17💛

1.9K 228 36
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

Sa-Tzyuy ဆက်ပြောပြလေ တစ်ဝက် တစ်ပျက်ကြီး။

Tzu-ခနလေးနော် ရေသောက်လိုက်အုံးမယ်

Sa-ရှင်လေးကတော့ တကယ်ပါပဲ ဟူး🙂

Tzu-ကဲ ဆက်ပြောမယ်.....။တနေ့တော့ တရုတ်ဧကရာဧ် နိုင်ငံတော်ရယ်။ဂျပန်နိုင်ငံရယ် ကိုရီးယားနိုင်ငံရယ် ၃ နိုင်ငံ
ချစ်ကြည်ရေး ပညာရှိတွေ လွှတ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပညာဖလှယ်ဖို့ စေလွှတ်ရမဲ့ အကြောင်းဖန်လာတယ်။
တရုတ်နိုင်ငံက အိမ်ရှင်ဖြစ်တဲ့အတွက်ကြောင့် ဂျပန်နိုင်ငံနဲ့
ကိုရီးယားနိုင်ငံက ပညာရှိတွေက တရုတ်နိုင်ငံကိုသွားကြရ
တယ်။ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားလှယ် ပညာရှိက ကင်မ်ဟေဆောင်းဖြစ်ပြီး။ဂျပန်နိုင်ငံရဲ့ ကိုယ်စားလှယ် ပညာရှိ
က မာကူဆာ ဖြစ်နေတော့သည်။သူတို့အားလုံးသွားရမှာက
တရုတ်နိုင်ငံရဲ့ ရတနာမြေလို့ ခေါ်တဲ့ ကျိုရှီးတောင် အဲ့ တောင်
ကနေ စာပေပညာရှိတွေ စစ်သူရဲကောင်းတွေ များစွာ မွေးထုတ်ပေးတဲ့နေရာ။ကျိုရှီးတောင်ကိုရောက်တော့ ကင်မ်ပညာရှိက အရင်ရောက်လာတယ်။မာကူဆာ လာမှာမှန်း
သိလို့ ကင်မ်ပညာရှိမှာ နေမရ ထိုင်မရတွေ ဖြစ်နေရော။
မာကူဆာ ရောက်ပြီဆိုတဲ့ သတင်းလည်းကြားရော ပြေးသွား
တွေ့တော့ နဂါးကိုးကောင်တပ်ရဲ့ နံပါတ်ကိုး စစ်သူရဲကောင်း
ရဲ့ ရင်ခွင်ထဲရောက်နေပြန်တော့ ရင်ကိုမီးစနဲ့ထိုးသလိုဖြစ်တာ
ပေါ့။အဲ့တာနဲ့ ပြေးသွားပြီး မာကူဆာကို ထိုသူရဲကောင်းကြီးဆီ
ကနေ လုပွေ့လိုက်တော့ သူရဲကောင်းချည်းရဲ့ မကြည်ကြည့်နဲ့
ကြည့်တာကို ခံလိုက်ရသေးတယ်။ကင်မ်ပညာရှိလက်ထဲ
ရောက်သွားတဲ့ မာကူဆာက နှစ်အကြာကြီးခွဲနေရတဲ့ သူငယ်ချင်းနဲ့ပြန်တွေ့ရတော့ တင်းကြပ်အောင်ဖက်ပြီးငိုနေ
လေရဲ့။သူရဲကောင်းကြီးက မာကူဆာကို သူဟာ နဂါးကိုးကောင်တပ်ရဲ့ အငယ်ဆုံး နံပါတ်ကိုး နဂါး ကွမ်းရှောင်
ဟန် ဖြစ်ကြောင်း မိတ်ဆက်လိုက်တယ်။မာကူဆာ ကလည်း
ဂျပန် ကိုယ်စားလှယ်ဖြစ်ကြောင်းပြန်ပြောလိုက်သလို။ကင်မ်
ပညာရှိကလည်း ကိုရီးယား ကိုယ်စားလှယ်ဖြစ်ကြောင်းပြန်
မိတ်ဆက်လိုက်တယ်။ပြီးတော့ ကင်မ် ပညာရှိလည်း မာကူဆာ ကို ပွေ့ကာ သူ့အခန်းထဲကို ခေါ်သွားလိုက်တယ်။
ဘာဖြစ်တာလဲ မေးကာမှ။လာတဲ့လမ်းမှာခြေခေါက်လဲလို့ လမ်းမလျှောက်နိုင်လို့ချီလာတာမှန်းသိလိုက်ရတော့တယ်။
ကင်မ်ပညာရှိလည်း မာကူဆာကို ဆေးလိမ်းပေးပြီး အပြင်
ထွက်လာတော့သည်။ဒီလိုနဲ့ နောက်ပိုင်းမှာတော့ မာကူဆာနဲ့
ကွမ်းရှောင်ဟန် ဟာ ချစ်ကြိုက်သွားတော့တယ်။ကင်မ်ပညာရှိ
ကတော့ ချစ်သူပျော်ရင် သူပျော်တာမို့ သူတို့အတွဲကို အမြဲ
လိုအပ်တဲ့ အကူအညီကိုပေးကာ တစ်ဖက်သပ်ပဲ ချစ်နေလေ
တယ်။တနေ့မှာတော့ ကွမ်းရှောင်ဟန်က သူဟာ နဂါးကိုးကောင်တပ်က အငယ်ဆုံးဖြစ်တာမှန်ပေမယ့် ယောကျာ်းလေး မဟုတ်ကြောင်း မိန်းကလေးဖြစ်ကြောင်း ထုတ်ပြောခဲ့တယ်။ဆရာတူ အကို ၈ ယောက် နဲ့ ဆရာ အပြင်
နန်းတွင်းက ဘုရင်မင်းမြတ်နဲ့ သက်တော်ရှည် အမတ်ကြီးသာ
သူ မိန်းကလေးဖြစ်တယ်ဆိုတာကို သိကြောင်း မာကူဆာနဲ့
ကင်မ် ပညာရှိကို ပြောပြခဲ့တယ်။မာကူဆာက သူချစ်တာက
ကွမ်းရှောင်ဟန်ကို ဖြစ်ပြီး အမျိုးသား ကွမ်းရှောင်ဟန်လည်း
မဟုတ်ဘူး အမျိုးသမီး ကွမ်းရှောင်ဟန် လည်း မဟုတ်ဘူးလို့
ပြန်ဖြေခဲ့သည်။ပုံမှန်အတိုင်း ချစ်ကြိုက်နေကြရာက တနေ့
တော့ ဘုရင်ဆီကို ကွမ်းရှောင်ဟန် နဲ့ မာကူဆာ ရဲ့ သတင်းက
ရောက်သွားလေရဲ့။ဘုရင်ဖြစ်သူ သိတော့ သက်တော်ရှည်
အမတ်ကြီးကလည်း သိသွားတယ်။သက်တော်ရှည်အမတ်
ကြီးက အစတည်းက သူသားဖြစ်တဲ့သူက နဂါးကိုးကောင်တပ်
ထဲ ၀င်ခွင့်မရဘဲ မိန်းကလေးဖြစ်တဲ့သူက ၀င်ခွင့်ရတော့ အခဲမကြေဖြစ်နေတာ ခုတော့ သူ့ ဂွင်ထဲဝင်သွားတော့ အမတ်ကြီးက မင်းကြီးကို အဲ့လို မိန်းကလေးချင်း ချစ်ကြိုက်တာကြောင့် တိုင်းပြည်ပျက်မည် ဖြစ်ကြောင်း။သူတို့
ထဲက တယောက်ယောက် ကို ကျိုရှီးတောင်ထိပ်ကနေ တွန်းချ
ရမယ် အဲ့တာမှ တိုင်းပြည်ကို ကယ်နိုင်မယ်လို့ ကုန်းချောတယ်
မင်းကြီးက ကွမ်းရှောင်ဟန်ကို သမီး အရင်းလေးလိုချစ်တော့
တခြားနည်းကောမရှိဘူးလားမေးတော့ မရှိပါဘူးဖြေရင် ယုတ္တိ
မရှိမှာဆိုးလို့ အမတ်ယုတ်က မဖြစ်နိုင်တဲ့ တိုင်းတပါးက သူတိုတိုင်းပြည်ရဲ့ ရတနာလို သဘောထားတဲ့ ပညာရှိ ဒါမှမဟုတ် သူရဲကောင်း အဲ့လိုလူမျိုးက ကိုယ့်သဘောဆန္ဒ
အလျောက် ခုန်ချရင်တော့ ရပါတယ်လို့ ပြောလိုက်တယ်။
မင်းကြီးလည်း ကြံရာမရတာနဲ့ မာကူဆာ နဲ့ ကွမ်းရှောင်ဟန်ကို
ဖမ်းပြီး အကျဉ်းချခဲ့တယ်။တောင်ထိပ်တွန်းချရမှာမို့ တခြားနိုင်ငံက ပညာရှိမလေးကိုတော့ တွန်းချလို့မဖြစ်တာမို့
ကွမ်းရှောင်ဟန်ကိုပဲ တွန်းချရတော့မှာပေါ့။ကွမ်းရှောင်ဟန် နဲ့
မာကူဆာ အဖမ်းခံရတယ် ကြားရော ကင်မ် ပညာရှိက မင်းကြီးကို တွေ့ခွင်တောင်းတယ်။မင်းကြီးနဲ့တွေ့တော့ ဘာလို့ဖမ်းတာလဲမေးလည်းမေးရော မင်းကြီးလည်း အကြောင်းစုံကိုပြောပြလိုက်တယ်။ကင်မ်ပညာရှိလည်း ဘာမှ
ပြန်မပြောတော့ဘဲ ထွက်သွားတော့သည်။တောင်ထိပ်ကနေ တွန်းချရမဲ့နေ့လည်းရောက်ရော တောင်ထိပ်မှာ ကွမ်းရှောင်ဟန် တို့ ၂ ယောက်ကို လက်ပြန်ကြိုး တုတ်ထားရော မင်းကြီးက အမိန့်ပေးတာနဲ့တွန်းချမယ့် သူတွေက အသင့်ပဲ။အဲ့အချိန်မှာ မင်းကြီးက အသင့်ပြင်လို့
အော်လိုက်တဲ့အချိန်မှာ ပညာရှ်ကင်မ်ကရောက်လာပြီး ခနနေပါအုံးလို့ တားတယ်။မင်းကြီးက ဘာလို့လဲလို့မေးတော့
ဒုတိယနည်းလမ်းဖြစ်တဲ့ တိုင်းပြည်ရတနာ ပညာရှိတယောက်
က အစားခုန်ချပေးလို့ရတယ်မလားလို့မေးကာ ကင်မ်ပညာရှိတဲ့ တိုင်းပြည်က ကင်မ် ပညာရှိကို ပေးထားတဲ့
တိုင်းပြည်ရတနာ ဆုတံဆိပ်နဲ့ သေတမ်းစာကို ပေးပြီး မာကူဆာကို ပြေးဖက်လိုက်တယ်။ကွမ်းရှောင်ဟန်ကိုလည်း
မာကူဆာကို သေချာ စောင့်ရှောင်ဖို့မှာပြီး မင်းကြီးဆီက ခွင့်ပြု
ချက်တောင်းပြီး တောင်ပေါ်ကနေ ခုန်ချလိုက်တော့တယ်။
သူရေးခဲ့တဲ့ သေတမ်းစာကို ဖတ်ကြည့်တော့မှ ဒီ ဇာတ်လမ်းကိုရေးထားတဲ့ စာအုပ်လေးကို ဘယ်နားထားလဲ သိလိုက်ရပြီး ဖတ်ကြည့်တော့မှ မာကူဆာက သူ့ကိုကင်မ်
ပညာရှိက ငယ်ငယ်တည်းက ချစ်နေတာကို သိလိုက်ရတာ။
ဒီစာအုပ်ရဲ့ နောက်ဆုံး ဇာတ်သိမ်း ကင်မ်ပညာရှိ ခုန်ချသွားတဲ့
အခန်းကို မာကူဆာကိုယ်တိုင် ရေးပေးခဲ့တာ။ကဲ ပြီးပြီ။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now