Arc 2.15 ဖန်းရှင်းအယ်

1.6K 139 2
                                    

Unicode

ဖန်းရှင်းအယ် ရှောင်လန်နဲ့ တစ်နာရီအတွင်း စကားတွေပြောနေခဲ့တယ်။

[Host သိလား hostဒီလိုဖြစ်တာတော်သေးတယ်ပြောရမယ်။ လက်ဖက်စိမ်းမကြီးကလေ host ကို ပြန်ပေးဆွဲ ပြီးလက်စဖျောက်ခိုင်းထားသေးတယ်။ ဒါပေမယ့် ဘာလို့လဲမသိဘူး။ ရုတ်တရက်ကြီး အကြံကိုပြောင်း လိုက်တာ hostကို မြေအောက်ဂိုဏ်းအဖွဲ့တစ်ခုကို အလုပ်အပ်ထားပြီး hostကိုရှင်းပစ်ဖို့လုပ်ထားတာ။]

*ချီးဘဲ...... အား အားနေ ပြန်ပေးဘဲဆွဲနေကြတယ်။.ဇာတ်လိုက်မတွေ ဦးနှောက်က ဒီအကြံတွေနဲ့ဘဲ ပြည့်နေတာလား။တခြားအကြံတွေ မရှိတော့ဘူးလား။ အရင်ကမ္ဘာမှာလည်း ယွမ် သိန်း 30 လောက်လေးနဲ့ လုပ်သွားသေးတယ်။ အခုလည်း ပြန်ပေးဆွဲ ဖို့ စီစဥ်ပြန်ပြီနောက်တယောက် ။ *

[ဟီးး hostဒီတခါမဆိုးပါဘူး ဒီကမ္ဘာက လက်ဖက်စိမ်းမက hostကို ယွမ်သိန်း 100နဲ့ပါ။ မဆိုးပါဘူး များတော့များလာပါတယ်။]

*မင်းဘဲ သွားပြီး များနေလိုက် ပြန်ပေးဆွဲရတာပျော်စရာများမှတ်နေလား။ ​နေပါအုံး နင်မေကျွင်း က ဘယ်တုန်းက ကြံထားတာလဲ ငါတောင်မသိလိုက်ပါလား*

[Host သွေ့ပုချီ သွေ့ပုချီ ရှောင်လန်လည်း ခုနကမှ လက်ဖက်စိမ်းမကြီးကို ကြည့်လိုက်မိတာ မသက်ာ လို့လေ ။ဒါကြောင့် သူ့အကြံအစည်တွေကို ရှောင်လန် စသုံးလုံး လုပ်လိုက်တာ အဲ့တော့ သိရတာပေါ့ ။ဟဲဟဲ တော်တယ်မလား 😎]

*တော်ပါတယ် တော်ပါတယ် ။
နင်မေကျွင်း အစီအစဉ် ပြောင်းသွားလို့ဘဲ မဟုတ်ရင် ဒီအချိန် ဘယ်လိုဖြစ်နေမလဲ မတွေးရဲဘူးသိလား။ *

[ဟွန့် hostကလည်း.....ရှောင်လန် တချက်ကလေး ပုစိလေး သတိလွတ်သွားလို့ မသိလိုက်တာပါ ရှောင်လန်ကလေ အဲ့ လက်ဖက်စိမ်းမ ကို အရင်က အမြဲ အားရင် အားသလို စောင့် ကြည့်ပေးနေတာ]

*အွန်းပါ။ ပြည့်ပြီလား ငါအိပ်နေရတာ အဆင်မပြေဘူး ညောင်းလာပြီ *

[Host ရပါပြီ တစ်နာရီ ပြည့် ဖို့ မိနစ်အနည်းငယ်ဘဲလိုတော့တာပါ။ hostထချင်ရင်ထလို့ရပါပြီ သံသယဖြစ်စရာမရှိပါဘူး။
ဒါကြောင့် ထလိုက်ပါတော့ hostအဆင်မပြေရင် ခနလေး ခနလေး]

System 1500Where stories live. Discover now