Arc 3.8 ကျန်းလိန်ရွဲ့

961 68 4
                                    

Arc 3.8
Unicode> >

တဖက်မှာလည်း ဟန်ရင်းယွဲ့ သူမ ရှီးစန်းလင်တောအုပ်ကြီးရဲ့ တောအတွင်းထဲအထိကိုမဝင်ရဲပေမယ့်လည်း သူမရဲ့အကြံအောင်မြင်ဖို့အတွက် အရဲစွန့်ပြီး ဝင်သွားခဲ့ရတယ်။

သူမအရင်ဘဝကအတွေ့အကြုံရှိဖူးပြီးသားဆိုတော့ ဒီလောကမှာသူမထက် သာမယ့်သူ မရှိနိုင်ဘူး။ သူမ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့ သူမအလိုတွေပြည့်နိုင်ဖို့ ဒီနေ့ကသူမအတွက်အရေးကြီးလွန်းတယ်။ မင်းကြီးရဲ့စိတ်ကိုဆွဲဆောင်နိုင်ဖို့ ကြိုးစားရမယ်။မဟုတ်ရင်လည်း ဝမ်ရယ် ဘဲ ဖြစ်ဖြစ် စစ်သူကြီးဘဲ ဖြစ်ဖြစ် တစ်ယောက်ယောက်ကိုအပ်ိုင်ဖမ်းနိုင်အောင်ရမယ်။ဒါမှ သခင်မတစ်ယောက်လို လူတိုင်းရဲ့အပေါ်ကနေဆက်ဆံ လို့ရမှာ။
အခုလည်း လက်ထော​က်သမားတော်ဆီက နေ အဆိပ်ဖြေဆေးကိုသူမမသိအောင်ခိုးလာခဲ့တာ။တစ်ယောက်ယောက်တောကောင်ကြောင့် ဒဏ်ရာရတဲ့အခါ သူမက ဝင်ပြီး ကယ်တင်ပေးမယ်။သေချာပေါက်တော့သူမကိုကျေးဇူးတင်ပြီးကျေးဇူးဆပ်ဖို့လုပ်မှာအသေအချာဘဲ။
အဲ့ဒီအခါ သူမဘဝအပြောင်းအလဲဖြစ်
အောင်လုပ်ရမယ်။

A/N:[ဆေးတောင် ခိုးလာတာတဲ့🤢]

တဖက်မှာလည်း လိန်ရွဲ့ ဟာ နတ်သူငယ်ကျင်းရီနဲ့ ဆက်သွယ်ပြီး ရှီးစန်းလင်(အနောက်ဘက်တောအုပ်)ရဲ့မြေပုံကို points 50နဲ့ပေးဝယ်လိုက်ရတယ်။

*ကျင်းရီ!!ငါ့ကို ဇာတ်လိုက်မကိုစောင့်ကြည့်ပေးထား။သူ(မ)ဘယ်သူနဲ့မှ မတွေ့ခင် ငါတို့အရင်ရောက်အောင်သွားရမယ်*

[အိုခီ!!]

လိန်ရွဲ့ က ချင်းလင်၊မေ့ဟန်တို့နဲ့ ကိုယ်ရံတော်တွေနဲ့အတူ တောအတွင်းပိုင်းကိုဆက်လျှောက်သွားလိုက်တယ်။

- ဒီငယ်သားကိုခွင့်လွှတ်ပေးပါကြင်ယာတော်။အတွင်းပိုင်းကိုဆက်သွားမယ်ဆိုရင်အန္တာရယ်များပါတယ်။ဒါကြောင့်မလို့ ကျနော်မျိုးတို့ ပြန်လှည့်သင့်ပါပြီ....

ချင်းလင်- အ..အတွင်းပိုင်း???ချင်းလင်တို့ တောအုပ်အတွင်းပိုင်းထဲထိတောင်ရောက်လာကြတာလား။ရွဲ့ကော......ဘယ်လိုလုပ်ကြမလဲဟင် တောထဲမှာဆိုရိုင်းစိုင်းတဲ့တောကောင်တွေရှိတယ်။ ချင်းလင်တို့ပြန်လှည့်ကြရအောင်

System 1500Where stories live. Discover now