28💛

1.7K 194 34
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

Mrs,Ruby-သမီးတို့ကို အန်တီပြောစရာရှိတယ်။

Li-ဟုတ်ကဲ့ ပြောပါ အန်တီ။

Mrs,Ruby-မနက်က အန်တီ သမီးတို့ အန်ကယ်ဆီ သွားတော့ သမီးတို့ အန်ကယ်က သူ့သမီးလေးတွေ ကို အဖေ
လုပ်သူဆီလည်း ပြန်လာခဲ့ကြပါအုံးတဲ့။ရွှေဝါရောင်မြေမှာ
အတော်မှ ပျော်နေကြရဲ့လားတဲ့။ပြီးတော့ သမီး Lisa နဲ့ သမီး Chae လေး တို့ကိုလည်း တွေ့ချင်တယ်တဲ့။အဲ့တာကြောင့်
Ruby လေးရယ် Sana လေးရယ် Jiji လေးရယ် မနက်ဖြန်
ကျရင် အန်တီ နဲ့ အတူ သမီးတို့ အန်ကယ် ရဲ့ အိမ်ကို ပြန်ကြ
မယ်။သမီးလေး Lisa နဲ့ သမီးလေး Chae တို့က ဒီအပတ်
တနင်္ဂနွေကို အိမ်မှာ ထမင်းလာစားကြပါ။ဟုတ်ပြီလား။

Ji+Chae+Li-ဟုတ် အန်တီ

Ruby+Sana-ဟုတ် မေမေ

Mrs,Ruby စကားပြောပြီးတာနဲ့ ထမင်းစားဝိုင်းက အရင်နေ့
တွေကနဲ့ မတူဘဲ အတော်ပင် ခြောက်ကပ်ကပ်နိုင်လှသည်။

Sa-ဗိုက်ဝသွားပြီမို့ အရင်ထနှင့်တော့မယ်။

တိတ်ဆိတ်လှတဲ့ ထမင်းဝိုင်းကနေ ပထမဆုံး ထသွားဖို့ပြင်တဲ့
သူက Sana ပင်။သူကတော့ ဗိုက်ဝလို့ ထတော့မယ် ပြောပေ
မယ့် သူ့ပန်းကန်တဲ့ ထမင်းက စပြီးထည့်ထားခဲ့တုန်းက အတိုင်း ပုံတောင် မပျက်။

Ruby-Sa ခနနေအုံး မမ လည်း လိုက်မယ်။မမ လည်း ဗိုက်
ဝပြီ။

ထမင်းဝိုင်းကနေ ထထွက်သွားတဲ့ Sana ကို Ruby က တား
လိုက်ပြီး သူမ ပါ ထမင်းဝိုင်းက အတူတူထသွားလေသည်။

Lisa ရယ် Chae ရယ် Jisoo ရယ် ကတော့ Mrs,Ruby
နဲ့အတူတူ ထမင်းဝိုင်းမှာထိုင်နေပေမယ့် ထမင်းကို ပါးစပ်ထဲ
ပင် မထည့်။ပန်းကပ်ထဲက ထမင်းကိုသာ မွှေနေသည်။သူတို့
မွှေနေလို့ သူတို့ ပန်းကန်းထဲကထမင်းတွေတောင် ပျော့ချင်နေ
ပြီ ဖြစ်သည်။

Mrs,Ruby-ကဲ ၃ ယောက်လုံး ထမင်းမစားချင်လည်း မစားကြ နဲ့တော့ ပန်းကန်ထဲက ထမင်းတွေကို မွှေမနေနဲ့။
မစားချင်ရင် သွားကြတော့ အန်တီ့ကို အားနာမနေနဲ့။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now