Arc 1.15 ဝမ်ကျိုးချန်

1.9K 162 0
                                    

ဝမ်ကျိုးချန် ဇာတ်လိုက်မရှိတဲ့ ရဲစခန်းကိုသွားလိုက်တယ်။ ဟိုရောက်တော့ တာဝန်ရှိသူတစ်ယောက်က ဇာတ်လိုက်မနဲ့ တွေ့လို့ရအောင်လုပ်ပေးတယ်။

⚜~⚜~⚜~⚜~⚜~⚜~⚜~⚜~⚜~⚜~⚜
ရှမုရုံ: နင် နင်...ဝမ်ကျိုးချန် နင်ဘာလို့ဒီကိုရောက်နေရတာလဲ နင်က ဟိုအဘိုးကြီးဆီမှာရှိနေရမှာမဟုတ်ဘူးလား။ မ မဟုတ်သေးဘူး ဝမ်ကျိုးချန်နင် ဘာမှမဖြစ်ဘူးလား။

wzc:"ငါကဘာဖြစ်ရမှာလည်းပြီးတော့ ဒီကို ဘာလို့ မလာရမှာလဲ ကိုယ့်ကိုပြသနာတွေပေးပြီး ချောက်ချတဲ့လူကိုလာကြည့်တာလေ။နောင်တများရမလားလို့ ကြည့်ရတာတော့ နောင်တမရတဲ့အပြင်ကို သိန်း၃၀နဲ့တောင် ထပ်ပြီးတော့ ကြံရာပါဆီထိုးကျွေးလိုက်သေးတယ်နော် ယုတ်မာချက်ကတော့ တော်တော်လေးကိုပါဘဲလား။"

ရှမုရုံ: "နင် နင် တကယ်ဘာမှမဖြစ်ခဲ့တာလား ဟိုကနင့်ကိုဘာမှမလုပ်လိုက်ဘူးလား။ အား ဝမ်ကျိုးချန် ဘာလို့အကုန်လုံး ငါ့အစီအစဉ်တွေကို လိုက်ပြီးနှောင့်ယှက်ရတာလဲ ။ ငါလိုချင်တာတွေကိုပါနင်ကရမယ်လို့ထင်နေလား ။ ငါဒီနေရာကလွတ်ပြီး အစ်ကိုရှီးမင်ကိုပိုင်တဲ့အခါကျရင် နင်တို့အားလုံးကိုနောင်တရအောင်လုပ်ပစ်မှာ။နင့်ကြောင့် နင့်ကြောင့် အားလုံးနင့်ကြောင့်ဘဲ နင်သာအစ်ကိုရှီးမင်နားမှာမရှိဘဲ ၊ နင်သာ ငါ့အစီအစဉ်တွေမှာသာလာမပတ်သက်ရင် ငါအခုချိန်ဆို အစ်ကိုရှီးမင်ကငါ့အပိုင်ဖြစ်နေပြီ။ နင် နင် ပေါ်ကိုပေါ်မလာသင့်တဲ့အကောင်။"

*ရှောင်လန်ရေ ဇာတ်လိုက်မက ရူးနေတာလား ကြည့်ရတာpsychoဖြစ်နေပြီ ။ငါတောင်ဘာမှသိပ်မပြောရသေးဘူး သူကအကုန်လုံးသွေးရူးသွေးတန်းနဲ့လျှောက်ပြောနေတာဘဲ*

သူ(wzc)ရှမုရုံ နားကပ်ပြီးနှစ်ကိုယ်ကြားလေသံနှင့်ကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်။

wzc:"ဘာလဲ ရှချင်းချင်းတုန်းကလိုမျိုးငါ့ကိုရှင်းပစ်ချင်တာလား။
အလွယ်တကူရှင်းနိုင်မယ်လို့ထင်မနေနဲ့အုံးဟက် "

ရှမုရုံ: နင် နင် ဒီအကြောင်းတွေကိုဘယ်လိုသိတာလဲ နင့်ကိုဘယ်သူကပြောတာလဲ
ငါအဲ့ရှချင်းချင်းဆိုတဲ့ကောင်မကိုရှင်းပစ်ခဲ့တာကိုနင်ဘယ်လိုသိတာလဲ နင့်ကိုဘယ်သူပြောတာလဲ ပြောစမ်း နင်တခြားသူကိုလျှောက်ပြောဖို့မစဉ်းစားနဲ့ နင့်ကို ငါကိုယ်တိုင်သတ်ပစ်မှာ ကြားလား အား
ရှင်းပစ်ရမယ် ဟုတ်တယ် ရှင်းပစ်ရမယ် မဟုတ်ရင် သိကုန်လိမ့်မယ်။ရှချင်းချင်းကိုတောင်ငါရှအိမ်တော်ကနေရှင်းထုတ်နိုင်ခဲ့တာ နင့်ကိုလည်းရှင်းပစ်မှာ ၊နင့်ကိုငါရှင်းပစ်မယ် ဟားဟား ရှင်းပစ်မယ်'
ဆိုပြီး လျှောက်အော်ပြောနေတော့ သူမကိုလာပြီးဆွဲခေါ်သွားကြတယ်။ နောက်တော့ သူ့ကိုလာပြီးတော့" သူမက စိတ်ရောဂါနည်းနည်းရှိနေတော့ နားလည်ပေးပါ"ဆိုပြီး
ပြောသွားခဲ့တယ်။

System 1500Where stories live. Discover now