Arc 2.6 ဖန်းရှင်းအယ်

1.8K 169 0
                                    

Unicode

ဖန်းရှင်းအယ်လည်း အပြင်မှာအပြုံးလေးပြုံးနေပေမယ့် စိတ်ထဲမှာလူယုတ်မာအပြုံးကြီးပြုံးလိုက်ပြီးကန်တင်းဆီသွားလိုက်တော့တယ်။သူ့hostရဲ့စိတ်ထဲက လူယုတ်မာအပြုံးကြီးကိုတွေ့နေရတဲ့ရှောင်လန်ကတော့ ကြက်သီးတွေထသွားတော့တယ်။

ကန်တင်းကိုရောက်တော့ ရှောင်လန်ပြောပြတဲ့နေရာနားကြည့်လိုက်တော့ ဇာတ်လိုက်မနဲ့စကားပြောနေတဲ့ ပုံစံကခပ်ချောချော ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဇာတ်လိုက်ကျော်
ကိုတွေ့လိုက်တယ်။ဇာတ်လိုက်မကတော့
ဖြူစင်ရိုးသားတဲ့ယုန်သူငယ်လေးလိုမျက်နှာထားနဲ့စကားတွေပြောနေတယ်။ဘေးနားက ဖော်လန်ဖားအပေါင်းအပါတစ်သိုက်လည်းဇာတ်လိုက်မရဲ့ဘေးမှာနေပြီး ဝင်ဝင်ပြောနေသေးတယ်။

ဖန်းရှင်းအယ်လည်း သူတို့ထိုင်နေတဲ့နားကို ခနဘဲ ကြည့်လိုက်ပြီး coffeeတစ်ခွက်ပါဆယ်မှာလိုက်တယ်။

သူစောင့်နေတုန်းမှာဘဲ နားထဲကိုလောက်တစ်သောင်းလောက်ဝင်သွားတဲ့ ခံစားချက်နဲ့တူညီတဲ့လက်ဖက်စိမ်းဇာတ်လိုက်မရဲ့အသံကိုကြားလိုက်ရတယ်။

'ရှင်းအယ်......ရောက်ပြီလား ဒီနေ့ နောက်ကျတယ်နော်။ မေကျွင်းကရှင်းအယ်မလာသေးလို့စောင့်နေတာ။'

"အာ....ဟုတ်လား။ ငါ့ကိုဘာလို့စောင့်နေတာလဲ ။ စောင့်ဖို့ပြောထားမိလို့လား။ ဟုတ်သားဘဲ မပြောမိပါဘူး။ ကြည့်ရတာ ငါ့သူငယ်ချင်းလေးက စာကြည့်တာများလွန်းလို့ မေ့တတ်နေပြီထင်တယ်။ ရပါတယ်။ ခုcoffeeယူပြီးရင် အတန်းထဲသွားတော့မှာ ။ နောက်ကျရင်မစောင့်နဲ့သိလား။ ငါက အချိန်မမှန်တတ်ဘူးရယ်.....။"

'ဟင်...အင်းး အင်းးရ ပါတယ် ဒါဆိုလည်း ငါ ငါ ပြန်သွားတော့မယ်နော် '

"အေး သွားသွား"

ဖန်းရှင်းအယ်လည်း မှာထားတဲ့coffeeကိုယူပြီး ထွက်လာလိုက်တယ်။

[Hostဘာမှမလုပ်ဘူးလား]
"ဘာကိုလဲ"
[ဇာတ်လိုက်မ တို့ကိုလေ host ကန်တင်းကိုသွားပြီးဘာသွားလုပ်တာလဲ ဇာတ်လိုက်ကိုကြည့် coffeeဝယ်သောက် ပြီးတော့ရော ဒါဘဲလားးး.....]
"အင်းလေ ငါက ဘာလုပ်ရမှာလဲဇာတ်လိုက်ကို ဘယ်လိုပုံရှိလဲဆိုတာကြည့်ကြည့်တာ ဒါမှ နောက်plan မှာဘယ်လိုလက်စားချေရမလဲဆိုတာသိရမှာ"

System 1500Where stories live. Discover now