Arc1.3 ဝမ်ကျိုးချန်

2.6K 256 15
                                    

လျှိုရှီးမင်'s pov: မနေ့ကညနေ က
အကောင်ပေါက်လေးကို အိမ်လိုက်ပို့ပေးပြီးတော့ သူ့အိမ်ပြန်ရောက်ထဲက ထိုကောင်လေးအကြောင်းကိုဘဲတွေးနေမိတယ်။ အကောင်ပေါက်လေး ကိုတွေ့ရင်
သူ့ရင်တွေထဲမှာခုန်လာတယ် ။ တခါတလေကျရင် ရင်ဘတ်ထဲမှာ ငလျင်လှုပ်နေသလိုဘဲ ။သူအမြဲတမ်း ထိုကောင်လေးရဲ့
အသံကိုအမြဲကြားချင်နေမိတယ်။မနေ့က
ပြန်တုန်းက ညဘက် အိမ်မက်ထဲထိကို
အကောင်ပေါက်လေးကပါလာပြန်တယ်။
ကြည့်ရတာ သူ ရောဂါဖြစ်နေပြီနဲ့တူတယ်။

သူအမြဲမြင်ချင်ကြားချင်နေတဲ့သူလေးက သူ့ရဲ့ companyကဌာနတစ်ခုကတဲ့လေ
ကံတရားက သူ့ကို မျက်နှာသာ ပေးတယ်ထင်ပါ့။
ဒီနေ့လည်း အကောင်ပေါက်လေးနဲ့တွေ့ရတော့မှာမို့လို့ companyကို စောစောသွားပြီး စောင့်နေမလို့လေ။

သူ့ရဲ့ driverကတော့ မနက်ကတည်းက
သူ့ကိုအထူးအဆန်းလိုကြည့်ကြည့်နေတယ်လေ။ကြည့်ရတာ သူ့ပုံစံက ထူးဆန်းနေလို့နေမယ်။ ဟုတ်တာပေါ့ ထူးဆန်းနေမှာပေါ့ ခါတိုင်းဆို သူကအခုလို companyကို စောစောသွားပြီးcompanyဝင်ပေါက်မှာကားရပ်ခိုင်းကာဝင်ပေါက်မှာစောင့်နေပြီး
ပြန်သွားခိုင်းတာမျိုးမှမလုပ်ဖူးတာ။ ဒါပေါ့ သူဒီလိုမျိုးဖြစ်နေတာက ဝမ်ကျိုးချန် လို့ခေါ်တဲ့ အကောင်ပေါက်လေး ကြောင့်လေ သေချာတယ်
သူထိုအကောင်ပေါက်လေးကို ချစ်မိသွားပြီ။သူအချိန်ယူပြီး အကောင်ပေါက်လေးနဲ့ ရင်းနှီးအောင်လုပ်မယ် ပြီးရင်တော့ သူဖွင့်ပြောမယ်။လက်မခံရင်လည်း လက်ခံလာအောင်လုပ်ရမယ်။
ခုတော့သူကတော့ ဝင်ပေါက်နားမှာ အကောင်ပေါက်လေးကို စောင့်နေတယ်လေ။ မိနစ်၂၀လောက် ကြာတော့မှ
တွေ့ပါပြီ သူ့တွေ့ချင်နေတဲ့ အကောင်ပေါက်လေးကိုတွေ့လိုက်ရတယ်။

ဝမ်ကျိုးချန်တစ်ယောက် မနေ့ကတည်းက ရှောင်လန်နဲ့ ရန်ဖြစ်နေတယ်လေ ။
Fleshback
system:[Hostရေ host! ရှောင်လန် ရဲ့ အမြင်ကိုပြောရ ရင် ဇာတ်လိုက်ကြီးက hostကို စိတ်ဝင်စားနေတဲ့ပုံဘဲ ။host သာ
ဇာတ်လိုက်ကို ကြိုက်လိုက်ပါလား။ အဲ့တာဆို host missionလည်းပြီးတယ်။
ဇာတ်လိုက်မရဲ့ ထောက်တိုင်ကြီးလည်းမရှိတော့ဘူးပေါ့ ။ ပြီးတော့ hostနဲ့လည်းလိုက်တယ်လေ။ အဲ့တာဆိုရင် နောက်ပိုင်း
ပြသာနာ တက်ရင်လည်း hostဘက်ကသူရှိတယ်လေ။တစ်ချက်ခုတ် နှစ်ချက်ပြတ်မဟုတ်တော့ဘူး ။ တစ်ချက်ခုတ် သုံးလေးချက်ပြတ်ပေါ့ ။ဘယ်လိုလည်း okတယ်မလား ။]
wzc:"ရှောင်လန်ရာ မင်းပြောတာတွေကတော့မှန်ပါတယ်။ ဒါမဲ့ ငါကကွေးနေတာမှမဟုတ်တာ missionကလည်း သူနဲ့မှပြီးမှာမှမဟုတ်တာ။ပြီးတော့ ငါက ဇာတ်လိုက်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းဘဲ ဖြစ်ချင်တာ
မင်းပြောသလိုrelationshipကြီးတော့ မလုပ်ချင်ဘူး။ "

System 1500Where stories live. Discover now