15💛

2.2K 228 53
                                    

Love and Loyaly
အချစ် နဲ့ သစ္စာ

For ZG😍

Chae-jisoo Unnie!

Chae ရဲ့ အံ့သြစွာထွက်ပေါ်လာတဲ့ အသံကြောင့် Lisa ကော Ruby ပါ Chae ရဲ့ နားကို ပြေးသွားလိုက်ကြသည်

Chae ရဲ့ လက်ကို ဆွဲထားတဲ့ jisoo ရဲ့ လက်ကြောင့် အား
လုံးအတော်ပင် အံ့အားသင့်သွားကြသည်။ထိုအချိန်Sana က
အခန်းထဲဝင်လာတော့ Sana ကို ဆရာဝန်ကြီးတွေကို သွားခေါ်ခိုင်းလိုက်ရသည်။Chae လက်ကိုဆွဲထားတာဆို
တော့ သတိရပြီလို့ထင်ပြီးတော့ပေါ့.......

ခနကြာတော့ ဆရာဝန်ကြီးနဲ့ သူနာပြု ၂ယောက်ရောက်လာပြီး
စစ်ဆေးစရာရှိတာတွေ စစ်ဆေးနေလေသည်။Lisa တို့ အားလုံးကတော့ ရင်တထိပ်ထိပ်နဲ့ပေါ့....။အတော်ကြာ
စစ်ဆေးပြီးမှ ဆရာဝန်ကြီးဆီက စကားသံစကြားရတော့သည်

Doctor-တော်တော်ဖြစ်ခဲတဲ့ ဖြစ်ရပ်ပါဗျာ။လူ၁၀၀၀ မှာ တယောက်မဖြစ်ဘူးဖူး။သူအခုထိသတိမရသေးပါဘူး ဒါပေမယ့် သူဒီကလေးမရဲ့ လက်ကိုဆွဲတယ်ဆိုတာ သူ့နှလုံး
သား စေခိုင်းတာကြောင့်ပါ။

Chae-နှလုံးသား စေခိုင်းတာ...??

Doctor-နားလည်အောင်ပြောရရင် သူကသတိမေ့နေတာ
ဖြစ်တဲ့အတွက် သူ့အသိစိတ်က အလုပ်မလုပ်တော့ပါဘူး
ဒါပေမယ့် နှလုံး အသဲ သွေးလည်မှု စတာတွေကတော့ သူ့အလုပ်သူလုပ်နေတာပါ။နှလုံးကလည်း ခုန်စရာရှိတာ ခုန်တယ် သွေးကလည်း လည်ပတ်စရာရှိတာ လည်ပတ်တယ်
ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ဒီလူနာက ဒီကလေးမလေးကို တော်တော်ကြီးမှကို ချစ်တာ သံယောဇဉ်
ကြီးတာ ဖြသ်ပါလိမ့်မယ်။ဒီကလေးမလေးရဲ့ အငွေ့အသက် အထိအတွေ့ အားလုံးကို ဦးနှောက်ထဲမှာတင်မှတ်ထားတာ
မဟုတ်ဘဲ နှလုံးသားထဲထိကပါ အလွတ်ရအောင်မှတ်ထားပုံ
ပါပဲ။ဒါကြောင့် တကယ့်တကယ် ကလေးမလေး သူ့အနားကပ်
သွားတဲ့အခါမှာ ဦးနှောက်ထိန်းချုပ်မှုမဲ့နေတဲ့  လက်တွေက
နှလုံးသားရဲ့ စေခိုင်းချက်အတိုင်း ဆွဲလိုက်တာပါ။
ပြောရရင်တော့ လူနာက ကလေးမကို အတော်ချစ်တယ်ဆို
တာ အရမ်းသိသာပါတယ်။ကလေးမ ဒီလို သူငယ်ချင်းမျိုးရ
ထားတာ အတော်ကံကောင်းတာပဲ။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now