Arc 3.5 ကျန်းလိန်ရွဲ့

1K 113 21
                                    

Arc3.5
Unicode

ရှေးခေတ်ရဲ့မနက်ခင်းလေးက လိန်ရွဲ့တဖြစ်လဲ ကျိုးချန် ရဲ့စိတ်ကို အတော်သဘောကျစေတယ်။ ခါတိုင်းမြင်နေကျမြင်ကွင်းနဲ့မတူဘဲ သူအရင်ကကြည့်ဖူးတဲ့ ရှေးခေတ် ရုပ်ရှင်တွေထဲက ​ထက်ကိုပိုပြီး လှလွန်းလို့ပေါ့။

*အင်းး ဒါမျိုးကျလည်း systemနဲ့ချိတ်မိတာ ကောင်းလိုက်တာ *

[ဒါပေါ့.... ဒါဘဲလေ ဒါတောင်မှ သုံးကမ္ဘာမြောက်ဘဲရှိသေးတယ်ကြိုးစားလိုက်အုံး
နောက်ကမ္ဘာတွေဒီထက်ပိုမိုက်မှာ]

*ဟွန့် *

[hey ဒါနဲ့ ဒီနေ့ နန်းတွင်းထဲကိုသွားမှာမလား ဘာလဲ ဇာတ်လိုက်မဆီ သွားမယ်ပေါ့]

*ဒါပေါ့ အန္တရာယ်ကိုကြိုပြီး ကာကွယ်ထားတာအကောင်းဆုံးလေ ခုချိန်မှာဇာတ်လိုက်မကဘာမှမဟုတ်သေးဘူး ဒါငါ့အတွက်အခွင့်အရေးဘဲ*

[အွင်း ဘယ်ဆိုးလို့လဲ ဥာဏ်ကောင်းသားဘဲ]

*ဂါးး မင်း.... မင်း နတ်သူငယ်စုတ် ငါက အစောကတည်းက ဥာဏ်ကောင်းပြီးသားကွ*

[ခွီးး အေးပါ အေးပါ Ti.. Ti💢💢]

နတ်သူငယ်ကောင် ကျင်းရီ နဲ့စကားဖက် ပြောမနေတော့ဘဲ ခုနက အစေခံမလေးတွေပြင်ဆင်ပေးထားတဲ့ ဝတ်စုံ ခရမ်းရင့်ရောင်လေးနဲ့ နန်းတွင်းကိုသွားဖို့လုပ်ထားတာကိုအကောင်အထည်ဖော်တော့တယ်။
သေချာပေါက်ကို မနေ့က ဇာတ်လိုက် မင်းကြီး ပေးထားတဲ့ တံဆိပ်ကိုပါ အပါယူသွားတယ်။

အစေခံမလေးတွေက ဝေါယဥ်/လှည်း ပြင်ဆင်ပေး ထား မယ်လို့ပြောပေမယ့် လူအများအာရုံစိုက်ခံရတာကိုမကြိုက်တာကြောင့် ကိုယ့်ဘာသာကိုယ်ဘဲ စျေးတန်းပတ်ရင်းနန်းတွင်းကိုသွား မယ်လို့ဆုံးဖြတ်ထားတာမို့ အမြဲသူ့ဘေးနားမှာခစားနေကျ
အပျိုတော်လေးနှစ်ယောက်ကိုဘဲ ခေါ်ပြီးထွက်လာလိုက်တယ်။

ရှေးခေတ်က စျေးတန်းကို လျှောက်ကြည့်ရင်း တခါတည်း လိုချင်တာလေးတွေတွေ့တော့ လက်မတွန့်ဘဲ ဝယ်လိုက်တယ်။ ပိုက်ဆံလား ။ မနှမြောပါဘူး အဲ့တာ သူ့ဟာမှမဟုတ်တာ ဝမ်ရယ့်ဟာလေ ....

စျေးတန်းကိုလျှောက်ပတ်ကြည့်လို့ပြီးတေယ့မှ နန်းတွင်းဂိတ်တံခါး ဆီသွားကာ ဝင်ဖို့လုပ်လိုက်တယ်။ အစောင့်က သူ့ကို တားလိုက်ပေမယ့် သူက ခါးမှာချိတ်ထားတဲ့ ပိုးအိတ်လေးထဲက တံဆိပ်ကိုပြလိုက်တော့ သူ့ကို ခေါင်းငုံ့ကာ အရိုအသေပေးပြီး တံခါးကိုဖွင့်ပေးတော့တယ်။

System 1500Where stories live. Discover now