Arc 2.2 ဖန်းရှင်းအယ်

2K 166 2
                                    

Unicode

ဝမ်ကျိုးချန် ဒီတစ်ညတော့ ဖန်းရှင်းအယ်
နေတဲ့အဆောင်မှာ ဘဲ ကုန်ဆုံးလိုက်တယ်။
မအိပ်ခင်တုန်းကတော့ ဇာတ်ကြောင်းကိုသေသေချာချာဖတ်ထားလိုက်တယ်။ မနက်ဖြန်အတွက် planတွေပါတခါတည်း
စဥ်းစားထားပြီးတော့မှ အိပ်လိုက်တာဖြစ်တယ်။ မနက်ကျရင် နိုးပေးဖို့လည်း
ရှောင်လန် ကိုပြောဖို့လည်းမမေ့ခဲ့ပေ။
ရှောင်လန်လေးကတော့ သူ့host ကို မနိုးမှာလဲမဟုတ်ဘဲနဲ့ပွစိပွစိပြောပြီး lineoutသွားခဲ့တယ်။


[Host! ! ထတော့ ထတော့ 7နာရီခွဲနေပြီ။
Host အားယိုး ရှောင်လန်ကို နှိုးခိုင်းထားပြီးတော့ မထသေးဘူးလား]

"ထပါပြီ ရှောင်လန်ရာ မင်းကလည်းပွစိပွစိနဲ့ တကယ်ပါဘဲ "

[Hostကလည်း ရှောင်လန်က နှိုးလည်းနှိုးပေးရသေးတယ်။ အပြောလည်းခံရသေးတယ် ဟွန့်😞]

"ဟုတ်ပါပြီ ဟုတ်ပါပြီ ရှောင်လန်လေးက ချစ်စရာကောင်းတဲ့အမွေးလုံးလေးပါနော်
စိတ်မကောက်နဲ့တော့ဟုတ်ပြီလား မင်းကိုspaceထဲမှာပြောထားတဲ့အတိုင်းဘဲ လိုချင်တာရှိရင် ငါ့ဆီကနေpointနဲ့လဲလိုက်လိူ့ပြောဖူးတယ်လေ လိုချင်တာရှိရင်လဲလိုက် ဘယ်လောက်ဖြစ်ဖြစ်အရေးမကြီးဘူး အကုန်မပြောင်သွားရင်ပြီးရော "

[Host တကယ်ပြောနေတာလား😳😳]

"ဒါပေါ့တကယ်လေ ငါကဘာလို့လိမ်ရမှာလဲ"

[အူးးဝါးး အီးး ဟီးး~~~]

"အယ် ရှောင်လန် ဘာလို့ငိုနေရတာလဲ "

[ဟင့် ရွှတ် ရွှတ် ရှောင်လန် ပျော်သွားလို့ပါ။ hostက ရှောင်လန်ကိုအခုလိုမျိုးပေးမယ်လို့မထင်ထားလို့ပါ။]

"ဒါကြောင့် အပျော်လွန်ပြီးငိုတာပေါ့ ။ ငိုစရာမလိုပါဘူးရှောင်လန်ရယ် မင်းလိုချင်တာရှိရင် ငါpointနဲ့လဲပေးမှာပေါ့ ။ ငါ့မှာလည်း ရှိတာဆိုလို့ ရှောင်လန်ဆိုတဲ့ systemအမွေးလုံးလေးဘဲရှိတာလေ ။ မင်းကို ဂရုမစိုက်ရင် ဘယ်သူကိုဂရုစိုက်ရမှာလဲ တိတ်တိတ် ဒါလေးက ငိုစရာမှမဟုတ်တာကို ။ တော်ကြာအမွေးမှာနှပ်ချေးတွေနဲ့ဆိုညစ်ပတ်သွားမယ် ဟားဟား"

System 1500Where stories live. Discover now