Arc 3.3 ကျန်းလိန်ရွဲ့

892 96 5
                                    

Arc 3.3
Unicode

လိန်ရွဲ့ ရေချိုးသန့်စင်ပြီးလို့ အစေခံမလေးနှစ်ယောက် အဝတ်လဲ ပြင်ဆင်ပေးတာကို ငြိမ်ကာ ခံယူ နေတုန်း အပြင်ကနေခေါင်းငုံ့ကာ ခပ်ရို့ရို့ ဝင်လာတဲ့ အစေခံမလေး တစ်ယောက်ကြောင့် ကျိုးချန် တစ်ယောက် သူဝင်ထားတဲ့ ကျန်းလိန်ရွဲ့ ရဲ့ အလှ ကိုငမ်း အဲလေ ငေးနေရာကနေ အာရုံပြောင်းသွားတော့တယ်။

"ဘာကိစ္စလဲ"

'ကြင်ယာတော် သခင် ညီလာခံက ပြန်ရောက်နေပါပြီ'

"ဝမ်ရယ် လား?ပြန်ရောက်ပြီပေါ့ !အခုဘယ်မှာရှိနေလဲ"

'ကြင်ယာတော်! သခင် က အခု စာကြည့်ခန်း ထဲမှာပါ။ မင်းကြီး နဲ့ ဆွေးနွေး စရာ ကိစ္စ ရှိတယ်လို့ ကြားခဲ့မိပါတယ်။'

"ကောင်းပြီ! "

လိန်ရွဲ့ ရဲ့ အကြောင်းကို သိပုံရတဲ့ ပြင်ဆင်ပေးနေတဲ့အစေခံမလေးနှစ်ယောက်က အမြန် လက်စသတ်လို့ပြီးသွားတော့တယ်။

'ပြင်ဆင်လို့ပြီးပါပြီ ကြင်ယာတော်'

"ဝမ်ရယ် ဆီအရင် သွားတာပေါ့ ။ "

'ကြင်ယာတော်....ဟို...'

"ဘာလဲ?"

'ဟို... '

ဝမ်ရယ် ပြန်ရောက်တာကို လာပြောတဲ့ အစေခံမလေး ရဲ့ တဟိုဟို..... နဲ့ ပြောရမယ့်စကားကို မပြောဘဲ တွန့်ဆုတ် တွန့်ဆုတ် လုပ်နေတာကြောင့် နဂိုထဲက ဗိုက်ဆာနေတဲ့ကြားက ဝမ်ရယ် ကို အရင်သွားတွေ့ရမှာ ကြောင့် ရှုပ်နေတဲ့စိတ်နဲ့အတူ မရှည့်တရှည် ယုန်မြှီးလောက်ဘဲ ရှိတော့တဲ့စိတ် ဟာ ထိုအစေခံမလေးအပေါ်ကို ရောက်သွားတော့တယ်။

"ဘာတွေ တဟိုဟို လုပ်နေတာလဲ။ ပြောစရာရှိတာ မြန်မြန် ပြော။ မပြောလည်း ထွက်သွားလိုက်တော့ !!!!"

နဂိုကတည်းက ကျန်းလိန်ရွဲ့ ဟာ အေးစက်စက်အမူအယာနဲ့ မာနလည်း အရမ်းကြီးတဲ့သူတစ်ယောက် မလို့ နန်းဆောင်မှာ တာဝန်ယူရတဲ့ အစေခံမလေးတွေအကုန်လုံးက ကျန်းလိန်ရွဲ့ ကို ကြောက်ကြတယ်။ လိန်ရွဲ့ ရဲ့ နဂို အပြုအမူတွေ အတိုင်း OOC(Out Of Character)မဖြစ်အောင် ပြုမူနေတဲ့ ဝမ်ကျိုးချန်ရဲ့ပီပြင်တဲ့ သရုပ်ဆောင်မှုကြောင့် ​မူလ လိန်ရွဲ့ ရဲ့ အပြုအမူ တွေအပြင်ကိုမှ ဗိုက်ဆာနေတာ အရင်မစားရသေးဘဲ ဝမ်ရယ်ကို သွားတွေ့ရမှာကြောင့် ဖြစ်နေတဲ့ မကျေမနပ်စိတ်တွေ ကြောင့် အော်လိုက်သလို ​ဖြစ်သွားတဲ့လေသံကြောင့် နဂိုထဲကကြောက်လန့်နေတဲ့အစေခံမလေးက တုန်တုန်ရီရီနဲ့ အားတင်းပြီး ဖြစ်ညှစ်ကာ သူမအသံကို ခပ်သုတ်သုတ် ပြောလိုက်တော့တယ်။

System 1500Where stories live. Discover now