသည်။ခန္ဓာကိုယ် တစ်ခုလုံးမှာဖော်ထားတာဆိုလို့ မျက်
လုံးပဲရှိသည်။လက်မောင်းမှာတော့ တော်လှန်ရေးတပ်မတော်
ရဲ့ အမှတ်အသား လက်ပတ်လေးနဲ့ပေါ့။တောင်ကုန်းပေါ်က နေ မြင်ရတဲ့ သစ်ပင်တခုမှာ သစ်ကိုင်းလေးကို ကြိုးနဲ့ချည်ထား
ပြီး Lisa က ကိုင်ထားပါတယ် သစ်ကိုင်း၃ခါလုပ်တာနဲ့ ပစ်ဖို့
အမိန့်ပေးထားပါတော့တယ်။

သိပ်ကြာကြာမစောင့်လိုက်ရပါဘူး ဂျပန် ဘုရင်ခံပါလာတဲ့
ဂျပန် တပ်တွေက Lisa တို့ရဲ့ မြင်ကွင်းထဲကိုဝင်ရောက်လာပါ
တော့သည် ရှေ့ဆုံးက ခြေလျင်တပ်သားတွေက ၇ ယောက်
တစ်တန်းလျှောက်လာပြီး ၇ တန်းမြောက်မှာ မြင်းနဲ့စစ်သည်
၇ ယောက် နောက်မှာတော့ဂျပန်ဘုရင်ခံရဲ့ ရထားလုံး။Lisa
ရဲ့ တပ်သားအားလုံးဟာ သေနတ်ကို တင်းတင်းကိုင်ပြီးLisa
ရဲ့ အမိန့်ကိုစောင့်နေကြပါတော့တယ်။တပ်ဖွဲ့ဦးပိုင်းက Lisa
ပုန်းခိုနေတဲ့နေရာကိုကျော်သွားကာ ဗိုလ်ကြီး Minho ပုန်းခို
တဲ့နေရာသို့ရောက်သွားချိန် Lisa မျက်စိရှေ့တည့်တည့်မှာမြင်
နေရတာက ဘုရင်ခံရဲ့ ရထားလုံး။Lisa လည်း သစ်ကိုင်းကြိုး
ကို ၂ ချက်ဆွဲလိုက်သဖြင့် တောင်ကုန်းပေါ်က တပ်တွေအား
လုံးဟာ ပစ်ရင်အသင့် နောက်လက်တစ်ဖက်ထဲက လက်ပစ်
ဗုံးရဲ့စနက်တံ ကို ပါးစပ်နဲ့ကိုက်ဖြုတ်ပြီး ရထားလုံးသို့တည့်
တည့် ချိန်ပစ်ပြီး တစ်ပြိုင်နက်ထဲမှာပဲ သစ်ကိုင်းကိုထပ်ဆွဲ
လိုက်တော့သည်။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now