47💛

1.7K 196 75
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

ထိုစဉ် ကြားလိုက်ရတဲ့ မြင်းခွာသံကြောင့် အားလုံးရဲ့ အာရုံဟာ
ထို မြင်းခွာသံရှိရာကို စုပြုံရောက်ရှိသွားတော့သည်။ခနလေး
အတွင်းမှာ မြင်လိုက်ရတာကြောင့် အားလုံးရဲ့ နှုတ်ခမ်းတွင်
နာမည် နှစ်ခု ထွက်ပေါ်လာတော့သည်။

Chae-Lili .......Jiji။

Ruby-လီ ....... jiji။

Yeol-ဗိုလ်မှူး........မမလေး Jiji။

ရွှေဝါရောင်မြေရဲ့ ၀င်ပေါက်အရှေ့နားမှာ ရပ်သွားတဲ့ အနက်
ရောင် မြင်းနက်ကြီး နဲ့ ထို မြင်းပေါ်မှ မြင်းဇက်ကြိုးကို ခပ်တင်းတင်း ကိုင်ကာ ထိန်းထားတဲ့ Jiji နဲ့ jij ထက် အရပ်ပိုရှည်ပေမယ့် Jiji ရင်ခွင်ထဲ ခန္ဓာကိုယ်လေး ကြုံ့ကာ
ရောက်နေတဲ့ Lisa ရယ်ပါ။

အရှိန်နဲ့ ပြေးလာတဲ့ မြင်းဟာ Jiji ရဲ့ ဇက်ကြိုးထိန်းမှုကြောင့် ရွှေဝါရောင်မြေ ရဲ့ ၀င်ပေါက် နားမှာ တုံ့ခနဲ ရပ်သွားပြီး ခနကြာမှ တစ်လှမ်းချင်းလှမ်းကာ ရွှေဝါရောင်မြေ ၀န်းထဲသို့ ၀င်လာတော့သည်။

မြင်းပေါ်တက်ကာ Lisa ကို သွားကယ်မယ် လုပ်နေတဲ့ Chae လည်း မြင်းပေါ်ကနေ ပြန်ဆင်းလာတော့သည်
Ruby လည်း ထိုင်ရာကနေ ထ ကာ Jiji ရဲ့မြင်းကြီးနားကို
ကပ် သွားတော့သည်။

Lisa နဲ့ Jiji စီးလာတဲ့ မြင်းကြီးဟာ Ruby နဲ့ Chae ရဲ့ အလယ်မှာ ရပ်လိုက်ပြီးတာ နဲ့ တစ်ပြိုင်နက် မြင်းပေါ်ကနေ အရုပ် ကြိုးပျက် ပြုတ်ကျသွားတဲ့ Jiji ကြောင့် Lisa လည်း
မြင်းပေါ်ကနေ ချက်ချင်း ခုန်ဆင်းလိုက်တော့သည်။

Jiji ပြုတ်ကျတဲ့ ဘက်က Ruby ရှိတဲ့ ဘက်ဖြစ်တာမလို့
Ruby က ချက်ချင်း Jiji ကို ကောက်ပွေ့ကာ ရင်ခွင်ထဲ ထည့်
ထားလိုက်တော့သည်။Chae လည်း Jiji နားကို အပြေးလာ
ကာ ဒူးထောက် ထိုင်ချလိုက်တော့သည်။

ဒူးထောက်ထားသည့် ဒူး နှစ်ဖက်မှ ညာဘက် ဒူးအောက်က စိုစိစိ ဖြစ်လာတာကြောင့် ဒူးခေါင်းကို မြှောက်ကာ လက်နဲ့ သုတ်ပြီး ကြည့်လိုက်တော့ ရဲတောက်ကာ ပျစ်ချွဲနေတဲ့ သွေးတွေ။သူ့ရဲ့ သွေးတွေများလားလို့ Chae တွေးမိပေမယ့်
မဖြစ်နိုင်တာ သူ့ ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဘယ်တခုမှ နာကျင်နေတာ မျိုး မရှိ။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now