Arc1.5 ဝမ်ကျိုးချန်

2.4K 220 1
                                    

အရာအားလုံး အေးဆေးစွာနဲ့ အချိန်တွေဟာ တဖြည်းဖြည်း ကုန်လွန်သွားကာ ၁လ
ပင်ရှိနေပြီဖြစ်တယ်။
ဝမ်ကျိုးချန် နဲ့ ဇာတ်လိုက်ဖြစ်တဲ့
လျှိုရှီးမင် တို့ဟာလည်း လွန်ခဲ့တဲ့ ၁လ ကထက်စာရင် တော်တော်လေး ကောင်းနေပြီဖြစ်တယ်။
ဒီအချိန်တွေ အတွင်းမှာတော့ ရှမုရုံ (FL)
ကတော့ ပုံမှန်အတိုင်းဘဲ ဘာမှမလှုပ်ရှား
သေးဘူး အချိန်ကြောင့်လည်းပါတာပေါ့လေ။ ဒါပေမဲ့လည်း ဇာတ်လိုက်မက
သူ့ကို(wzc) လွန်ခဲ့တဲ့ ၂ပတ်လောက်ထဲက
လိုက်ပြီးရင်းရင်းနှီးနှီးလိုပုံစံနဲ့ လိုက် ပြီး ချဉ်းကပ်နေခဲ့တာ။ အစကတော့ အကြောင်းအရင်းကိုမသိသေးပေမဲ့ နောက်ကျတော့ မှ သူ့ဆီကို ဇာတ်လိုက်ရဲ့ အကြောင်းတွေကို မသိမသာ တစ်မျိုး ၊ ပေါ်ပေါ်တင်တင် တစ်မျိုး မေးလာတော့
ဝမ်ကျိုးချန်တစ်ယောက် သိသွားပြီလေ ဒီ ထုံးဖြူမ က သူဇာတ်လိုက်နဲ့ သိတာကို
အခွင့်ရေးယူပြီးသူ့ကို အသုံးချချင်နေတာ။ သူလည်း အကုန်ပြောပြစရာလား ။ အဲ့ထုံးဖြူမ က ဘာမို့လို့လဲ။ အဲ့တော့ သူလည်း အစပိုင်းတော့နဲနဲ ကောင်းကောင်းမွန်မွန် ဆက်ဆံနေသေးတယ် ဇာတ်လိုက်မ အကြံကိုသိသွားတဲ့ အခါမှာ တော့ အလိုက်အထိုက်ဘဲ ဆက်ဆံတော့တယ်။ သူ့ကို ဇာတ်လိုက်အကြောင်းတစ်ချို့လာမေးတဲ့အခါကျရင်လည်း စကားလမ်းကြောင်းလွှဲပစ်လိုက်တယ်။အဲ့နောက်ပိုင်းတော့ သူလည်း သိပ်ပြီးလာမမေးတော့ဘူး။
ရှောင်လန် ကတော့ ဇာတ်လိုက်မရဲ့ အကြံတွေကိုသိပြီးတော့ ပြောနေတာ
[အဲ့ ဇာတ်လိုက်မ သူ့ကိုသူ လည်လှပြီထင်ပြီးhostဆီက ဇာတ်လိုက်ရဲ့အကြောင်းတွေကို သိနိုင် မယ်လို့ ထင်နေတာ နောက်ဆုံးတော့လည်း လက်လျော့ လိုက်ရတာဘဲ ။ ဟားဟားဟား ဒါတောင်အစဘဲရှိသေးတယ်နော်host. ရှတဲ့ အခါကျရင် ဖြစ်သွားမယ့် မျက်နှာကြီးကို ရှောင်လန် မြင်ချင်လိုက်တာ ဘူးဟားဟားဟား🤣🤣🤣]

✡ ~✡~✡~✡~✡~✡~✡~✡~✡~✡~✡

အခုလက်ရှိ အချိန်မှာတော့သူအေးအေးဆေးဆေး နေလို့ မရတော့ပါဘူး
မကြာခင် design တွေကို ဌာနချုပ်ကိုပေးရတော့မှာမို့လို့ပါ။ အဲ့ ချိန်ကျရင်
ဇာတ်လိုက်မက သူ့ဆီကနေပြီး designကို ခိုးပြီးသူ့စာရွက်ကို မတင်ပေးဘဲ အစဖျောက်လိုက်မှာပါ ပြီးရင် အရွေးခံရရင် auto ရှမုရုံ ရဲ့နာမည်ဖြစ်သွားမှာပေါ့။ ဒါကြောင့် သူက ဒီလို မဖြစ်အောင်နဲ့
ဇာတ်လိုက်မ ကို ပြသနာလေးပေးလိုက်ဖို့ planတွေ စဉ်းစားနေတာဘဲ ဖြစ်တယ်။
ရှောင်လန် ကတော့ သူ့ကိုပြောတယ် အချိန်တွေတာ ကုန်နေတာ သူအခုထိ missionတစ်ခုမှမပြီးသေးဘူးဆိုပြီး ။ ဒါနဲ့ ပတ်သက်ပြီးတော့ သူလည်းသိပါတယ် သူဘာမှမလုပ်ရသေးတာကို ဒါကြောင့်မို့လို့လည်း သူ missionတွေ မြန်မြန် လုပ်ဖို့
စဉ်းစားထားပါတယ်။

System 1500Where stories live. Discover now